မိသားစုထဲကိုနောက်ထပ်ရောက်လာမယ့် ရင်သွေးလေးရှိနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် အိအိတုန်

Posted on

ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားပြီး ပျော်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အိအိတုန်တစ်ယောက် နောက်ထပ် ရင်သွေးလေး ရနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်တွေအပြင် အွန်လိုင်းရှော့တွေပါ လုပ်နေခဲ့ ပါတယ်။ အဆင်ပြေတဲ့ မိသားစုဘဝလေးမှာ ချစ်သမီးလေးကိုလည်း အကောင်းမွန်ဆုံး ပျိုးထောင်နေခဲ့ပါတယ်။

အခုလည်း အလုပ်တွေကြိုးစားနေတဲ့ အိတုန်ကို အားလုံးကဝိုင်းမေးကြတဲ့အချိန်မှာ နောက်ထပ် ရောက်လာမယ့်ရင်သွေးလေးကြောင့် အခုလိုအလုပ်တွေကြိုးစားနေတာဖြစ်ကြောင်း ပြောခဲ့ပါ သေးတယ်။ ရင်သွေးလေးက (၃) လ ရှိနေပြီဖြစ်ပြီး သားလေးလိုချင်တဲ့ အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ဒီလို ပျော်စရာအကြောင်းလေးကို ” အရမ်းသိချင်နေတဲ့ချစ်တုန်းတွေပြောပြပြီနော် အိတုန်လောဘကြီးပြီး ရှာနေတာလားတဲ့ မဟုတ်ပါဖူး နော်ချစ်တုန်းတို့နောက်ထပ်ရောက်လာမဲ့ အိတုန်ရင်သွေး လေး ကောင်းမွန်စွာမွေးနိုင်အောင် အလုပ်တွေကဆက်လုပ်နေရပါမယ် ဒီထက် မကကြိုးစားရ မယ် အိတုန်မှာ ကိုယ်ဝန် (၃)လရှိပါပြီ ဘယ်သူမှမပြောဘဲနေမလို့ပဲ ဒါပေမဲ့ ဒီနေ့ပျော်ပြီး ပြောချင်နေတာ ချစ်တယ် ချစ်တုန်းတွေဆုတောင်းပေးကြပါနော် သားသားလေးမွေးအောင် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Ei Ei Tone

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိသားစုထဲကိုေနာက္ထပ္ေရာက္လာမယ့္ ရင္ေသြးေလးရွိေနၿပီျဖစ္ေၾကာင္း ေျပာျပလာတဲ့ သ႐ုပ္ေဆာင္ အိအိတုန္

ခ်စ္စရာသမီးေလးကိုပိုင္ဆိုင္ထားၿပီး ေပ်ာ္စရာမိသားစုဘဝေလးကို တည္ေဆာက္ထားႏိုင္တဲ့ အိအိတုန္တစ္ေယာက္ ေနာက္ထပ္ရင္ေသြးေလး ရေနၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပး ခဲ့ပါတယ္။ သ႐ုပ္ေဆာင္အလုပ္ေတြအျပင္ အြန္လိုင္းေရွာ့ေတြပါ လုပ္ေနခဲ့ပါတယ္။ အဆင္ေျပတဲ့ မိသားစုဘဝေလးမွာ ခ်စ္သမီးေလးကိုလည္း အေကာင္းမြန္ဆုံး ပ်ိဳးေထာင္ေနခဲ့ပါတယ္။

အခုလည္း အလုပ္ေတြၾကိဳးစားေနတဲ့ အိတုန္ကို အားလံုးကဝိုင္းေမးၾကတဲ့အခ်ိန္မွာ ေနာက္ထပ္ ေရာက္လာမယ့္ရင္ေသြး ေလးေၾကာင့္ အခုလိုအလုပ္ေတြၾကိဳးစားေနတာျဖစ္ေၾကာင္း ေျပာခဲ့ပါ ေသးတယ္။ ရင္ေသြးေလးက (၃) လ ရွိေနျပီျဖစ္ျပီး သားေလးလိုခ်င္တဲ့အေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

ဒီလို ေပ်ာ္စရာအေၾကာင္းေလးကို ” အရမ္းသိခ်င္ေနတဲ့ခ်စ္တုန္းေတြေျပာျပၿပီေနာ္ အိတုန္ေလာဘႀကီးၿပီး ရွာေနတာလားတဲ့ မဟုတ္ပါဖူးေနာ္ခ်စ္တုန္းတို႔ေနာက္ထပ္ေရာက္လာမဲ့ အိတုန္ရင္ေသြး ေလး ေကာင္းမြန္စြာေမြးႏိုင္ေအာင္ အလုပ္ေတြကဆက္လုပ္ေနရပါမယ္ ဒီထက္ မကႀကိဳးစားရ မယ္ အိတုန္မွာ ကိုယ္ဝန္ (၃)လရွိပါၿပီ ဘယ္သူမွမေျပာဘဲေနမလို႔ပဲ ဒါေပမဲ့ ဒီေန႔ေပ်ာ္ၿပီး ေျပာခ်င္ေနတာ ခ်စ္တယ္ခ်စ္တုန္းေတြဆုေတာင္းေပးၾကပါေနာ္ သားသားေလး ေမြးေအာင္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Ei Ei Tone