ချစ်ရတဲ့ဝမ်းမနာသားလေးကို စောင်ခြုံပြီး တယုတယချော့သိပ်ပေးနေတဲ့ ပိုင်ဖြိုးသု

Posted on

ဦးရေခဲကြီးလက်ဆောင်ပေးထားတဲ့ ဂါမဏိဆိုတဲ့ခွေးလေးကို သုသုကတော့ အရမ်းကိုချစ်ပြီး ဂရုစိုက်လွန်းပါတယ်။ ကြော်ငြာဓာတ်ပုံ လေးတွေရိုက်ရင်လည်း ဂါမဏိက အမြဲလိုလိုပါတတ်ပြီး တစ်အိမ်လုံးရဲ့အသည်းကျော်လေးဖြစ်လို့နေပါတယ်။ အလုပ်တွေရှိလို့ ကလေး မယူနိုင်သေးတဲ့ သုသုနဲ့ဦးရေခဲတို့နှစ်ယောက်အတွက်ကတော့ ဂါမဏိလေးက သားသမီးလိုပါပဲ။

သုသုဆေးရုံကဆင်းပြီး အိမ်မှာနားနေတော့လည်း ဂါမဏိတစ်ကောင် သုသုနားကမခွာဘဲ သခင်ကိုဂရုစိုက်လွန်းပုံက မချစ်ဘဲ မနေနိုင် လောက်အောင်ပါ။ အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ သူတို့ရဲ့သခင်ကို မိဘလို့ထင်မှတ်ကြပြီး အရမ်းချစ်၊ အရမ်းဂရုစိုက်ကာ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပါပဲ။ တိလေးတွေကိုချစ်တတ်တဲ့သူတိုင်းရဲ့ စိတ်နှလုံးဟာ ပကတိအေးချမ်းသူတွေပါ။

ဒီနေ့မှာလည်း ဂါမဏိလေးကို အိပ်ရာပေါ်မှာတင်၊ စောင်ခြုံပြီးချော့သိပ်နေတဲ့ဗီဒီယိုလေးကို ” သြော် သူ့ခမျာ တစ်အိမ်လုံးကို စောင့်ရှောက်နေရတာဆိုတော့ပင်ပန်းရှာတယ် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ သုသုရဲ့ယုယမှုတွေအောက်မှာ ဂါမဏိ တစ်ကောင် စိတ်ချလက်ချနဲ့ မျက်လုံးလေးမှိတ်ပြီးဇိမ်ခံနေပုံက အသည်းယားစရာကောင်းလွန်းပါတယ်။ ဂါမဏိလေးဟာ သုသုတို့ အတွက်တော့ ကလေးလေးတစ်ယောက်လိုပါပဲ။

Happy – Cele Zone
Photo – Paing Phyoe Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)

ခ်စ္ရတဲ့ဝမ္းမနာသားေလးကို ေစာင္ၿခဳံၿပီး တယုတယေခ်ာ့သိပ္ေပးေနတဲ့ ပိုင္ၿဖိဳးသု

ဦးေရခဲႀကီးလက္ေဆာင္ေပးထားတဲ့ ဂါမဏိဆိုတဲ့ေခြးေလးကို သုသုကေတာ့ အရမ္းကိုခ်စ္ၿပီး ဂ႐ုစိုက္လြန္းပါတယ္။ ေၾကာ္ျငာဓာတ္ပုံေလးေတြ႐ိုက္ရင္လည္း ဂါမဏိက အၿမဲလိုလိုပါတတ္ၿပီး တစ္အိမ္လုံးရဲ႕အသည္းေက်ာ္ေလးျဖစ္လို႔ေန ပါတယ္။ အလုပ္ေတြရွိလို႔ ကေလးမယူႏိုင္ေသးတဲ့ သုသုနဲ႔ဦးေရခဲတို႔ႏွစ္ေယာက္အတြက္ကေတာ့ ဂါမဏိေလးက သားသမီး လိုပါပဲ။

သုသုေဆး႐ုံကဆင္းၿပီး အိမ္မွာနားေနေတာ့လည္း ဂါမဏိတစ္ေကာင္ သုသုနားကမခြာဘဲ သခင္ကိုဂ႐ုစိုက္လြန္းပုံက မခ်စ္ဘဲမေနႏိုင္ ေလာက္ေအာင္ပါ။ အိမ္ေမြးတိရိစာၦန္ေလးေတြဟာ သူတို႔ရဲ႕သခင္ကို မိဘလို႔ထင္မွတ္ၾကၿပီး အရမ္းခ်စ္၊ အရမ္းဂ႐ုစိုက္ကာ မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေလာက္ေအာင္ပါပဲ။ တိေလးေတြကိုခ်စ္တတ္တဲ့သူတိုင္းရဲ႕ စိတ္ႏွလုံးဟာ ပကတိေအးခ်မ္းသူ ေတြပါ။

ဒီေန႔မွာလည္း ဂါမဏိေလးကို အိပ္ရာေပၚမွာတင္၊ ေစာင္ၿခဳံၿပီးေခ်ာ့သိပ္ေနတဲ့ဗီဒီယိုေလးကို ” ေၾသာ္ သူ႔ခမ်ာ တစ္အိမ္လုံးကို ေစာင့္ေရွာက္ေနရတာဆိုေတာ့ပင္ပန္းရွာတယ္ ” ဆိုၿပီး လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ သုသုရဲ႕ယုယမႈေတြေ အာက္မွာ ဂါမဏိတစ္ေကာင္ စိတ္ခ်လက္ခ်နဲ႔ မ်က္လုံးေလးမွိတ္ၿပီးဇိမ္ခံေနပုံက အသည္းယားစရာေကာင္းလြန္းပါတယ္။ ဂါမဏိ ေလးဟာ သုသုတို႔အတြက္ေတာ့ ကေလးေလးတစ္ေယာက္လိုပါပဲ။

Happy – Cele Zone
Photo – Paing Phyoe Thu