အိမ့်ချစ်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မောင်လေးနဲ့မေမေက သရုပ်ဆောင်ထားတဲ့ Flip the switch ချဲလန့် ဗီဒီယို

Posted on

ဂျူနီယာချစ်ကောင်းနဲ့ မေမေတို့နှစ်ယောက် Flip the switch ချဲလန့်လေးရိုက်ထားကြတာ ကြည့်မဝနိုင်လောက်အောင်ပါပဲ။ ရိုးရှင်းတဲ့ သားမိနှစ်ယောက်ရဲ့ ပျော်စရာအချိန်လေးတွေဟာ ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေပါတယ်။ ဒီ Tik Tok လေးကိုတော့ အိမ့်ချစ်က ဦးဆောင်ပြီးရိုက်ပေးတာဖြစ်ပါတယ်။ မောင်လေးနဲ့ မေမေကတော့ သရုပ်ဆောင်တွေပေါ့နော်။

ဖခင်ဖြစ်သူရဲ့ အနုပညာသွေးကတော့ မောင်နှမနှစ်ယောက်လုံးမှာ အပြည့်ပါပဲ။ ဂီတလမ်းကြောင်းပေါ်မှာလည်း အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနိုင်ခဲ့တဲ့ အိမ့်ချစ်တစ်ယောက် အမကြီးအမိရာပီသစွာနဲ့ မိခင်ကိုလည်း ကြည့်ရှုစောင့်ရှောက်သလို မောင်လေးကိုလည်း ဂီတလမ်းကြောင်းပေါ် လက်တွဲခေါ်ခဲ့ပါသေးတယ်။

ဂျူနီယာတစ်ယောက် မေမေနဲ့ ရိုက်ကူးထားတဲ့ Flip the switch ချဲလန့်လေးကို ” Junior လေးနဲ့ မာမီမားသားရဲ့ Flip the switch လေး ကိုယ့်ဟာကို အူတက်နေပြီ ” ဆိုပြီး ဝေမျှထားတာကို အမဖြစ်သူအိမ့်ချစ်က ” ဒါရိုက်တာ မိမိချစ်နော် ” ဆိုပြီး ပြန် share ခဲ့ပါသေးတယ်။ အိမ်မှာနေရင်းလည်း မိသားစုနဲ့အပျော်တွေရှာလို့ရတယ်ဆိုတာ ဒီဗီဒီယိုလေးက သက်သေပါပဲ။

Happy – Cele Zone
Photo – Eint Chit

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ့္ခ်စ္ကိုယ္တိုင္ ဒါ႐ိုက္တာလုပ္ၿပီး ေမာင္ေလးနဲ႔ေမေမက သ႐ုပ္ေဆာင္ထားတဲ့ Flip the switch ခ်ဲလန႔္ ဗီဒီယို

ဂ်ဴနီယာခ်စ္ေကာင္းနဲ႔ ေမေမတို႔ႏွစ္ေယာက္ Flip the switch ခ်ဲလန႔္ေလး႐ိုက္ထားၾကတာ ၾကည့္မဝႏိုင္ေလာက္ေအာင္ ပါပဲ။ ႐ိုးရွင္းတဲ့ သားမိႏွစ္ေယာက္ရဲ႕ ေပ်ာ္စရာအခ်ိန္ေလးေတြဟာ ပရိသတ္ေတြကိုပါ အေပ်ာ္ေတြကူးစက္ေစပါတယ္။ ဒီ Tik Tok ေလးကိုေတာ့ အိမ့္ခ်စ္က ဦးေဆာင္ၿပီး႐ိုက္ေပးတာျဖစ္ပါတယ္။ ေမာင္ေလးနဲ႔ ေမေမကေတာ့ သ႐ုပ္ေဆာင္ေတြေပါ့ aနာ္။

ဖခင္ျဖစ္သူရဲ႕ အႏုပညာေသြးကေတာ့ ေမာင္ႏွမႏွစ္ေယာက္လုံးမွာ အျပည့္ပါပဲ။ ဂီတလမ္းေၾကာင္းေပၚမွာလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ေလွ်ာက္လွမ္းႏိုင္ခဲ့တဲ့ အိမ့္ခ်စ္တစ္ေယာက္ အမႀကီးအမိရာပီသစြာနဲ႔ မိခင္ကိုလည္း ၾကည့္ရႈ ေစာင့္ ေရွာက္သလို ေမာင္ေလးကိုလည္း ဂီတလမ္းေၾကာင္းေပၚ လက္တြဲေခၚခဲ့ပါေသးတယ္။

ဂ်ဴနီယာတစ္ေယာက္ ေမေမနဲ႔ ႐ိုက္ကူးထားတဲ့ Flip the switch ခ်ဲလန႔္ေလးကို ” Junior ေလးနဲ႔ မာမီမားသားရဲ႕ Flip the switch ေလး ကိုယ့္ဟာကို အူတက္ေနၿပီ ” ဆိုၿပီး ေဝမွ်ထားတာကို အမျဖစ္သူအိမ့္ခ်စ္က ” ဒါ႐ိုက္တာ မိမိခ်စ္ေနာ္ ” ဆိုၿပီး ျပန္ share ခဲ့ပါေသးတယ္။ အိမ္မွာေနရင္းလည္း မိသားစုနဲ႔အေပ်ာ္ေတြရွာလို႔ရတယ္ဆိုတာ ဒီဗီဒီယိုေလးက သက္ေသပါပဲ။

Happy – Cele Zone
Photo – Eint Chit