အရမ်းကိုခက်ခဲခဲ့တဲ့ ငယ်ဘဝအမှတ်တရတွေကို ပြောပြလာတဲ့ ညီညီမောင်
Posted on
အခက်အခဲဆိုတာ လူတိုင်းမှာရှိနိုင်တတ်တာမျိုးပါ။ ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်ပြီး အောင်မြင်အောင်လုပ်မလဲ ဆိုတာ တော့ စိတ်ဝင်စားစရာပါပဲ။ လက်ရှိမှာ အောင်မြင်သူ တစ်ဦးဖြစ်တဲ့ မိတ်ကပ်ညီညီမောင်တစ်ယောက် သူမရဲ့ဘဝအကြောင်းလေးကို ” ကျွန်တော် ဘဝ ကျမအကြောင်း တက္ကသိုလ်တက်တော့လည်း မိန်းမလိုဝတ်တက်လို့ရတယ် ပြသနာက ဘွဲ့ ယူတော့စပြီ မိန်းမလို ဝတ်စားဆင်ယင်ပြီးတက်ယူချင်တာ ဒါနဲ့ မေဂျာက ဆရာမကို ယူလို့ရလားမေးတော့ ငါတာဝန်မယူရဲဘူး ပါချုပ်ကိုမေးလို့ ပြောတော့ မေးတာပါနော် ကိုမေဂျာက ပါချုပ်ဆရာမကြီးက ငါ့ကိုပြသနာမရှာပါနဲ့ ပုံမှန်ဝတ်စားဆင်ရင်ပြီးလာပါဆိုလို့ တစ်သက် မဝတ်ဖူးတဲ့ ယောကျာ်းဝတ်စတိုင်ပန်တော့ဝယ်လိုက်ရတယ် လှချင်တာကို ဖိနပ်ကတော့ အကိုရူးဖိနပ်ငှားစီးတာ နောက်လဲမစီးမဲ့အတူတူ ပိုက်ဆံ ကုန်လို့ဝယ်မနေတော့ဘူး ဆံပင်ကလည်း ရှည်နေတော့ အနောက်မှာ အထုံးနဲ့ဖွတ်ပြီး ဦးထုပ်စွပ်ချပလိုက်တယ် အရှေ့ဆံပင်ကို အဲ့ချိန်က ဆံမြိတ်ညှပ်ထားတော့ ဘေးနှစ်ခွဲ ကကြီးလေးလို အမောက်လိုလုပ်ပြီးရအောင်တော့ ငါမိန်းမလျာ လှပတယ်ဆိုတာ လုပ်လိုက်သေးတာ မိုးလေးတဖျောက်နှစ်ဖျောက်ရွာလိုက်တော့ အရှေ့ဆံပင်လည်းပုံပျက် အချောင်လိုက်လေးတွေဖြစ် ဂွမ်းသွားတာပေါ့ ”
” ဘွဲ့ယူတဲ့ခန်းမထုံးစံအရ ပထမဆုံးတက်ယူတဲ့ကျောင်းသားရယ် နောက်ဆုံးတက်ယူတဲ့ ကျောင်းသားရယ်ပဲ လက်ခုပ်တီးကြရတာ သု တက်ယူတဲ့ အချိန်က သုံးပုံနှစ်ပုံလောက် ပြီးတော့ပေါ့ ကိုယ်လည်း လှလှလေးလျောက်ပေါ့ ဆရာမက ကိုယ် နာမည်လည်းခေါ်ရော လက်ခုပ်တွေတီးပြီးမွှေလိုက်ကျတာအောက်က သူငယ်ချင်းတွေ ခန်းမတခုလုံး သောသောညံ ကိုယ်လဲ ရှက်ကိုးရှက်ကန်းနဲ့ ပါချုပ် လက်ထဲက ဘွဲ့လက်မှတ်ကြီးအတင်းယူဆင်းပြေးမိပါရော ဓါတ်ပုံတောင်သူများတွေယူသလိုမျက်နှာလေးလှည့်ပြီး လှလှပပ မရိုက်လိုက် ရပါဘူး အဲ့ဒါကတော့တကယ်အမှတ်တရပါပဲ ခန်းမထဲဘွဲ့ယူတဲသူကများ အချိန်ကကြာတော့ ပါလာတဲ့မုန့်တွေ နေကြာစိတွေစား အရှေ့ကသူငယ်ချင်းရဲ့ ဘွဲ့စလွယ် အိတ်ထဲထည့်နောက်ခဲကြတာလဲ ပျော်ခဲ့ရ ပါတယ် ဘွဲ့ယူပြီး ပြန်လာတော့ ဓါတ်ပုံဆိုင်သွားတော့မှ စပြီ မိသားစု ဓါတ်ပုံရိုက်တော့ ဆုံးသွား ပြီဖြစ်တဲ့ အမေကြီးကိုသတိရလို့ငို