အခါခါပြန်ကြည့်ချင်မိရလောက်အောင် ပုံစံမျိူးစုံသရုပ်ဆောင်ကာ မျက်နှာပြောင်ထားတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေး

Posted on

မြင်သူတိုင်းရင်ထဲကို အေးမြသွားစေမယ့် အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းချိုသာတဲ့ စကားပြောဟန်လေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ သူမကို ပရိသတ်တွေက အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ဟာသစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သူမက အများနဲ့အတူဘဲ တစ်မူထူးခြားစွာ ခဏလေးအတွင်းမှာ အောင်မြင်မှု ရရှိလာခဲ့သူ ဖြစ်ပါတယ်။

မကြာခဏဆိုသလိုပရိတ်သတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ သူမဟာရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပုံစုံမျိုးစုံ သရုပ်ဆောင်ကာ မျက်နှာပြောင်ထားတဲ့ ဟာသဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဖြူဖြူထွေးတစ်ယောက်အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။

သူမကတော့ အမြဲပျော်ပျော်ရွင်ရွင်နေတက်သူဖြစ်ပြီး သူမရဲ့ အပျော်တွေကလည်း ပရိသတ်တွေကိုကူးစက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ရှေ့ဆက်မယ့်အနုပညာအလုပ်တွေလည်း ပိုမိုအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Alexus – Cele Zone

Photo – Phyu Phyu Htwe 

(ဇော်ဂျီဖြင့်ဖတ်ရန်)

အခါခါပြန်ကြည့်ချင်မိရလောက်အောင် ပုံစံမျိုးစုံသရုပ်ဆောင်ကာ မျက်နှာပြောင်ထားတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေး




Alexus – Cele Zone

Photo – Phyu Phyu Htwe