စိုင်းထီးဆိုင်ရဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ ” သိပ်ချစ်ရတဲ့ နွဲ့တင် ” သီချင်းကို Ukulele ဂစ်တာလေးနဲ့ ဆိုပြခဲ့တဲ့ မေ

Posted on

မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်လျှောက်လှမ်းခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားတွေ မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မေ တစ်ယောက် သူမရဲ့ မူလဝါသနာဖြစ်တဲ့ ဂီတပိုင်းကိုလည်း ကြိုးစားခဲ့ပါတယ်။ နားဝင်ပီယဖြစ်စေတဲ့ အသံချိုအေးအေးလေးနဲ့ အရင်က သီချင်းဟောင်း တွေကို Cover ပြန်ဆိုထားရာကနေ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ သီချင်းလေးတွေဆက်တိုက်ဆိုဖြစ်နေပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က သူမရဲ့သီချင်း MTV တစ်ပုဒ်မှာ ဆံပင်တွေ အားလုံးရိတ်ပြီး ကတုံးတုံးပစ်ခဲ့တာကြောင့် အတော်လေး ပွက်လောရိုက်သွားခဲ့ပါသေးတယ်။ တကယ်တမ်းတော့ ဒီ MTV ဟာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီသီချင်းရိုက်ပြီးနောက်ပိုင်း သူမက သီလရှင်ဝတ်လိုက်တဲ့ အကြောင်း ပရိသတ်တွေကို ရှင်းပြခဲ့ပါ သေးတယ်။

ဒီနေ့မှာတော့ ဟိုးအရင်ကတည်းက ဒီနေ့ထိ အရမ်းကိုအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး စိုင်းထီး ဆိုင် သီဆိုထားတဲ့ ” သိပ်ချစ်ရတဲ့ နွဲ့တင် ” ဆိုတဲ့ သီချင်းလေးကို ကြိုးလေးချောင်းပါတဲ့ Ukelele ဂစ်တာလေးနဲ့ ဆိုပြသွားတာ အရမ်းကိုနားဝင်ပီယဖြစ်စေတာမို့ ပရိသတ်ကြီး အတွက်လည်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – May

(ဇော်ဂျီဖြင့်ဖတ်ရန်)

စိုင္းထီးဆိုင္ရဲ႕ အရမ္းကိုေအာင္ျမင္ခဲ့တဲ့ ” သိပ္ခ်စ္ရတဲ့ ႏြဲ႕တင္ ” သီခ်င္းကို Ukulele ဂစ္တာေလးနဲ႔ ဆိုျပခဲ့တဲ့ ေမ

ေမာ္ဒယ္အျဖစ္နဲ႔ အႏုပညာေလာကထဲကို စတင္ေလွ်ာက္လွမ္းခဲ့ျပီးေနာက္ ရုပ္ရွင္ဇာတ္ကားေတြ မွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ေမ တစ္ေယာက္ သူမရဲ႕ မူလဝါသနာျဖစ္တဲ့ ဂီတပိုင္းကိုလည္း ၾကိဳးစားခဲ့ပါတယ္။ နားဝင္ပီယျဖစ္ေစတဲ့ အသံခ်ိဳေအးေအး ေလးနဲ႔ အရင္က သီခ်င္းေဟာင္း ေတြကို Cover ျပန္ဆိုထားရာကေန ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိလာခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ သီခ်င္းေလးေတြဆက္တိုက္ဆိုျဖစ္ေနျပီး ျပီးခဲ့တဲ့ လပိုင္းေလာက္က သူမရဲ႕သီခ်င္း MTV တစ္ပုဒ္မွာ ဆံပင္ေတြအားလံုးရိတ္ျပီး ကတံုးတံုးပစ္ခဲ့တာေၾကာင့္ အေတာ္ေလး ပြက္ေလာရိုက္သြားခဲ့ပါေသးတယ္။ တကယ္တမ္း ေတာ့ ဒီ MTV ဟာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ဒီသီခ်င္းရိုက္ျပီးေနာက္ပိုင္း သူမက သီလရွင္ဝတ္လုိက္တဲ့ အေၾကာင္း ပရိသတ္ေတြကို ရွင္းျပခဲ့ပါေသးတယ္။

ဒီေန႔မွာေတာ့ ဟိုးအရင္ကတည္းက ဒီေန႔ထိ အရမ္းကိုေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ၾကီး စိုင္းထီး ဆိုင္ သီဆိုထားတဲ့ ” သိပ္ခ်စ္ရတဲ့ ႏြဲ႕တင္ ” ဆိုတဲ့ သီခ်င္းေလးကို ၾကိဳးေလးေခ်ာင္းပါတဲ့ Ukelele ဂစ္တာေလးနဲ႔ ဆိုျပသြားတာ အရမ္းကို နားဝင္ပီယျဖစ္ေစတာမို႔ ပရိသတ္ၾကီးအတြက္လည္း ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – May