ကြည့်ရှုသူဆယ်သိန်းကျော်သွားခဲ့ပြီဖြစ်တဲ့ အဝင်းနဲ့ ခြူးလေးတို့ရဲ့ ကြည်နူးစရာ သီချင်း MTV

Posted on

မိုရီဆာကီဝင်းဟာဆိုရင် မိန်းကလေးတော်တော်များများက သဘောကျပြီး ချစ်ခင်အားပေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ပြီးခဲ့တဲ့ လပိုင်းလောက်က ခြူးလေးတစ်ယောက် ” နီးနီးလေးပဲ ” ဆိုတဲ့ သီချင်းလေးကိုသီဆိုခဲ့ပြီး အဝင်းနဲ့နှစ်ယောက်အတူ ရိုက်ကူးထား တာပဲဖြစ်ပါတယ်။ ရိုလွန်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ချစ်စရာသီချင်းလေးကြောင့် ပရိသတ်တွေက အားပေးကြမ်းခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းကိုလည်း ကြိုးစားနေသလို အဆိုပိုင်းမှာလည်း ဝါသနာပါတဲ့ခြူးလေး တစ်ယောက် ကိုယ့်ရဲ့ဝါသနာကို အကောင် အထည်ဖော်ရင်း အိပ်မက်တွေကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ သဘာဝကျတဲ့နှစ်ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေဟာလည်း တကယ်ကိုထိရှလွန်းနိုင်ခဲ့ပါတယ်။

အောင်မြင်ခဲ့တဲ့ MTV လေးကို ” 1 Milllion ပြည့်အောင် အားပေးခဲ့ကြတာလေးအတွက် အမှတ်တရလေး ပြန်တင်ရင်း Stay Home ကာလလေးကို ရင်ခုန်သံတွေ နီးနီးလေး ကျော်ဖြတ် ကြရအောင်နော် နီးနီးလေးပဲ ရင်ခုန်သံတွေနီးနီးလေး ပရိသတ်တွေရဲ့ အသဲကို နီးနီးလေး နဲ့ခြွေမယ်နော် ” ဆိုပြီး ပြန်လည်ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Chue Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Chue Lay