ပရဟိတသမားတိုင်း လိုက်နာစောင့်ထိန်းရမယ့်အချက်တွေကို တိတိကျကျပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတဆိုရင် လက်မနှေးတတ်တဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေကတော့ ပရဟိတနဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်တွေနဲ့ လုပ်ဆောင်ချက် တွေကို ” ပရဟိတလုပ်ဆောင်တဲ့သူတွေမှာ စေတနာ တင်သာမကဘဲ လိုက်နာစောင့်ထိမ်းရမယ့် ကျင့်ဝတ်လေးတွေလဲရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒီကျင့်ဝတ်တွေထဲမှာ ကျမသေသေ ချာချာမှတ်မိတဲ့အချက်တစ်ချက်ကတော့ ကိုယ်ပိုင်လှူတန်း တာဖြစ်ဖြစ် တခြားသူတွေရဲ့ အလှူတွေကို လှူဒါန်းတဲ့နေရာမှာဖြစ်ဖြစ် အရေးကြီးတာ ကိုယ်လှုတန်းတဲ့အလှူပစ္စည်းတွေက အမှန်တကယ် လိုအပ်တဲ့ လူတွေဆီကို မှန်မှန်ကန်ကန် ရောက်ရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ ”

” ဒါကြောင့် ကျမပရဟိတလုပ်ဆောင်တဲ့အခါတိုင်းမှာ ဘာသာမရွေး လူမျိုးမရွေး အဖြူအမဲ မရွေး ပါတီစွဲမရှိ လိုအပ်တဲ့သူတွေကို ကူညီနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီလိုရောက်ရှိ နိုင်ဖို့အတွက် နည်းလမ်းရှာရပါတယ်။ ကြိုးပမ်းအားထုတ်ရပါတယ်။ ကူညီနိုင်မဲ့သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ အစွဲကင်းရပါတယ်။ လိုအပ်တဲ့သူ ဘယ်သူဖြစ်ဖြစ် သူ့တို့ဆီကို လိုအပ်တဲ့အကူအညီတွေ တကယ်ရောက်ဖို့လုပ်ဆောင်တာဟာ ပရဟိတစိတ်ထားပါ။ ”

” ဒီလိုဖြစ်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီနိုင်မဲ့သူတွေကိုလဲ အစွဲကင်းကင်းနဲ့ ပူးပေါင်းလုပ်ဆောင် ရတတ်ပါတယ်။ အဓိကရည်ရွယ်ချက်က အကူအညီလိုအပ်တဲ့သူတွေဆီကို အကူအညီတွေ ရောက်ဖို့ဖြစ်ပါတယ်။ အကူအညီလိုတဲ့သူတွေကို မခွဲခြားဘဲ လူသားလို့မြင်ပြီး လူသားအားလုံး က အစွဲကင်းကင်းနဲ့ ဝိုင်းဝန်းကူညီခြင်းဟာ လူသားဆန်သော ပရဟိတစိတ်ထားစစ်စစ်ဖြစ်တယ်လို့ ကျမခံယူပါတယ်ရှင် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Khine Hnin Wai

(ဇော်ဂျီဖြင့်ဖတ်ရန်)

ပရဟိတသမားတိုင္း လိုက္နာေစာင့္ထိန္းရမယ့္အခ်က္ေတြကို တိတိက်က်ေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတဆိုရင္ လက္မေႏွးတတ္တဲ့ ကေလးတို႔ေမေမ ခိုင္ႏွင္းေဝကေတာ့ ပရဟိတနဲ႔ပတ္သက္ ျပီး သူမရဲ႕ခံယူခ်က္ေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြကို ” ပရဟိတလုပ္ေဆာင္တဲ့သူေတြမွာ ေစတနာ တင္သာမကဘဲ လိုက္နာေစာင့္ထိမ္းရမယ့္ က်င့္ဝတ္ေလး ေတြလဲရွိတယ္လို႔မွတ္သားဖူးပါတယ္။ ဒီက်င့္ဝတ္ေတြထဲမွာ က်မေသေသ ခ်ာခ်ာမွတ္မိတဲ့အခ်က္တစ္ခ်က္ကေတာ့ ကိုယ္ပိုင္လႉတန္း တာျဖစ္ျ ဖစ္ တျခားသူေတြရဲ႕ အလႉေတြကို လႉဒါန္းတဲ့ေနရာမွာျဖစ္ျဖစ္ အေရးႀကီးတာ ကိုယ္လႈတန္းတဲ့အလႉပစၥည္းေတြက အမွန္တကယ္ လိုအပ္တဲ့လူေတြဆီကို မွန္မွန္ကန္ကန္ ေရာက္ရွိဖို႔ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ”

” ဒါေၾကာင့္ က်မပရဟိတလုပ္ေဆာင္တဲ့အခါတိုင္းမွာ ဘာသာမေ႐ြး လူမ်ိဳးမေ႐ြး အျဖဴအမဲ မေ႐ြး ပါတီစြဲမရွိ လိုအပ္တဲ့သူေတြကို ကူညီႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားပါတယ္။ ဒီလိုေရာက္ရွိ ႏိုင္ဖို႔အတြက္ နည္းလမ္းရွာရပါတယ္။ ႀကိဳးပမ္းအားထုတ္ရပါ တယ္။ ကူညီႏိုင္မဲ့သူေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ရပါတယ္။ ဒီလိုလုပ္ေဆာင္တဲ့အခါမွာ အစြဲကင္းရပါတယ္။ လိုအပ္တဲ့သူ ဘယ္သူျဖစ္ ျဖစ္ သူ႔တို႔ဆီကို လိုအပ္တဲ့အကူအညီေတြ တကယ္ေရာက္ဖို႔လုပ္ေဆာင္တာဟာ ပရဟိတစိတ္ထားပါ။ ”

” ဒီလိုျဖစ္ႏိုင္ဖို႔အတြက္ ဝိုင္းဝန္းကူညီႏိုင္မဲ့သူေတြကိုလဲ အစြဲကင္းကင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္ ရတတ္ပါတယ္။ အဓိက ရည္႐ြယ္ခ်က္က အကူအညီလိုအပ္တဲ့သူေတြဆီကို အကူအညီေတြ ေရာက္ဖို႔ျဖစ္ပါတယ္။ အကူအညီလိုတဲ့သူေတြကို မခြဲျခားဘဲ လူသားလို႔ျမင္ၿပီး လူသားအားလုံး က အစြဲကင္းကင္းနဲ႔ ဝိုင္းဝန္းကူညီျခင္းဟာ လူသားဆန္ေသာ ပရဟိတစိတ္ထားစစ္စစ္ ျဖစ္တယ္လို႔ က်မခံယူပါတယ္ရွင္ ” ဆိုျပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Khine Hnin Wai