ဆွမ်းဆန်စိမ်းလိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ဆန်အိတ် (၄၀) လှူတန်းခဲ့တဲ့ ခန့်စည်သူ

Posted on

အလှူအတန်းရက်ရောက်တဲ့ လူပျိုကြီးခန့်စည်သူတစ်ယောက် ဘုန်းတော်ကြီးကျောင်းတွေမှာ ဆန်အိတ်တွေသွားရောက်လှူတန်းခဲ့ပါ တယ်။ ကိုယ်တိုင်လှူတန်းရုံတင်မက ပရဟိတအဖွဲ့ပါ ဖွဲ့ပြီး စုပေါင်းအလှူတွေလည်း မကြာခဏဆိုသလို လုပ်တတ်ပါသေးတယ်။ လူပျိုကြီးအဖြစ်နဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေပြီး ကိုယ်ချစ်တဲ့အနုပညာအလုပ်တွေနဲ့ပဲ ပျော်မွေးနေသူပါ။

ဒီနေ့မှာလည်း ဘုန်းတော်ကြီးကျောင်းတွေကို စုစုပေါင်း ဆန်အိတ် (၄၀) လှူတန်းခဲ့ပြီး ပြုသမျှကုသိုလ်အစုစုကို အမျှဝေဆုတောင်း ပေးခဲ့ပါသေးတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်တဲ့မင်းသားဖြစ်ပြီး ပရိသတ်တွေကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် ဖျော်ဖြေနေဆဲဖြစ်တဲ့ မင်းသားရဲ့အလှူလေးကိုတော့ သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်။

 

သူ့ရဲ့အလှူလေးကို ” ယနေ့အလှူ (၃၀-၄-၂၀၂၀) -ကျေးဇူးရှင် ရွှေသုဝဏ်ဆရာတော် ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ -စစ်ကိုင်းစာသင်တိုက် ပဓါနနာယက ဆရာတော်ဘုရားကြီးကျောင်း သို့ ဆွမ်းဆန်တော် ၁၀အိတ်၊ -သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာ နာယက ဥက္ကဋ္ဌဆရာတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ -ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နှင့်ဓမ္မရိပ်သာသို့ ဆွမ်းဆန် တော် -၁၀ အိတ် စုစုပေါင်း ဆွမ်းဆန်တော် အိတ် (၄၀) ကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှူ အစုစုတို့အတွက် ကုသိုလ်ပေးဝေပါတယ်ခင်ဗျာ။ ဘေးခပ်သိမ်း၊ရန်ခပ်သိမ်း၊အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Kyaw Soe Win

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Kyaw Soe Win