ဘယ်သူမှထင်မှတ်မထားတဲ့အကြောင်းအရာတစ်ခုနဲ့ အားလုံးကိုအံ့အားသင့်စေခဲ့တဲ့ ဇာဇာထက်

Posted on

ကျေးဇူးပြုဖူးသူရဲ့ကျေးဇူးကို မမေ့တတ်တဲ့ ဇာဇာထက်တစ်ယောက်ကတော့ ” တတ်နိုင် သလောက်လေး ကျေးဇူးပြန်ဆပ်ချင်လို့ပါ မနှစ်ကဒီလိုအချိန် ပန်းတနော်ဘက်ကပွဲဆိုပြီး ပြန်လာတဲ့အချိန် နေ့လည်ဘက်ညောင်တုန်းက ဆီဆိုင်မှာဆီဝင်ထည့်ရင်း ဖုန်တက်နေတဲ့ ကိုယ့်ကားကိုလဲမြို့ထဲဝင်ရင် ကြည့်ကောင်းအောင်ရေဆေးရင်း လက်ကစိန်လက်စွပ်ကျွတ်ကျ ခဲ့တာမသိဘူး ရန်ကုန်ရောက်တော့ ဟိုလုပ်ဒီလုပ်နဲ့သတိမရဘူး အချိန်တော်ကြာနေတော့ ရေချိုးဖို့လုပ်မှ လက်ကလက်စွပ်ပျောက်နေမှန်းသိတော့ အိမ်မှာရှာတာလဲ မတွေ့ဘူး နောက်စဉ်းစားရင်းနဲ့ ကားရေဆေးတုန်းက ကားပေါ်မှာပါတဲ့ဆပ်ပြာနဲ့ဆေးရင်း လက်စွပ်ချော်ပြီး ကားဆေးတဲ့နေရာမှာ ကျခဲ့ပြီဆိုပြီး သတိရသွားတယ် သေချာတာကတော့ ဆီဆိုင်မှာကားဆေး တာဆိုတော့ ကားပေါင်းစုံကလဲကားရေဝင်ဆေးမှာပဲဆိုတော့ နေ့ခင်းထဲကပျောက်တာ အခုချိန် ဆို မရနိုင်တော့ဘူးဆိုတာ သေချာနေပြီလေ ”

” အဲ့ဒါနဲ့လူကစိတ်ကလဲ ညစ်စကားတွေကလဲများအိမ်နဲ့လဲရန်တွေဖြစ်ပြီး ပိုက်ဆံတောင်မပါဘဲ ရသေ့စိတ်ဖြေသွားရှာကြည့်မယ်ဆိုပြီး တစ်ယောက်ထဲကားမောင်းသွားပလိုက်တယ် ဟိုလဲ ရောက်ရော အဲ့နေရာမှာ ကားတွေကတစ်စီးပြီးတစ်စီးဆိုတော့ငိုချင်သွားတယ် ကိုယ်လဲ ဖုန်းမီးလေးနဲ့ဟိုရှာဒီရှာလုပ်နေတာဘယ်သူမှအဖတ်မလုပ်ဘူး အခုပုံမှာပါတဲ့ကားက အဲ့အချိန် ဝင်လာပြီး ကားရပ်ပြီး ရေဆေးဖို့ လုပ်ရင်းပုံမှာပြထားတဲ့အကိုက ညီမလေးဘာရှာ နေတာလဲ? မေးတော့ကိုယ်ကလဲအပူနဲ့ဆိုတော့ လက်စွပ်ပျောက်လို့ရှာနေတာလို့ ဖြေတော့သူက ဓာတ်မီး ယူမလားငါ့ညီမဆိုတော့ ဟုတ်ကဲ့လို့ဖြေလိုက်တယ် သူကဓာတ်မီးရတော့ ကားအောက်ထဲ ဟိုထိုးဒီထိုး ဝိုင်းရှာ ပေးတော့ နှစ်မိနစ်လောက်နေတော့ သူ့ကားကြီးအောက်က ရေအိုင်ထဲမှာ သူကတွေ့တော့ ညီမလက်စွပ်ကဒါလားတဲ့ အကိုရယ် မနောက်ပါနဲ့ ညီမရှာနေတာကြာပြီဆိုတော့ သူကရော့ဆိုပြီးလက်ထဲထည့်ပေးတာ ကြည့်လိုက်တော့ကိုယ့်လက်စွပ်လေး ပျော်လိုက်တာ လဲ အရမ်းပဲ အဲ့ဒါနဲ့အကိုရယ်ညီမလေးလက်စွပ်လာရှာတာဇောနဲ့ပိုက်ဆံအိတ်တောင်ပါမလာဘူး သူကယုံပါတယ်တဲ့ ညီမကြည့်ရတာနဲ့ သိတယ်တဲ့ ကိုယ်ကလဲဆံပင်စုတ်ဖွားနဲ့အင်္ကျီကလဲအိမ်နေရင်း ဒီအချိန်ဒီနေရာကိုတစ်ယောက်ထဲ ကားမောင်းရောက်လာထဲက သိပါတယ်တဲ့ အချိန်က (၁၀) နာရီရှိနေပြီ ”

