အိမ်မှာနေရင်း အကပြိုင်နေကြတဲ့ ခင်ဇာခြည်ကျော်တို့ သားမိနှစ်ယောက်ရဲ့ ဗီဒီယို

Posted on

ဝါရင့်သရုပ်ဆောင်ခင်ဇာခြည်ကျော်တစ်ယောက် အိမ်မှာနေရတဲ့ကာလတွေကို ချစ်ရတဲ့ သားသမီးတွေနဲ့အတူ Tik Tok ကစားရင်း ပျော်ပျော်ကြီးဖြတ်သန်းနေခဲ့ပါတယ်။ ကိုယ်တိုင် လည်း အနုပညာသမားဖြစ်သလို သားနဲ့သမီးကလည်း မိခင်ရဲ့ခြေရာကို အပြည့်အဝ နင်းမယ့် ကလေးတွေဖြစ်လာခဲ့ပါတယ်။ ကြော်ငြာလေးတွေလည်း ရိုက်ကူးနေသလို ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း ရနေကြပြီဖြစ်ပါတယ်။

ကလေးတွေငယ်စဉ်ကလည်းက အခုချိန်ထိ တစ်ယောက်တည်းအားနဲ့ ကျွေးမွေးလာခဲ့ပြီး Single Mother အဖြစ်နဲ့ ဘဝကို အကောင်း မွန်ဆုံးရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။ အသက်အရွယ်နဲ့ မလိုက်အောင်နုပျိုလွန်းတာတော့ သားသမီးတွေကြောင့် စိတ်ချမ်းသာပြီး စိတ်ပျိုကိုယ်နု ဖြစ်နေတာထင်ပါရဲ့နော်။ မေမေ့စကားနားထောင်လွန်းတဲ့ သားနဲ့သမီးကလည်း မေမေ့ကို သိပ်ချစ်ကြတာ ကြည်နူးစရာပါ။

ဒီနေ့မှာလည်း ချစ်ရတဲ့သမီးလေးနဲ့ အတူတူ က ထားတဲ့ Tik Tok ဗီဒီရိုလေးကို ” သားမိနှစ်ယောက်အကပြိုင် ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်စရာသမီးလေးကလည်း မေမေနဲ့အပြိုင် လိုက် က နေပုံက ချစ်စရာကောင်းလွန်းပါတယ်။ သားမိ နှစ်ယောက်ရဲ့ ချစ်စဖွယ် Tik Tok လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Khin Zar Chi Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khin Zar Chi Kyaw