ဖခင်ဖြစ်သူရဲ့မေတ္တာကို ဖော်ကျူးရင်း မွေးနေ့လက်ဆောင် နဂါးလက်စွပ်လေးပေးခဲ့တဲ့ စည်ဖြိုး

Posted on

ဒီနေ့ကတော့ ပရိသတ်ရဲ့အချစ်တော်စည်ဖြိုးရဲ့ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အလှူအတန်းရက်ရောလွန်းပြီး မေတ္တာဓာတ်ကြီးမားကြတဲ့ စည်ဖြိုးရဲ့မိသားစုလေးကတော့ ပရိသတ်တွေရဲ့လေးစားချစ်ခင်အားပေးခြင်းကို ရရှိထားသူတွေပါ။ မီဒီယာနဲ့လူမှုကွန်ရက်မှာတော့ စည်ဖြိုးရဲ့မိခင်ဖြစ်သူကိုသာ အများဆုံးတွေ့ရလေ့ရှိပေမယ့် ခပ်ဝေးဝေးကနေ အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတဲ့ဖခင်ရဲ့ အကြောင်းကိုတော့ ဒီနေ့မှာ စည်ဖြိုးက မွေးနေ့ဆုတောင်းပေးရင်း မျှဝေခဲ့ပါတယ်။

“သားသမီးအိပ်နေတုန်း ခိုးပြီးထ ဖွဖွလေးနမ်းတတ်တာ အဖေပါ … ခပ် လှမ်းလှမ်းက ပဲ နေနေလို့ ပေါ့သေးသေးတော့မထင်လိုက်ပါနဲ့.. အူမချီးခါးကအစသိပြီး လိုမှ ထုတ်ပြော ထုတ်ပြတတ်တဲ့မေတ္တာနဲ့.. ခပ်လှမ်းလှမ်းက အမြဲ အရိပ်တစ်ကြည့်ကြည်ရှိနေတတ်တဲ့အဖေ ဆိုတဲ့ အဓိပ္ပါယ်ကို တန်ဖိုးထားကျေးဇူးသိနိုင်ကြပါစေ..ခုဆို ဘုရားရှိခိုးပြီးလို့ လမ်းလျှောက်နေလောက်ပြီ ..Happy Birthday ပါဖေကြီး .. မွေးနေ့မှစသက်ရှည် ကျန်းမာလို့မွေးနေ့ပေါင်းများစွာ ကုသိုလ်ပြုနိုင်ပြီး ကိုယ်စိတ်အေးငြိမ်း နိုင်ပါစေအလိုချင်ဆုံး ပကတိငြိမ်းချမ်းရာ မဂ်ဖိုလ်ကို ဒီဘဝမှာတင်အပြီးအရောက်လှမ်းနိုင်ပါစေ.” ဆိုပြီး ဖခင်ရဲ့မေတ္တာကိုဖော်ကျူးကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် ခင်ကလျာရှင်ရဲ့ယမကာဘုရင် စနေ့နေ့ဖွားဖခင်ကြီး ဒီထက်မကအလှူအတန်းတွေလုပ်နိုင်စေဖို့ နဂါးလက်စွပ်ကို လက်ဆောင်ပေးခဲ့ပြီး လက်ညိုးညွှန်ရာအလှူဖြစ်ပါစေဆိုပြီးတော့လည်း ဆုတောင်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…


Source – SI Phyo
Ki Ki – Cele Zone