ဆေးရုံတက်နေတုန်း သူမရဲ့ ကိုယ်ပိုင် Facebook Page ကို Hack ပြီး ညစ်ညမ်းပုံတွေ တင်ခံနေရတဲ့ ယဉ်လတ်

Posted on

ကလေးလေးလို့အားလုံးကခေါပြီး ချစ်စရာကောင်းတဲ့ယဉ်လတ်တစ်ယောက် အူမကြီးယောင်လို့ ဆေးရုံတက်ကုသနေစဉ်မှာပဲ သူမရဲ့ ကိုယ်ပိုင် Facebook Page ကို Hack ပြီး နိုင်ငံခြားက ဖော်ချွတ်ပုံတွေ My Day မှာ တင်နေတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ယဉ်လတ်က ” PAGE က တင်နေတဲ့ MYDAY တွေက ယဉ်လက်နဲ့ လုံး၀ မဆိုင်ပါဘူးကွယ် ကိုယ့်နာမည်ကြီးနဲ့ အဲ့လိုတွေတင်နေတာ လည်း ဘာကိုရည်ရွယ်မှန်း တကယ်မသိတော့ပါဘူး ကျန်းမာရေးအခြေနေကလည်း အူမကြီးယောင်လို့ ဆေးရုံတက်ရတာပါ အစက အူအတက်ပေါက်လို့ ချက်ချင်းခွဲစိတ်ရမလိုဖြစ်လို့ စိုးရိမ်လွန်သွားတာပါ ခုဆေးရုံမှာဆေးသွင်းပြီး အခြေနေလည်း ပြန်လည်ကောင်းမွန် စပြုလာပါပြီ Facebook မသုံးဖြစ်ခဲ့တဲ့ အချိန်ကာလ အတွင်း ဖြစ်ပျက်သွားတာတွေက ကျွန်မ ယဉ်လက် မဟုတ်ကြောင်း အသိပေးပါတယ်ရှင် ”

 

” ( အကယ်၍ ဒီ acc ပါသွားခဲ့ရင်ဆိုတဲ့ သဘောမျိုးနဲ့ ကြိုတင် ရှင်းပြထားတာပါ )အရေးတကြီး ဆက်သွယ်လိုပါက ဖေဖေ့ကိုဆက်သွယ် ပြောဆိုနိုင်ပါတယ် နေပြန်ကောင်းတာနဲ့ ပြန်ပြီး လာခဲ့ပါ့မယ် အားလုံးလည်း ကျန်းမာရေး ဂရုစိုက်ကြပါနော်! တကယ် နေမကောင်းဖြစ်မှ နေကောင်းတာရဲ့ တန်ဖိုးကို ပိုနားလည်ရတယ် ကျန်းမာရေး ဂရုစိုက်ကြနော်! ”

” ယဉ်လက်ရဲ့ Official Page ဟာ လွန်ခဲ့တဲ့ ၂နာရီ ခန့်က ယဉ်လက် ကို Admin Team ကနေ ထုတ်ပယ်၍ Page Myday တစ်ခုကို လွန်ခဲ့တဲ့ အချိန် ၂ နာရီ ခန့်က တင်ထားတာတွေ့ရပါတယ် လက်ရှိ ” Yin Let’s ” အမည်ရှိ Page ဟာ ယဉ်လက်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ဘဲ မသမာသူများမှ သုံးစွဲနေပါတယ် ( ဆေးရုံတက်လိုက်ရလို့ လေးငါးရက်လောက် Facebook မသုံးနိုင်လိုက်တာကို Page လေးယူသွားတယ် ” ဆိုပြီး အားလုံးကိုပြန်ရှင်းပြခဲ့ပါတယ်။ စာဖတ်သူတို့လည်း Like လုပ်ထားရင် ဖြုတ်လိုက်တော့နော်။

Happy – Cele Zone
Photo – Yin Let

(ဇော်ဂျီဖြင့်ဖတ်ရန်)


ကလေးလေးလို့အားလုံးကခေါ်ပြီး ချစ်စရာကောင်းတဲ့ယဉ်လတ်တစ်ယောက် အူမကြီးယောင်လို့ ဆေးရုံတက်ကုသနေစဉ်မှာပဲ သူမရဲ့ ကိုယ်ပိုင် Facebook Page ကို Hack ပြီး နိုင်ငံခြားက ဖော်ချွတ်ပုံတွေ My Day မှာ တင်နေတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ယဉ်လတ်က ” PAGE က တင်နေတဲ့ MYDAY တွေက ယဉ်လက်နဲ့ လုံးဝ မဆိုင်ပါဘူးကွယ် ကိုယ့်နာမည်ကြီးနဲ့ အဲ့လိုတွေတင်နေတာလည်း ဘာကိုရည်ရွယ်မှန်း တကယ်မသိတော့ပါဘူး ကျန်းမာရေးအခြေနေကလည်း အူမကြီး ယောင်လို့ ဆေးရုံတက်ရတာပါ အစက အူအတက် ပေါက်လို့ ချက်ချင်းခွဲစိတ်ရမလိုဖြစ်လို့ စိုးရိမ်လွန်းသွားတာပါ ခု ဆေးရုံမှာ ဆေးသွင်းပြီး အခြေနေလည်း ပြန်လည်ကောင်းမွန်စပြုလာပါပြီ Facebook မသုံးဖြစ်ခဲ့တဲ့ အချိန်ကာလ အတွင်း ဖြစ်ပျက်သွားတာ တွေက ကျွန်မ ယဉ်လက် မဟုတ်ကြောင်း အသိပေးပါတယ်ရှင် ”



Happy – Cele Zone
Photo – Yin Let