ငယ်ငယ်ကတည်းက စာအုပ်တွေချစ်တတ်အောင်လုပ်ပေးခဲ့တဲ့ မိခင်အကြောင်း ပြောပြလာတဲ့ မအေးသောင်း

Posted on

လူတိုင်းဟာ ကိုယ်ငယ်စဉ်ကတွေ့ကြုံထိတွေ့ခဲ့ရတဲ့အရာတွေကပဲ သင်ယူကြပြီး ဘဝတစ်လျှောက်လုံး အကျင့်စရိုက်တစ်ခုလို ဖြစ်သွားတတ်ကြပါတယ်။ မအေးသောင်းကလည်း ငယ်ငယ်ကတည်းက စာအုပ်ဆိုင်ဖွင့်တဲ့မိခင်ကြောင့် စာအုပ်တွေနဲ့ ရင်းနှီးပြီး စာများများဖတ်ကာ စာအုပ်တွေကိုချစ်တတ်သွားခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

လက်ဦးဆရာဖြစ်တဲ့ မိခင်က ကောင်းမွန်တဲ့လမ်းကိုပြပေးခဲ့တာမို့ သမီးလေးတွေဟာ အလှဆုံးပန်းလေးတွေအဖြစ် ဖူးပွင့်လာခဲ့ကြပြီး အခုဆိုရင် အိန္ဒြေသိက္ခာအပြည့်နဲ့ လှလွန်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သူမ ရေးသမျှစာတွေတိုင်းဟာလည်း စိတ်ဝင်စားစရာကောင်းပြီး စကားကြွယ်လွန်းတဲ့အဓိကအကြောင်းအရင်းကတော့ စာတွေအများကြီးဖတ်ခဲ့လို့ပါပဲ။

ငယ်ဘဝရဲ့ အမှတ်တရတွေကို ” အမေ ငယ်ငယ်ကစာအုပ်ဆိုင်ဖွင့်ပြီးကျောင်းတက်ခဲ့ရတာ။ အမေစာအုပ်ဆိုင်ဖွင့်ခဲ့တော့ ကိုယ်တွေ လည်း စာအုပ်လေးတွေဆို ချစ်တတ်လာခဲ့တာထင်ပါ တယ်။ အမေ့ ကောင်းမွေလေး ပေါ့။ အမေက ဟင်းချက်ကောင်းတယ်။ အပင်လေးတွေ စိုက်တာဝါသနာပါတယ်။ အိမ်မှုကိစ္စ တအားနိုင်တယ်။ ဆိုးမွေတွေလည်းရေးအုံးမှာ ခိခိ လူပုစိတ်တိုမေကြီး ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ငယ္ငယ္ကတည္းက စာအုပ္ေတြခ်စ္တတ္ေအာင္လုပ္ေပးခဲ့တဲ့ မိခင္အေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း

လူတိုင္းဟာ ကိုယ္ငယ္စဥ္ကေတြ႕ႀကဳံထိေတြ႕ခဲ့ရတဲ့အရာေတြကပဲ သင္ယူၾကၿပီး ဘဝတစ္ေလွ်ာက္လုံး အက်င့္စ႐ိုက္တစ္ခုလို ျဖစ္သြားတတ္ၾကပါတယ္။ မေအးေသာင္းကလည္း ငယ္ငယ္ကတည္းက စာအုပ္ဆိုင္ဖြင့္တဲ့မိခင္ေၾကာင့္ စာအုပ္ေတြနဲ႔ ရင္းႏွီး ၿပီး စာမ်ားမ်ားဖတ္ကာ စာအုပ္ေတြကိုခ်စ္တတ္သြားခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

လက္ဦးဆရာျဖစ္တဲ့ မိခင္က ေကာင္းမြန္တဲ့လမ္းကိုျပေပးခဲ့တာမို႔ သမီးေလးေတြဟာ အလွဆုံးပန္းေလးေတြအျဖစ္ ဖူးပြင့္လာခဲ့ၾကၿပီး အခုဆိုရင္ အိေျႏၵသိကၡာအျပည့္နဲ႔ လွလြန္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ သူမ ေရးသမွ်စာ ေတြတိုင္းဟာလည္း စိတ္ဝင္စားစရာေကာင္းၿပီး စကားႂကြယ္လြန္းတဲ့အဓိကအေၾကာင္းအရင္းကေတာ့ စာေတြအမ်ား ႀကီးဖတ္ခဲ့လို႔ပါပဲ။

ငယ္ဘဝရဲ႕ အမွတ္တရေတြကို ” အေမ ငယ္ငယ္ကစာအုပ္ဆိုင္ဖြင့္ၿပီးေက်ာင္းတက္ခဲ့ရတာ။ အေမစာအုပ္ဆိုင္ဖြင့္ခဲ့ေတာ့ ကိုယ္ေတြလည္း စာအုပ္ေလးေတြဆို ခ်စ္တတ္လာခဲ့တာထင္ပါ တယ္။ အေမ့ ေကာင္းေမြေလး ေပါ့။ အေမက ဟင္းခ်က္ေကာင္းတယ္။ အပင္ေလးေတြ စိုက္တာဝါသနာပါတယ္။ အိမ္မႈကိစၥ တအားႏိုင္တယ္။ ဆိုးေမြေတြလည္းေရးအုံးမွာ ခိခိ လူပုစိတ္တိုေမႀကီး ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Aye Thaung