အထပ်ထပ်အခါခါကြည့်ချင်လောက်အောင်ကို ကြည်နူးစရာကောင်းတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ ဟာသဗီဒီယိုလေး

Posted on

လက်တွဲလာတဲ့သက်တမ်းဟာ (၈) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုချိန်ထိလည်း ချစ်စ ခင်စ ကြင်နာစကလိုပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေရှိနေကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့စုံတွဲလေးကတော့ တကယ့်ကိုကြည်နူးစရာပါပဲ။ ကိုယ်ဝါသနာပါ ရာ လမ်းကြောင်း ပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေကြသူတွေဖြစ်ပြီး ပရိသတ်တွေကလည်း နှစ်ယောက်လုံးကို ချစ်ခင် အားပေးကြပါတယ်။

Tik Tok မရိုက်ချင်ဘူးလို့ အမြဲပြောတတ်တဲ့ ကျော်ကြီးကို နန်းနန်းက ဟာသလေးနဲ့ Tik Tok ပေါ်ဆွဲခေါ်သွားခဲ့တာပါ။ ဒီဟာသလေး ကတော့ Tik Tok သုံးတဲ့သူတွေ တော်တော်များများ သိကြပါတယ်။ အင်္ဂလိပ်စာလုံးတွေကို အသံထွက်ခိုင်းရာကနေ နောက်ဆုံး စာလုံး အမှန်ကိုတောင် ရှေ့ကအသံထွက်တွေနဲ့ရောပြီး မှားတတ်တဲ့ဟာသလေးပါ။ ပရိသတ်ကြီးလည်း ကိုယ့်မိသားစုနဲ့ အတူတူ ဒီဟာသလေး ကို စမ်းကြည့်လို့ရတယ်နော်။

Tik Tok ရိုက်ပြီး နောက်ရလို့ပျော်နေတဲ့ နန်းသူဇာကို ” သင်္ကြန်မတိုင်ခင်ထဲက မတွေ့ရတာ အလွမ်းမသယ်ဘဲ ဘေးမှာတစ်ချိန်လုံး မျက်နှာထိုင်ပြောင်နေတဲ့ ပျော်နေသောကလေးလေး ” ဆိုပြီး ကိုကျော်ကြီးက ချစ်စနိုးနဲ့ မှတ်ချက်ပေးခဲ့ပါသေးတယ်။ အချိန်တွေ ကြာလေလေ သံယောဇဉ်တွေပိုပြီးခိုင်မြဲလေလေမို့ ဒီစုံတွဲလေးရဲ့ မင်္ဂလာသတင်းကိုလည်း အားလုံးကမျှော်လင့်နေကြပါပြီ။

Happy – Cele Zone
Photo – Nann Thuzar

(ဇော်ဂျီဖြင့်ဖတ်ရန်)

အထပ္ထပ္အခါခါၾကည့္ခ်င္ေလာက္ေအာင္ကို ၾကည္ႏူးစရာေကာင္းတဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ရဲ႕ ဟာသဗီဒီယိုေလး

လက္တြဲလာတဲ့သက္တမ္းဟာ (၈) ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အခုခ်ိန္ထိလည္း ခ်စ္စ ခင္စ ၾကင္နာစကလိုပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြရွိေနၾကတဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔စုံတြဲေလးကေတာ့ တကယ့္ကိုၾကည္ႏူးစရာ ပါပဲ။ ကိုယ္ဝါသနာပါရာ လမ္းေၾကာင္း ေပၚမွာ ေအာင္ျမင္မႈေတြနဲ႔ ေလွ်ာက္လွမ္းေနၾကသူေတြျဖစ္ၿပီး ပရိသတ္ ေတြကလည္း ႏွစ္ေယာက္လုံးကို ခ်စ္ခင္အားေပးၾကပါတယ္။

Tik Tok မ႐ိုက္ခ်င္ဘူးလို႔ အၿမဲေျပာတတ္တဲ့ ေက်ာ္ႀကီးကို နန္းနန္းက ဟာသေလးနဲ႔ Tik Tok ေပၚဆြဲေခၚသြားခဲ့တာပါ။ ဒီဟာသေလးကေတာ့ Tik Tok သုံးတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ား သိၾကပါတယ္။ အဂၤလိပ္စာလုံးေတြကို အသံထြက္ခိုင္းရာ ကေန ေနာက္ဆုံး စာလုံးအမွန္ကိုေတာင္ ေရွ႕ကအသံထြက္ေတြနဲ႔ေရာၿပီး မွားတတ္တဲ့ဟာသေလးပါ။ ပရိသတ္ႀကီးလည္း ကိုယ့္မိသားစုနဲ႔ အတူတူ ဒီဟာသေလးကို စမ္းၾကည့္လို႔ရတယ္ေနာ္။

Tik Tok ႐ိုက္ၿပီး ေနာက္ရလို႔ေပ်ာ္ေနတဲ့ နန္းသူဇာကို ” သၾကၤန္မတိုင္ခင္ထဲက မေတြ႕ရတာ အလြမ္းမသယ္ဘဲ ေဘးမွာတစ္ခ်ိန္လုံး မ်က္ႏွာထိုင္ေျပာင္ေနတဲ့ ေပ်ာ္ေနေသာကေလးေလး ” ဆိုၿပီး ကိုေက်ာ္ႀကီးက ခ်စ္စႏိုးနဲ႔ မွတ္ခ်က္ေပးခဲ့ပါေသးတယ္။ အခ်ိန္ေတြၾကာေလေလ သံေယာဇဥ္ေတြပိုၿပီးခိုင္ၿမဲေလေလမို႔ ဒီစုံတြဲေလးရဲ႕ မဂၤလာသတင္းကိုလည္း အားလုံးကေ မွ်ာ္လင့္ေနၾကပါၿပီ။

Happy – Cele Zone
Photo – Nann Thuzar