ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေအတွက် ထောပတ်ထမင်းနဲ့ကြက်သား ကုသိုလ်ပြုခဲ့တဲ့ မြတ်သူသူ

Posted on

ခုလိုခက်ခဲနေတဲ့ကာလတွေဟာ တစ်ယော်ကိုတစ်ယောက် ကူညီဖေးမမှုတွေနဲ့ အပြန်အလှန် အကျိုးပြုရမယ့်အချိန်ဖြစ်ပါတယ်။ လက်လုပ်လက်စားသမားတွေအပြင် အစစအရာရာ ချို့တဲ့တဲ့သက်ကြီးရွယ်အိုတွေဟာလည်း သနားစရာကောင်းပါတယ်။ နိုင်ငံတော်က လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေပြုလုပ်နေတာကြောင့် အခြေခံလူတန်းစားတွေလည်း အတော်အသင့် အဆင်ပြေနေခဲ့ပါတယ်။

 

အပြင်မထွက်ရတဲ့ကာလတွေမှာ အနုပညာရှင်တွေအနေနဲ့လည်း အနည်းနဲ့အများ ခက်ခဲမှုတွေရှိခဲ့ပေမယ့် ကိုယ်စီကိုယ်ငှ လှူတန်းမှုလေး တွေလည်း ရှိခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း မြတ်သူသူတစ်ယောက် သရုပ်ဆောင်ညီနန္ဒဆီက ထောပတ်ထမင်းတွေ အော်ဒါမှာပြီး အလှူ လုပ်ခဲ့တဲ့အကြောင်းလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

 

 

သူမရဲ့ ကြည်နူးစရာအလှူလေးကို ” ဒီနေ့ ကိုကြီး Nyi Nanda ဆီက ထောပတ်ထမင်းလေး အော်ဒါမှာပြီး အလှူလေးလုပ်ဖြစ်တယ် အရမ်းလည်း စားကောင်းတယ် စေတနာလည်းပါတယ် မြတ်သူ လှူချင်တာလေးကို ကူညီပြီး သေချာလုပ်ပေးတဲ့ စိတ်ထားကောင်းသော ကိုယ့်အကိုကြီး ရေ တကယ်ကျေးဇူးပါနော် ခုထက် ပိုအောင်မြင်ပါစေရှင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သာဓုပါ မြတ်သူသူရေ ဒီထက်မက လှူနိုင်တန်းနိုင်ပါစေ။

 

Happy – Cele Zone
Photo – Myat Thu Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Myat Thu Thu