ကမ္ဘာကျော်အဆိုတော် Mariah Carey ရဲ့သီချင်းကို Cover ပြန်လည်သီဆိုခဲ့တဲ့ နီနီခင်ဇော်

Posted on

လက်ရှိနာမည်ကျော်အဆိုတော်တွေထဲမှာ အနုပညာပါရမီအပြည့်ပါပြီး ပရိသတ်တွေကို အမိုက်စား performance တွေနဲ့ ဖမ်းစားထားနိုင်တာကတော့ နီနီခင်ဇော်ပါ။ နီနီကတော့ အဆိုတော်တစ်ယောက်အနေနဲပသာမက ကိုယ်ပိုင်အလှကုန်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ နီနီကတော့ Covid-19 ကြောင့်အိမ်မှာနေတုန်းမှာ ခံစားချက်တွေကိုရေးဖွဲ့သလို အခုလည်း ပရိသတ်တွေကို Cover song တစ်ပုဒ်တင်ပေးလိုက်တာပါ။


နီနီကတော့ ဒီနေ့မှာ အမာခံပရိသတ်တွေသာသိနိုင်တဲ့ မေးခွန်းကိုမေးလိုက်ပါတယ်။ ပရိသတ်တွေကို “Home stay နေရင်း အသံပြန်လေ့ကျင့်တဲ့ အနေနဲ့ Cover song တွေဆိုဖြစ်နေပါတယ် ဒီတခါတော့ Ninians တွေ နားထောင်ချင်မယ့်… ဟိုးအရင် ၁၀ နှစ်ကျော်က Living song မှာတခါ မြန်မာလိုဆိုဖူးတဲ့ သီချင်းတပုဒ်ကို Cover ထားပါတယ်..ဘယ်သီချင်းလေးဖြစ်မလဲ….ဘဝရဲ့ Inspiration ဖြစ်တဲ့သူတယောက်ရဲ့သီချင်းပါ…..အဖြေက………..? Special Guest Saw Sandy Naing. Today premiere time 5 pm” ဆိုပြီးတော့ ရေးသားထားတာပါ။ နီနီကတော့ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Mariah Carey ရဲ့ Without You သီချင်းကို ပြန်လည်သီဆိုခဲ့တာဖြစ်ပြီး You Tube မှာ တင်ပေးခဲ့ပါတယ်။


ပရိသတ်တော်တော်များများကတော့ Without You းကိုခန့်မှန်းခဲ့ကြတာဖြစ်ပြီး အဖြေမှန်ခဲ့ကြတယ်လို့ဆိုရမှာပါ။ နီနီခင်ဇော်ကတော့ အသံအားကောင်းကောင်းနဲ့စီးမျောသီဆိုခဲ့တာကြောင့် ပရိသတ်တွေကတော့ တကယ့်ကိုကြိုက်နှစ်သက်လို့နေရပါပြီ။ နီနီရဲ့သီချင်းမှာ စီးမျောခဲ့ကြတဲ့ Ninians လေးတွေရှိကြလားနော်…

Source:NiNiKhinZaw
Anna – CeleZone