အားလုံးကြိုက်ပြီး အရသာရှိတဲ့ စပျစ်ဝိုင်လုပ်နည်းကို ပြောပြခဲ့တဲ့ ညီညီမောင်

Posted on

ချမ်းအေးလွန်းတဲ့ တောင်ပေါ်မြို့လေးတွေရဲ့ အထင်ကရ အပန်းဖြေစရာတစ်ခုဖြစ်တဲ့ ဝိုင် ကိုတော့ လူတိုင်းသဘောကျကြပါတယ်။ စပျစ်ဝိုင် မက်မန်းဝိုင် ကစပြီး သစ်သီးမျိုးစုံနဲ့ ဖော်စပ် ထားတဲ့ ဝိုင်တွေဟာလည်း အရသာအမျိုးမျိုးနဲ့ လူတိုင်းရဲ့ လျှာဖျားကိုဆွဲဆောင် နိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဒီနေ့မှာတော့ သုသုတစ်ယောက် စပျစ်ဝိုင်လုပ်နည်းကို ပြောပြခဲ့ပါတယ်။

လူတိုင်းသောက်သုံးလို့ရတဲ့ ဒီစပျစ်ဝိုင်လေးတွေဟာ ဖော်စပ်သူရဲ့လက်ရာပေါ်မူတည်ပြီး အရသာအမျိုးမျိုးကွဲပြားတတ်ပါတယ်။ ဝိုင်ဆိုတာကတော့ နှစ်ချို့လေ ပိုပြီးသောက်လို့ ကောင်းလေ အရသာပိုပြင်းလေမို့ အချိန်ကြာကြာထားလေလေ ပိုကောင်းလေပါပဲ။ လေးနှစ်သက်တမ်းလောက်ရှိတဲ့ ဝိုင်ဆိုရင်တောင် အတော်လေးသောက်လို့ကောင်းနေပါပြီ။

သုသုတစ်ယောက် သူမရဲ့ဝိုင်ဖော်စပ်နည်းဗီဒီယိုလေးကို ” စပျစ်ဝိုင် လုပ်နည်းလေးပါ အောင်မြင်ရင် သောက်လိုကောင်းပါမယ် မအောင်မြင်ရင် ဝမ်းလျှောပါမယ် ကိုယ်တိုင်ဝိုင်လုပ် သောက်ကျမယ်နော် ” ဆိုပြီး အားလုံးအတွက် ဝေမျှပေးခဲ့ပါတယ်။ စာဖတ်သူတို့ လည်း အိမ်မှာ ပျင်းနေရင် ဝိုင်လေးစပ်ပြီးသောက်ကြည့်ပါနော်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nyi Nyi Maung