{"source_sid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588388717520","subsource":"done_button","uid":"135FC093-AAB2-4EAF-BA40-996E73C80A2E_1588388675521","source":"editor","origin":"unknown"}

ချစ်ဖေဖေကို အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မအေးသောင်း

Posted on

ပရိတ်သတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရင့်ကျက်တည်ငြိမ်ပြီး မြင်သူတိုင်း အေးချမ်းစေမဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း အချစ်တွေပိုစေတဲ့ သူလေးဖြစ်ပါတယ်။ သူမဟာ မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။

 

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ချစ်ဖေဖေရဲ့ မွေးနေ့လေးကို အမှတ်တရပုံလေးတွေနဲ့အတူ “Happy Birthday ဖေကြီး

အဖေလိုအဖေမျိုးပိုင်ဆိုင်ရတဲ့ သမီးက ကမ္ဘာပေါ်မှာကံအကောင်းဆုံးပါပဲ။ အမြဲပျော်ရွှင်ရတယ် ဟာသတွေပြောတတ်တယ် ဓာတ်ပုံလေးတွေအမြဲရိုက်ပေးတယ်။ ဘယ်သွားသွားလိုက်စောင့်ရှောက်ပေးတဲ့ ဖေကြီး။ အသက် ၅၇ မှ စပြီးနှစ်ပေါင်းရာကျော်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနားမှာအတူတူအမြဲနေနိုင်ပါစေ ဖေကြီး။ ချစ်တယ်။” ဆိုတဲ့စာလေးကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာ သားအဖနှစ်ယောက်လုံး ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်   ။ချစ်ပရိသတ်ကြီးတွက် မအေးသောင်းရဲ့ ချစ်ဖေဖေနဲ့အတူရိုက်ထားတဲ့ အမှတ်တရ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခ်စ္ေဖေဖကို အမွတ္တရပုံရိပ္ေလးေတြနဲ႔အတူ ေမြးေန႔ဆုေတာင္းေပးလိုက္တဲ့ မေအးေသာင္း

ပရိတ္သတ္ေတြက မေအးေသာင္းလို႔ ခ်စ္စႏိုးေခၚၾကတဲ့ မင္းသမီးေခ်ာေလး ေအးဝတ္ရည္ေသာင္းကေတာ့ ရင့္က်က္တည္ၿငိမ္ၿပီး ျမင္သူတိုင္း ေအးခ်မ္းေစမဲ့ အလွတရားေတြနဲ႔ ပရိသတ္ေတြကို အၿမဲတမ္း အခ်စ္ေတြပိုေစတဲ့ သူေလးျဖစ္ပါတယ္။ သူမဟာ မိန္းကေလးဆန္ဆန္ စြဲမက္ဖြယ္ေကာင္းတဲ့ Body အမိုက္စားေလးကို ပိုင္ဆိုင္ထားသူေလး ျဖစ္တာေၾကာင့္ မိန္းကေလးအမ်ားစုရဲ႕ အားက်ျခင္းကို ခံေနရသူေလးလည္းျဖစ္ပါတယ္။

သူမဟာ တစ္ေခတ္တစ္ခ်ိန္ထဲက နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ မင္းသမီးေခ်ာေလးျဖစ္ၿပီး ယေန႔တိုင္ ေအာင္ျမင္မႈရရွိေနတဲ့သူလည္းျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ခ်စ္ေဖေဖရဲ႕ ေမြးေန႔ေလးကို အမွတ္တရပုံေလးေတြနဲ႔အတူ “Happy Birthday ေဖႀကီး

အေဖလိုအေဖမ်ိဳးပိုင္ဆိုင္ရတဲ့ သမီးက ကမာၻေပၚမွာကံအေကာင္းဆုံးပါပဲ။ အၿမဲေပ်ာ္႐ႊင္ရတယ္ ဟာသေတြေျပာတတ္တယ္ ဓာတ္ပုံေလးေတြအၿမဲ႐ိုက္ေပးတယ္။ ဘယ္သြားသြားလိုက္ေစာင့္ေရွာက္ေပးတဲ့ ေဖႀကီး။ အသက္ ၅၇ မွ စၿပီးႏွစ္ေပါင္းရာေက်ာ္ေအာင္ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ အနားမွာအတူတူအၿမဲေနႏိုင္ပါေစ ေဖႀကီး။ ခ်စ္တယ္။” ဆိုတဲ့စာေလးကို သူရဲ႕ေဖ့ဘြတ္စာမ်က္ႏွာေပၚတြင္ေဖာ္ျပထားတာေတြ႕ရပါတယ္။

ပုံေလးေတြတိုင္းမွာ သားအဖႏွစ္ေယာက္လုံး ခ်စ္ဖို႔ေကာင္းလြန္းေနတာလည္းျဖစ္ပါတယ္   ။ခ်စ္ပရိသတ္ႀကီးတြက္ မေအးေသာင္းရဲ႕ ခ်စ္ေဖေဖနဲ႔အတူ႐ိုက္ထားတဲ့ အမွတ္တရ ပုံေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

Alexus – Cele Zone

Photo – Aye Thaung