ကင်ဆာဆေးတွေကြောင့် ညာဖက်ခြေထောက်အခြေအနေမကောင်းတော့လို့ ဆေးရုံတက်လိုက်ရတဲ့ မီးမီးခဲ

Posted on

ကင်ဆာဝေဒနာကိုခံစားနေရပြီး ဆေးကုသမှုခံယူနေတဲ့ မီးမီးခဲတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်း လောက်က သူမရဲ့ရောဂါနဲ့ပတ်သက်ပြီး ဆေးစစ်ချက်တွေယူမှာမို့ အားလုံးကိုအဆင်ပြေအောင် ဆုတောင်းပေးဖို့ ပြောခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ဆေးစစ်ချက်အဖြေတွေအရ သူမ သောက်သုံးနေတဲ့ ကင်ဆာဆေးတွေရဲ့ဒဏ်ကြောင့် ညာဖက်ခြေထောက်ဟာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ဆိုပါတယ်။

ဒါကြောင့်ပဲ ဆေးရုံတက်ပြီး ကုသမှုခံယူနေပါပြီ။ လမ်းကောင်းကောင်းမလျှောက်နိုင်တာနဲ့ မတ်တပ်ရပ်ရင် (၅) မိနစ်ထက်ပိုပြီး ရပ်မရတာတွေဟာ (၂) လ လောက်ကြာခဲ့ပြီလို့ဆိုပါတယ်။ ကင်ဆာပြန့်ပွားမှုကတော့ ပုံမှန်ပေမယ့် သောက်နေရတဲ့ကင်ဆာဆေးတွေရဲ့ ဒဏ်တွေကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။

သူမရဲ့အခြေအနေကို ” ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရိမ်ရတဲ့ အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ် (၅) မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ (၂) လကျော်ပါပြီ မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး အဖြေကတော့ ကင်ဆာပြန့်ပွားမှု ကတော့ ပုံမှန်ပေမဲ့ ကင်ဆာဆေးကြောင့် ဆိုကျိုးကိုခံစားရတာပါ အားလုံးကို ဆုတောင်းသတိရပေးပါလို့ God Bless You All. ” ဆိုပြီး ရေးသားခဲ့ပါတယ်။

Happy – Cele Zone
Photo – The Real Mee Mee Khel

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကင္ဆာေဆးေတြေၾကာင့္ ညာဖက္ေျခေထာက္အေျခအေနမေကာင္းေတာ့လို႔ ေဆး႐ုံတက္လိုက္ ရတဲ့ မီးမီးခဲ

ကင္ဆာေဝဒနာကိုခံစားေနရၿပီး ေဆးကုသမႈခံယူေနတဲ့ မီးမီးခဲတစ္ေယာက္ ၿပီးခဲ့တဲ့ရက္ပိုင္း ေလာက္က သူမရဲ႕ေရာဂါနဲ႔ ပတ္သက္ၿပီး ေဆးစစ္ခ်က္ေတြယူမွာမို႔ အားလုံးကိုအဆင္ေျပေအာင္ ဆုေတာင္းေပးဖို႔ ေျပာခဲ့ပါေသးတယ္။ ဒီေန႔မွာ ေတာ့ ေဆးစစ္ခ်က္အေျဖေတြအရ သူမ ေသာက္သုံးေနတဲ့ ကင္ဆာေဆးေတြရဲ႕ဒဏ္ေၾကာင့္ ညာဖက္ေျခေထာက္ဟာ စိုးရိမ္ရတဲ့ အေနအထားမွာရွိေနတယ္လို႔ဆိုပါတယ္။

ဒါေၾကာင့္ပဲ ေဆး႐ုံတက္ၿပီး ကုသမႈခံယူေနပါၿပီ။ လမ္းေကာင္းေကာင္းမေလွ်ာက္ႏိုင္တာနဲ႔ မတ္တပ္ရပ္ရင္ (၅) မိနစ္ထက္ပိုၿပီး ရပ္မရတာေတြဟာ (၂) လ ေလာက္ၾကာခဲ့ၿပီလို႔ဆိုပါတယ္။ ကင္ဆာျပန႔္ပြားမႈကေတာ့ ပုံမွန္ေပမယ့္ ေသာက္ေနရတဲ့ကင္ဆာ ေဆးေတြရဲ႕ဒဏ္ေတြေၾကာင့္ အခုလိုျဖစ္ခဲ့ရတာပါ။

သူမရဲ႕အေျခအေနကို ” ေဆးစစ္ခ်က္အေျဖအရ ကြၽန္မရဲ႕ညာဘက္ေျခေထာက္ စိုးရိမ္ရတဲ့ အတြက္ဒီမနက္ပဲ ေဆး႐ုံတတ္လိုက္ရပါတယ္ (၅) မိနစ္ထက္ပိုၿပီး လမ္းမေလွ်ာက္ႏိုင္တာ (၂) လေက်ာ္ပါၿပီ မတ္တပ္လဲေၾကာၾကာမရပ္ႏိုင္ခဲ့ပါဘူး အေျဖကေတာ့ ကင္ဆာျပန႔္ပြား မႈကေတာ့ ပုံမွန္ေပမဲ့ ကင္ဆာေဆးေၾကာင့္ ဆိုက်ိဳးကိုခံစားရတာပါ အားလုံးကို ဆုေတာင္းသတိရေပးပါလို႔ God Bless You All. ” ဆိုျပီး ေရးသားခဲ့ပါတယ္။

Happy – Cele Zone
Photo – The Real Mee Mee Khel