ဒီနေ့မှာပဲ အသက် ( ၅၄ ) နှစ် ပြည့်သွားပြီဖြစ်တဲ့ ပြည်သူချစ်အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်
Posted on
ဒီနေ့ဟာ ပြည်သူချစ်အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်ကြာအောင် ပရိသတ် တွေကို ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာရော မရိုးရတဲ့တင်ဆက်မှုတွေနဲ့ ဖျော်ဖြေနေဆဲဖြစ်တဲ့ မခိုင်ကြီးကတော့ အသက်ကြီးပေ မယ့် မပျက်ဆီးသေးဘဲ လှနေဆဲပါပဲ။ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အားလုံးရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပျော်စရာမိသားစုဘဝလေးမှာ သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး အားကစားမှာ ထူးချွန်တဲ့ သားလေးကြောင့် မေမေကတော့ ကြည်နူးပီတိဖြစ်နေရပါတယ်။ သားလေးကိုလည်း သင်္ကန်းစည်းပေးဖို့အတွက် မေမေကစဉ်းစားနေပါသေးတယ်။ သားယောကျာ်း လေးမွေးထားတဲ့ မိဘတိုင်းရဲ့ ရည်မှန်းချက်တစ်ခုက ရဟန်းဒါယိကာ ဒါယိကာမဖြစ်ချင်တာပါပဲ။ ထူးချွန်ပြီး လိမ္မာတဲ့သားလေးဆို တော့လည်း မိဘစကားနားထောင်မှာတော့ အသေအချာပါပဲ။
သူမရဲ့မွေးနေ့ကို ဒါရိုက်တာထူးပိုင်ဇော်ဦးက ” Happy Birthday ပါ ချစ်သော အန်တီခိုင် ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ Happy Birthday ပါ မခိုင်ကြီးရေ။ စိတ်သွားတိုင်း ကိုယ်ပါပြီး မိသားစုကိုရော ပရိသတ်တွေကိုရော ပျော်ရွှင်စရာတွေ ပေးနိုင်သူဖြစ်ပါစေ။
Happy – Cele Zone
Photo – Htun Eaindra Bo
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Htun Eaindra Bo