” ညီမအကို့ကိုကျေးဇူးဆပ်ချင်ပါတယ် အေတီအမ်ထဲကထုတ်ပေးမယ်ပေါ့ မြို့ထဲသွားမယ် ခဏစောင့်ပါလားအကိုဆိုတော့ သူတို့ကလဲ ခရီးဆက်ရဦးမှာမို့ဆိုတော့ ကားထဲမွှေနှောက်ရှာတာ တစ်သောင်းတန်လားငါးထောင်လားတောင်သေချာမမှတ်မိဘူး ပျော်ပြီးတော့ အဲ့ဒါလေးအတင်းပေးလိုက်တယ် သူကအဲ့ပိုက်ဆံတောင်မယူဘူး ကားဆီဖြည့်ပြန် မိန်းကလေးတစ်ယောက်ထဲမိုးချုပ်နေပြီပြောကြသေး တာ ကားကဆီရှိပါသေးတယ်ယူပါ့အကိုရ လက်ဖက်ရည်ဖိုးတော့ရတာပေါ့ဆိုပြီးအတင်းပေးလိုက်တယ် သူကဖေ့ဘွတ်ပေါ်လဲမတင်ပါ နဲ့ဆိုပြီး ဓာတ်ပုံလဲအရိုက်မခံတော့ သူတို့ကားပေါ်တက်ချိန်ကားကိုမနဲလှမ်းရိုက်ရတာ သူ့လိုရိုးသားတဲ့ သူကိုအသိအမှတ်ပြုချင်တာရယ် သူတောင်းတဲ့ကတိကိုမဖျက်ချင်တာကြောင့် မတင်ဖြစ်ခဲ့ပေမဲ့လည်း အခုလိုအချိန်မှာသူလဲခက်ခဲနေမယ်ထင်လို့နိုင်သလောက်ကူညီချင် လို့ ပုံတင်လိုက်တယ် အကိုကြီးညီမလေးကျေးဇူးဆပ်ချင်လို့ပါ ” ဆိုပြီး ကူညီခဲ့ဖူးသူရဲ့ ပုံနဲ့တကွ ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Zar Htet

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဘယ္သူမွထင္မွတ္မထားတဲ့အေၾကာင္းအရာတစ္ခုနဲ႔ အားလံုးကိုအံ့အားသင့္ေစခဲ့တဲ့ ဇာဇာထက္

ေက်းဇူးျပဳဖူးသူရဲ႕ေက်းဇူးကို မေမ့တတ္တဲ့ ဇာဇာထက္တစ္ေယာက္ကေတာ့ ” တတ္ႏိုင္ သေလာက္ေလး ေက်းဇူးျပန္ဆပ္ခ်င္လို႔ပါ မႏွစ္ကဒီလိုအခ်ိန္ ပန္းတေနာ္ဘက္ကပြဲဆိုၿပီး ျပန္လာတဲ့အခ်ိန္ ေန႔လည္ဘက္ေညာင္တုန္းက ဆီဆိုင္မွာဆီဝင္ထည့္ရင္း ဖုန္တက္ေနတဲ့ ကိုယ့္ကားကိုလဲၿမိဳ႕ထဲဝင္ရင္ ၾကည့္ေကာင္းေအာင္ေရေဆးရင္း လက္ကစိန္လက္စြပ္ကြၽတ္က် ခဲ့တာမသိဘူး ရန္ကုန္ေရာက္ေတာ့ ဟိုလုပ္ဒီလုပ္နဲ႔သတိမရဘူး အခ်ိန္ေတာ္ၾကာေနေတာ့ ေရခ်ိဳးဖို႔လုပ္မွ လက္ကလက္စြပ္ေပ်ာက္ေနမွန္းသိေတာ့ အိမ္မွာရွာတာလဲ မေတြ႕ဘူး ေနာက္စဥ္းစားရင္းနဲ႔ ကားေရေဆးတုန္းက ကားေပၚမွာပါတဲ့ဆပ္ျပာနဲ႔ေဆးရင္း လက္စြပ္ေခ်ာ္ၿပီး ကားေဆးတဲ့ေနရာမွာက်ခဲ့ၿပီဆိုၿပီး သတိရသြားတယ္ ေသခ်ာတာကေတာ့ ဆီဆိုင္မွာကားေဆး တာဆိုေတာ့ ကားေပါင္းစုံ ကလဲကားေရဝင္ေဆးမွာပဲဆိုေတာ့ ေန႔ခင္းထဲကေပ်ာက္တာ အခုခ်ိန္ ဆို မရႏိုင္ေတာ့ဘူးဆိုတာ ေသခ်ာေနၿပီေလ ”

