အမှတ်တရတွေနဲ့အတူ မန္တလေးမြို့ကြီးကိုလွမ်းနေတဲ့ မင်းသားချောခါရာ

Posted on

နိုင်ငံဂုဏ်ဆောင် Mister တစ်ယောက်အဖြစ်က အနုပညာလောကထဲကို ဝင်ရောက်လာတဲ့သူကတော့ ခါရာပါ။ ခန့်ညားချောမောတဲ့မင်းသားတွေထဲမှာ ခါရာတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတွေထဲကတစ်ယောက်ပါ။ အရပ်မြင့်မြင့်နဲ့အမိုက်စားဘော်ဒီတွေကိုပိုင်ဆိုင်ထားသလို သဘာဝကျအောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ဦးလို့လည်း မှတ်ချက်ပေးခံရသူပါ။


ခါရာကိုတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတွေ့ဖူးသလို မနေ့ကဖြစ်သည် (၂) နဲ့ လိပ်ပြာ ဇာတ်လမ်းတွဲတွေနဲ့လူသိများတဲ့သူတစ်ယောက်ပါ။ ခါရာကတော့ သူ့ရဲ့အဖေ့ဘွတ်ခ်မှာ “ကျွန်တော် အနှစ်သက်ဆုံးအရာတွေထဲက တစ်ခုကတော့ အရမ်းလှတဲ့ မန္တလေးကျုံးမြို့ရိုးရဲ့ ညအလှကိုခံစားရင်း ဆိုင်ကယ်စီးရတာပါပဲ ….လွမ်းတယ် မန္တလေးမြို့ကြီးရယ်” ဆိုပြီးတော့ ခံစားချက်ကို ထုတ်ဖော်ပြောပြထားပါတယ်။


အခုအချိန်ကတော့ ကပ်ရောဂါကြောင့် လူတော်တော်များများက အိမ်မှာအောင်းနေကြတာပါ။ ခါရာကတော့ ဒီရောဂါကြီးစတင်ဖြစ်ပွားနေချိန်ကတည်းက လိုအပ်တဲ့သူတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် လုပ်အားပေးတွေလုပ်လုပ်ခဲ့ပါသေးတယ်။ အခုလည်း အိမ်မှာနေရင်းမန္တလေးမြို့ကြီးကိုလွမ်းနေတဲ့ပုံပါပဲနော်…
Source : Khar Ra
Anna – CeleZone