ဦးခင်လှိုင်တို့ရဲ့ နှစ် (၃၀) ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဖေဖေနဲ့မေမေကို စပရိုက်လုပ်ခဲ့ကြတဲ့ သားနဲ့သမီး

Posted on

နှစ်ယောက်တစ်ဘဝထူထောင်ကြတဲ့အချိန်မှာ မောင်တစ်ထမ်းမယ်တစ်ရွက် အတူတူ ကြိုးစားကြမယ်ဆိုရင် အိမ်ထောင်တစ်ခုဟာ သာယာခိုင်မြဲပြီး တိုးတက်လာမှာ အသေအချာ ပါပဲ။ တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက်က ကူညီဖြေရှင်းပေးပြီး အေးတူပူမျှ ဖြတ်သန်း လာတဲ့ အိမ်ထောင်တိုင်းဟာ အလွယ်တကူမပြိုကွဲနိုင်တော့ပါဘူး။ ဦးခင်လှိုင်တို့ ဇနီးမာင်နှံ နှစ်ယောက်ဟာလည်း အဆိုး အကောင်းတွေကို အတူတူရင်ဆိုင်လာခဲ့တာ အခုဆိုရင် အိမ်ထောင်သက် နှစ် (၃၀) ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

ချစ်ဇနီးကို မငွေသိမ်းဆိုပြီး စနောက်တတ်တဲ့ ဦးခင်လှိုင်ဟာ ဇနီးကိုသိပ်ချစ်ပြီး အလိုလိုက်တဲ့ ခင်ပွန်းတစ်ယောက်ပါ။ ချစ်ဇနီးက တစ်ခုခုစားချင်တယ်ပြောလိုက်တာနဲ့ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ကျွေးတတ်တဲ့ ဦးခင်လှိုင်လို ခင်ပွန်းမျိုးကတော့ ရှိရင်တောင် အတော်လေးရှားမှာပါ။ သားလေးသမီးလေးဟာလည်း ဖခင်ရဲ့ခြေရာကို အပြည့်အဝနင်းပြီး အနုပညာလောကမှာ လျှောက်လှမ်းနေကြ ပြီပဲဖြစ်ပါတယ်။

နှစ်ယောက်သားရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ” နှစ်သုံးဆယ်ပြည့်ခဲ့ပြီပေါ့ အိမ်ထောင်သည် ဆိုတဲ့ ဘဝကြမ်းကြမ်းကို တို့နှစ်ယောက် အတူတူ လျှေက်လှမ်းခဲ့တဲ့တဲ့ ကာလတို ရည်ညွှန်းသော အချိန်ပြဇယားတစ်ခု ဘဝ ရေးရတာလွယ်လိုက်တာ. စာလုံးလေး နှစ်လုံးထဲ ဘကုံးလေးရယ် ဝလုံးလေးရယ် ထဲထဲဝင်ဝင်ခြေချမိတဲ့ အိမ်ထောင်သည်ဘဝကတော့ စစ်တလင်း စစ်တလင်း စစ်တလင်းကိုချစ်ချင်း ဆိုတဲ့သတ္တိနဲ့မာန်တင်းပြီးစဖြတ်တော့ ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရတဲ့ သတ်ကွင်းတွေမှာ လက်နှက်မျိုးစုံနဲ့တိုက်ခိုက်တဲ့ လောကဒါဏ်ကို ကြံ့ကြံ့ခံအံတု လဲကြတဲ့အချိန် တိုင်းအနားမှာ တစ်ဖွားမှမခွါဘဲ အမြဲလိုစစ်ကူပေးတဲ့ ကျွန်တော့ချစ်သူ မငယ်လေးရေ အခုဆို အရင် လောက်သောကမရောက်တော့ပါဘူး စစ်ကူလေးတွေ ရောက်နေကြပြီ ရဲဘော်အသစ် သား သမီး မြေး မြစ်တွေပေါ့ ” ဆိုပြီး ရိုဆန်ဆန် ရေးသားခဲ့ပါတယ်။

Happy – Cele Zone
Photo – Khin Hlaing

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ္ေထာင္သက္ ႏွစ္ (၃၀) ျပည့္အထိမ္းအမွတ္ကို သားသမီးေတြနဲ႔ ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းခဲ့တဲ့ ဦးခင္လႈိင္တို႔ဇနီးေမာင္ႏွံ

ႏွစ္ေယာက္တစ္ဘဝထူေထာင္ၾကတဲ့အခ်ိန္မွာ ေမာင္တစ္ထမ္းမယ္တစ္႐ြက္ အတူတူ ႀကိဳးစားၾကမယ္ဆိုရင္ အိမ္ေထာင္တစ္ခုဟာ သာယာခိုင္ၿမဲ ၿပီး တိုးတက္လာမွာ အေသအခ်ာ ပါပဲ။ တစ္ေယာက္ရဲ႕အခက္အခဲကို တစ္ေယာက္က ကူညီေျဖရွင္းေပးၿပီး ေအးတူပူမွ်ျဖတ္သန္း လာတဲ့ အိမ္ေထာင္တိုင္းဟာ အလြယ္တကူမၿပိဳကြဲႏိုင္ေတာ့ပါဘူး။ ဦးခင္လႈိင္တို႔ ဇနီးမာင္ႏွံ ႏွစ္ေယာက္ဟာလည္း အဆိုးအေကာင္းေတြကို အတူတူရင္ဆိုင္လာခဲ့တာ အခုဆိုရင္ အိမ္ေထာင္သက္ ႏွစ္ (၃၀) ျပည့္ခဲ့ၿပီပဲျဖစ္ပါတယ္။

ခ်စ္ဇနီးကို မေငြသိမ္းဆိုၿပီး စေနာက္တတ္တဲ့ ဦးခင္လႈိင္ဟာ ဇနီးကိုသိပ္ခ်စ္ၿပီး အလိုလိုက္တဲ့ ခင္ပြန္းတစ္ေယာက္ပါ။ ခ်စ္ဇနီးက တစ္ခုခုစားခ်င္တယ္ေ ေျပာလိုက္တာနဲ႔ မီးဖိုေခ်ာင္ဝင္ၿပီး ခ်က္ျပဳတ္ေကြၽးတတ္တဲ့ ဦးခင္လႈိင္လို ခင္ပြန္းမ်ိဳးကေတာ့ ရွိရင္ေတာင္ အေတာ္ေလးရွားမွာပါ။ သားေလးသမီးေလးဟာလည္း ဖခင္ရဲ႕ေျခရာကို အျပည့္အဝနင္းၿပီး အႏုပညာေလာကမွာ ေလွ်ာက္လွမ္းေနၾကၿပီပဲ ျဖစ္ပါတယ္။

ႏွစ္ေယာက္သားရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလးကို ” ႏွစ္သုံးဆယ္ျပည့္ခဲ့ၿပီေပါ့ အိမ္ေထာင္သည္ ဆိုတဲ့ ဘဝၾကမ္းၾကမ္းကို တို႔ႏွစ္ေယာက္အတူတူ ေလွ်က္လွမ္းခဲ့တဲ့တဲ့ ကာလတို ရည္ၫႊန္းေသာ အခ်ိန္ျပဇယားတစ္ခု ဘဝ ေရးရတာလြယ္လိုက္တာ. စာလုံးေလး ႏွစ္လုံးထဲ ဘကုံးေလးရယ္ ဝလုံးေလးရယ္ ထဲထဲဝင္ဝင္ေျခခ်မိတဲ့ အိမ္ေထာင္သည္ဘဝကေတာ့ စစ္တလင္း စစ္တလင္း စစ္တလင္းကိုခ်စ္ခ်င္းဆိုတဲ့သတၱိနဲ႔မာန္တင္းၿပီးစျဖတ္ေတာ့ ႀကိမ္ဖန္မ်ားစြာရင္ဆိုင္ခဲ့ရတဲ့ သတ္ကြင္းေတြမွာ လက္ႏွက္မ်ိဳးစုံနဲ႔တိုက္ခိုက္တဲ့ ေလာကဒါဏ္ကို ႀကံ့ႀကံ့ခံအံတု လဲၾကတဲ့အခ်ိန္ တိုင္းအနားမွာ တစ္ဖြားမွမခြါဘဲ အၿမဲလိုစစ္ကူေပးတဲ့ ကြၽန္ေတာ့ခ်စ္သူ မငယ္ေလးေရ အခုဆို အရင္ေလာက္ေသာကမေရာက္ေတာ့ပါဘူး စစ္ကူေလးေတြ ေရာက္ေနၾကၿပီ ရဲေဘာ္အသစ္ သား သမီး ေျမး ျမစ္ေတြေပါ့ ” ဆိုၿပီး ႐ိုဆန္ဆန္ ေရးသားခဲ့ပါ တယ္။

Happy – Cele Zone
Photo – Khin Hlaing