မိဘတွေကိုချစ်လွန်းလို့ ဒီအရွယ်မှ အိမ်ထောင်ပြုတာပါဆိုတဲ့ ခင်လေးနွယ်

Posted on

ကျွန်းမှာပဲပျော်နေတဲ့ မင်းသမီးလေးကတော့ ဒီနေ့မှာ အသက် (၃၉) နှစ် ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပျော်ရွှင် သာယာတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းနေခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ အပန်းဖြေကျွန်းလေးတစ်ကျွန်း ဆောက်ခဲ့ပြီး ဒီကျွန်းလေးမှာပဲ ချစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။

ဒီကျွန်းလေးဆောက်လုပ်ဖို့အတွက် နှစ်ယောက်သားရဲ့ မင်္ဂလာပွဲကိုရက်ရွှေ့ခဲ့ပြီး အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အဆင်ပြေတဲ့ အနေအထားလေးတစ်ခုကိုရောက်ရှိသွားခဲ့ပါပြီ။ လက်ရှိမှာတော့ ရောဂါတွေကြောင့် stay at home နေရတဲ့ကာလဖြစ်တာမို့ ခင်လေးတစ်ယောက်လည်း ကျွန်းပျော်မလေး ပိုဖြစ်သွားတာပေါ့။

မွေးနေ့မှာ ငယ်ဘဝပုံရိပ်လေးနဲ့ အခုလက်ရှိပုံရိပ်လေးကို ” Happy Birthday to me Baby လေးကနေ ခု ၃၉ နှစ်အရွယ်ထိ မွေးဖွားပြုစု ပေးခဲ့သော မိဘ ၂ ပါးကို ကျေးဇူးတင်ပါတယ် မိဘတွေကိုချစ်လွန်းလို့ ဒီအရွယ်မှ အိမ်ထောင်ပြုတာပါလို့ ” ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။ Happy Birthday ပါ ခင်လေးရေ။ သာယာပျော်ရွှင်တဲ့ဘဝလေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေနော်။

Happy – Cele Zone
Photo – Khin Lay Nwe

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိဘေတြကိုခ်စ္လြန္းလို႔ ဒီအ႐ြယ္မွ အိမ္ေထာင္ျပဳတာပါဆိုတဲ့ ခင္ေလးႏြယ္

ကြၽန္းမွာပဲေပ်ာ္ေနတဲ့ မင္းသမီးေလးကေတာ့ ဒီေန႔မွာ အသက္ (၃၉) ႏွစ္ ျပည့္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ့ ေပ်ာ္႐ႊင္သာယာတဲ့အခ်စ္ေရးေလးကို ပိုင္ဆိုင္ထားၿပီး ေအးခ်မ္းေနခဲ့ပါတယ္။ ကိုယ္ပိုင္စီးပြားေရးအျဖစ္နဲ႔ အပန္းေျဖ ကြၽန္းေလးတစ္ကြၽန္း ေဆာက္ခဲ့ၿပီး ဒီကြၽန္းေလးမွာပဲ ခ်စ္သူနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ေနပါတယ္။

ဒီကြၽန္းေလးေဆာက္လုပ္ဖို႔အတြက္ ႏွစ္ေယာက္သားရဲ႕ မဂၤလာပြဲကိုရက္ေ႐ႊ႕ခဲ့ၿပီး အခက္အခဲေတြ အမ်ားႀကီးရင္ဆိုင္ခဲ့ ရေပမယ့္ ေနာက္ဆုံးမွာေတာ့ အဆင္ေျပတဲ့ အေနအထားေလးတစ္ခုကိုေရာက္ရွိသြားခဲ့ပါၿပီ။ လက္ရွိမွာေတာ့ ေရာဂါ ေတြေၾကာင့္ stay at home ေနရတဲ့ကာလျဖစ္တာမို႔ ခင္ေလးတစ္ေယာက္လည္း ကြၽန္းေပ်ာ္မေလး ပိုျဖစ္သြားတာေပါ့။

ေမြးေန႔မွာ ငယ္ဘဝပုံရိပ္ေလးနဲ႔ အခုလက္ရွိပုံရိပ္ေလးကို ” Happy Birthday to me Baby ေလးကေန ခု ၃၉ ႏွစ္အ႐ြယ္ထိ ေမြးဖြားျပဳစုေပးခဲ့ေသာ မိဘ ၂ ပါးကို ေက်းဇူးတင္ပါတယ္ မိဘေတြကိုခ်စ္လြန္းလို႔ ဒီအ႐ြယ္မွ အိမ္ေထာင္ျပဳတာပါလို႔ ” ဆိုၿပီး လူမႈကြန္ရက္ေပၚမွာ ေဝမွ်ခဲ့ပါတယ္။ Happy Birthday ပါ ခင္ေလးေရ။ သာယာေပ်ာ္႐ႊင္တဲ့ဘဝေလးကို အျမန္ဆုံး ပိုင္ဆိုင္ႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Khin Lay Nwe