” အဲ့ဒါနဲ႔လူကစိတ္ကလဲ ညစ္စကားေတြကလဲမ်ားအိမ္နဲ႔လဲရန္ေတြျဖစ္ၿပီး ပိုက္ဆံေတာင္မပါဘဲ ရေသ့စိတ္ေျဖသြားရွာၾကည့္ မယ္ဆိုၿပီးတစ္ေယာက္ထဲကားေမာင္းသြားပလိုက္တယ္ ဟိုလဲ ေရာက္ေရာ အဲ့ေနရာမွာ ကားေတြကတစ္စီးၿပီးတစ္စီးဆိုေတာ့ ငိုခ်င္သြားတယ္ ကိုယ္လဲ ဖုန္းမီးေလးနဲ႔ဟိုရွာဒီရွာလုပ္ေနတာဘယ္သူမွအဖတ္မလုပ္ဘူး အခုပုံမွာပါတဲ့ကားက အဲ့အခ်ိန္ ဝင္လာၿပီး ကားရပ္ၿပီး ေရေဆးဖို႔လုပ္ရင္းပုံမွာျပထားတဲ့အကိုက ညီမေလးဘာရွာ ေနတာလဲ? ေမးေတာ့ကိုယ္ကလဲအပူနဲ႔ဆိုေတာ့ လက္စြပ္ေပ်ာက္လို႔ ရွာေနတာလို႔ေျဖေတာ့သူက ဓာတ္မီး ယူမလားငါ့ညီမဆိုေတာ့ ဟုတ္ကဲ့လို႔ေျဖလိုက္တယ္ သူကဓာတ္မီးရေတာ့ ကားေအာက္ထဲ ဟိုထိုးဒီထိုးဝိုင္းရွာေပးေတာ့ ႏွစ္မိနစ္ေလာက္ေနေတာ့ သူ႔ကားႀကီးေအာက္က ေရအိုင္ထဲမွာ သူကေတြ႕ေတာ့ ညီမလက္စြပ္ ကဒါလားတဲ့ အကိုရယ္မေနာက္ပါနဲ႔ ညီမရွာေနတာၾကာၿပီဆိုေတာ့ သူကေရာ့ဆိုၿပီးလက္ထဲထည့္ေပးတာ ၾကည့္လိုက္ေတာ့ ကိုယ့္လက္စြပ္ေလး ေပ်ာ္လိုက္တာလဲ အရမ္းပဲ အဲ့ဒါနဲ႔အကိုရယ္ညီမေလးလက္စြပ္လာရွာတာေဇာနဲ႔ပိုက္ဆံအိတ္ေတာင္ပါမလာဘူး
သူကယုံပါတယ္တဲ့ ညီမၾကည့္ရတာနဲ႔သိတယ္တဲ့ ကိုယ္ကလဲဆံပင္စုတ္ဖြားနဲ႔အက်ႌကလဲ အိမ္ေနရင္း ဒီအခ်ိန္ဒီေနရာကိုတစ္ေယာက္ထဲ ကားေမာင္းေရာက္လာထဲကသိပါတယ္တဲ့ အခ်ိန္က(၁၀)နာရီရွိေနၿပီ ”

” ညီမအကို႔ကိုေက်းဇူးဆပ္ခ်င္ပါတယ္ ေအတီအမ္ထဲကထုတ္ေပးမယ္ေပါ့ ျမိဳ႕ထဲသြားမယ္ ခဏေစာင့္ပါလားအကိုဆိုေတာ့ သူတို႔ကလဲခရီးဆက္ရဦးမွာမို႔ဆိုေတာ့ ကားထဲေမႊေႏွာက္ ရွာတာတစ္ေသာင္းတန္လားငါးေထာင္လားေတာင္ေသခ်ာ မမွတ္မိဘူးေပ်ာ္ၿပီးေတာ့အဲ့ဒါေလးအတင္းေပးလိုက္တယ္ သူကအဲ့ပိုက္ဆံေတာင္မယူဘူး ကားဆီျဖည့္ျပန္ မိန္းကေလး တစ္ေယာက္ထဲမိုးခ်ဳပ္ေနၿပီေျပာၾကေသးတာ ကားကဆီရွိပါေသးတယ္ယူပါ့အကိုရ လက္ဖက္ရည္ဖိုးေတာ့ရတာေပါ့ဆိုၿပီး အတင္းေပးလိုက္တယ္ သူကလဲေဖ့ဘြတ္ေပၚလဲမတင္ပါနဲ႔ဆိုၿပီး ဓာတ္ပုံလဲအ႐ိုက္မခံေတာ့ သူတို႔ကားေပၚတက္ခ်ိန္ကားကိုမနဲ လွမ္း႐ိုက္ရတာ သူ႔လို႐ိုးသားတဲ့ သူကိုအသိအမွတ္ျပဳခ်င္တာရယ္ သူေတာင္းတဲ့ကတိကိုမဖ်က္ခ်င္တာေၾကာင့္ မတင္ျဖစ္ခဲ့ေပမဲ့ လည္း အခုလိုအခ်ိန္မွာသူလဲခက္ခဲေနမယ္ထင္လို႔ ႏိုင္သေလာက္ကူညီခ်င္လို႔ ပုံတင္လိုက္တယ္ အကိုႀကီးညီမေလးေက်းဇူးဆပ္ခ်င္လို႔ပါ ” ဆိုျပီး ကူညီခဲ့ဖူးသူရဲ႕ ပံုနဲ႔တကြ ေဝမ်ွခဲ့ပါတယ္။

Happy – Cele Zone
Photo – Zar Htet