ကပ်ရောဂါကြီးကိုရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Quarantine ဝင်နေတဲ့သူတွေ အိမ်ကိုလွမ်းနေမှာပဲလို့တွေးနေမိတဲ့ စမိုင်းလ်

Posted on

တစ်ခေတ်တစ်ခါကပရိသတ်အချစ်တွေကို ရရှိခဲ့ဖူးတဲ့ စမိုင်းလ်ကတော့ အခုဆိုရင် မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ပျော်ရွှင်နေတဲ့သူပါ။ အနုပညာအလုပ်တွေ သိပ်ပြီးတော့မလုပ်ဖြစ်တော့ပေမဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ဘဲ အမြဲလိုလိုဖေ့ဘွတ်ခ်မှာမျှဝေလေ့ရှိတာပါ။ စမိုင်းလ်ကတော့ စာအုပ်တစ်အုပ်လည်း ထွက်ရှိထားပြီး ပရိသတ်တွေကို သူ့ရဲ့ခံစားချက် အတွေးအခေါ်တွေမကြာခဏဆိုသလို မျှဝေလေ့ရှိပါတယ်။


အခုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြီးကြောင့် တစ်မ္ဘာလုံးကစိုးရိမ်ထိတ်လန့်နေရတာပါ။ စမိုင်းကတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းစာနေမိတာကြောင့် “ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် သူနာပြု နဲ့ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ Volunteer များဟာ ကျမတို့အိမ်မှာအေးအေးဆေးဆေးနေဖို့အတွက် ရှေ့ကနေသူတို့ရဲ့အိမ်ကိုစွန့် အသက်တွေကိုမမှုပဲတိုက်ပွဲဝင်ပေးနေရတာပါ။ Q ဝင်နေတဲ့လူတိုင်းလည်း သူတို့ရဲ့အိမ်ကိုပြန်ချင်ကြမှာပါပဲ။ ဒါပေမဲ့အများကောင်းဖို့အတွက်သူတို့လည်း အိမ် နဲ့ဝေးပြီး Q ဝင်နေကြရတာပါ။ ရောဂါဖြစ်တဲ့သူတိုင်းလည်း သူတို့အိမ်ပဲဝေးပြီး ဆေး ရုံ မှာနေနေပြီး အသက်ရှင်ဖို့ကြိုးစားနေကြတာပါ။ ကျမတို့လည်း ကျမတို့ချစ်တဲ့ အိမ် ကနေဘယ်မှမသွားပဲ ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး မြန်မာပြည်ကြီးကိုကယ်တင်ကြရကြအောင်လား ဆိုပြီးတော့ ရေးသားထားတာပါ။


ဒီကပ်ရောဂါဟာကူးစက်မြန်သလို ကုသဆေးကိုလည်းထုတ်လုပ်နိုင်ဖို့ကြိုးစားနေတုန်းပဲရှိသေးတာပါ။ ကမ္ဘာနဲ့အဝှမ်းရင်ဆိုင်နေရတဲ့ ဒီရောဂါဟာလူသားအချင်းချင်းပိုပြီးတော့ကိုယ်ချင်းစာတတ်စေဖို့ သတိပေးလိုက်သလိုပါပဲ။ စမိုင်းကတော့ ကပ်ရောဂါကြီးကိုရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Quarantine ဝင်နေတဲ့သူတွေ အိမ်ကိုလွမ်းနေမှာပဲလို့တွေးနေမိတာပါတဲ့နော်…
Source : စမိုင်းလ်Smile