ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာပဲမို့ အပူမရှာတော့ဘူးဆိုတဲ့ ခြူးလေး

Posted on

ချစ်နွေလို ရိုးသားပြီး စိတ်ထားဖြူစင်တဲ့ မိန်းကလေးအဖြစ်သရုပ်ဆောင် ခဲ့တဲ့ ခြူးလေးက ” နွေလည်ညရဲ့ လမင်း ” ဆိုတဲ့ ဇာတ်လမ်းမှာတော့ အတ္တကြီးပြီး ဗီလိန်ဆန်တဲ့ စိုးစန္ဒာဆိုတဲ့မိန်းမ တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့မင်းသမီး တစ်လက်ပဲဖြစ်ပါတယ် ။ မတူညီတဲ့ ကာရိုက်တာနှစ်မျိုးကို ကွဲပြားအောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ MRTV-4 မင်းသမီးတွေထဲက ပရိသတ်အားပေးမှု အများဆုံးရထားတဲ့ မင်းသမီးလေးပါ ။

အမြဲ Tik Tok လေးတွေဆော့ရင်း ပျော်ပျော်နေတတ်တဲ့ ခြူးလေးကတော့ မကြာသေးမီ အချိန်တစ်ခုကမှ ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး အရမ်းကိုခံစားခဲ့ရလို့ ပရိသတ်တွေက စိုးရိမ်နေခဲ့ကြပေမယ့် အခုချိန်မှာတော့ အနုပညာအလုပ်တွေလုပ်ရင်း ပြန်လည် ပျော်ရွှင်နေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ခြူးလေးတစ်ယောက် ဘဝ ဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပါ ….အပူတွေ မရှာ ပါရစေနဲ့ Korea ကားလေးနဲ့ဘဲ စိတ်ချမ်းသာ ပါရစေ ဆိုတဲ့စာသားလေးနဲ့အတူ ဘဝရဲ့အပူတွေကို ထပ်မရှာ ချင်တော့ ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ခြူးလေးကို ကိုရီယားတွေကြည့်ပြီး ရိုရင်းနဲ့ FA ပဲလုပ်ပါလို့စနောက်ပြီးမှတ်ချက်တွေပေးထားကြပါသေးတယ် ။ အချစ်ရေးကို မစဉ်းစားသေးဘဲ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ အနုပညာအလုပ်တွေလုပ်ရင်း ပျော်ရွှင်နေပြီဖြစ်တဲ့ ခြူးလေးကိုအားပေးဝန်းရံ ကြတဲ့ ပရိသတ်တွေကတော့ အပူမရှာစေချင်သေးပါဘူးတဲ့နော် ။

Source : Chue Lay
Emily ( Cele Zone )