ဈေးသွားဝယ်ရင်း ပရိသတ်တွေပေးတဲ့ မေတ္တာတွေရရှိခဲ့တဲ့ ဒေါင်းဝေ

Posted on

ဒေါင်းဝေကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှု ရရှိထားသူပါ။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

သူကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ရယ်မောစရာလေးတွေနဲ့ တနေ့တာအကြောင်းအရာလေးတွေကို အမြဲလိုလိုမျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ဈေးသွားဝယ်ရင်း မထင်မှတ်ဘဲရရှိခဲ့တဲ့ ချစ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို မျှဝေခဲ့ပါတယ်။ “ဒီနေ့ဈေးထဲမှာတစ်ပတ်စာ ငါးနဲ့အသီးအရွက်တွေသွားဝယ်တာပိုက်ဆံဘယ်လိုပေးပေးမယူကြဘူး အလကားပေးလိုက်ကြတယ် ချစ်ပေးကြလို့ကျေးဇူးတင်ပါတယ် အားနာလိုက်တာ ကျွန်တော်လည်းအရမ်းချစ်ပါတယ်” ဆိုပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေအကြောင်းတွေ မျှဝေခဲ့ပါတယ်။

ဒေါင်းဝေကတော့ နွေလယ်ညရဲ့လမင်း ဇာတ်လမ်းတွဲမှာလည်း ဖူးဝေလေးရဲ့ ကျန်းမာရေးမကောင်းတဲ့ အဖေနေရာကနေ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့သနားချစ်ခင်မှုကို အပြည့်အဝရရှိခဲ့သူပါ။ ဒီနေ့မှာတော့ အပြင်မှာလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့် ဈေးဖိုးမပေးခဲ့ရဘဲ အားနာနာနဲ့ ယူခဲ့ရကြောင်း မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။


Source – Daung Wai
Ki Ki – Cele Zone