တစ်မိသားစုလိုမပြုံးနိုင်တော့ဘူး စိတ်မကောင်းဖြစ်ကျတာ ဒီမိန်းမလျာပညာတက်ဖြစ်ဖို့ ဈေးရောင်းဆိုင်ဖွင့် သူမြင်ချင်တဲ့ ဘွဲ့ဝတ်စုံဝတ် ဘွဲ့ရတဲ့နေ သူမ မပါတော့ဘူး လောကကြီးကဘယ်လောက် မတရားလဲ အိမ်ထောင်ကျပြီး ကလေးမွေးပြီး ၁နှစ် နဲ့ ကိုးလအကြာမှာ ယောကျာ်းဆုံး မုဆိုးမ ၂၆ နှစ်မှာဖြစ်တဲ့အမေ ကလေးတယောက် လက်စွဲ သားသမီး မျက်နှာမငယ်ရအောင်နောက်အိမ်ထောင်မပြုဘဲ တယောက်ထဲ မိခင်လိုရော ဖခင်လိုရော အလုပ်တွေလုပ်တဲ့ဒဏ်တွေ သူမအတွက်ပိပြီလေ ဆီးချိုရောဂါတွေဝင် နေမကောင်း လူလောက ကနေ အသက်၄၆ နှစ်မှာ အရှုံးပေးထွက်ခွာသွားရပါပြီ သူမ အပင်ပန်းခံခဲ့တဲ့ ပြန်လုပ်ကျွေးရမဲ့အချိန် အိမ်ဦးခန်းမိန့်မိန့်ကြီးထိုင်စားရမယ်အချိန် အမေက မရှိရှာတော့ဘူး လောကကြီးက တရားမျှတမှုရှိရဲ့လား ”
” ဘွဲ့ကိုလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး အဝေးသင် ဆိုတော့ တပတ်၂ရက် အနီးကပ် ၁၀ ပတ် တက်ရတယ်လေ ပြဿနာက စနေ တနင်္ဂနွေ ဆိုတာ မင်္ဂလာဆောင်ဘွဲ့ ပြင်ရတာလေ အဲ့ချိန်ခါ က အမေ (မိတ်ကပ်အောင်အောင်တောင်ကြီး) ဆိုင်မှာက တရက် ဘွဲ့ ၁၂၀ မင်္ဂလာဆောင်က ပွဲ ၄၀ လောက်ရှိတာ ကြွားပြောတာမဟုတ်ပါဘူး အဲ့ထက်များတယ် ပြင်ဘူးသူတွေသိပါတယ် ကျမက သူများပိုက်ဆံ အလကားမလိုချင်ဘူးလေ မနက် ၃ နာရီဆိုင်အရောက်သွား စပြင် မနက် ၇.၃၀ ဆို ပန်းဆိုတန်းက သန်လျင်ကားဂိတ်ကနေ လိုင်းကားနဲ့ တာဝကျောင်းတက် ညနေ ၃ နာရီ ပြီးတာနဲ့တန်းပြန် ဘားလမ်းကဆိုင်ဝင်ညနေ ဒင်နာ wedding လိုက်ပြင်တာလိုက် ဝတ်စုံလဲ ပွဲတွေ ပွဲဆင်းည ၁၀နာရီလောက်မှ အိမ်ရောက် နောက်နေ့မနက်၃နာရီပြန်ထ ဆိုင်ပြန်သွား အဲလိုနဲ့ ၃နှစ်တာ တက္ကသိုလ်တက်တဲ့အချိန် အမေ မငြိုငြင်ပဲ ပညာရေးတက်ရမှာပေါ့ခွင့်ပြုလို့ဘွဲ့ ရခဲ့တာပါ ပြီးတော့မလတ် မနန္ဒာ ကရူတင်ရှိလဲ မနက်ပိုင်းပြင်ပြီးကျောင်းတက်ခွင့်ပေးလို့ ဘွဲ့ တခုရခဲ့တာပါ ဘွဲ့ ယူပြီးအိမ်ပြန် ဓာတ်ပုံတွေ ဘာတွေရိုက်ပြီးတော့ ဒုတိယ အမေလို ကြည့်ရူ စောင့်ရှောက် အလုပ်ပေး ထမင်းကျွေး ခဲတဲ့ ယနေ့ထက်တိုင်မိဘလို ညီအမလိုစောင့်ရှောက်ပေး တဲ့ အမေပေါက် (ပေါက်ပေါက် စမ်းချောင်း) နဲ့ အမှတ်တရ ဓါတ်ပုံတွဲရိုက် ကန်တော့ ထုံးစံ အတိုင်းမျက်ရည် လွယ်တော့ငိုပေါ့ ဓါတ်ပုံသာကြည့်လိုက်တော့မျက်နာမှာဖြစ်နေတဲ့ပုံကို နောက်တယောက်ကတော့ အချစ်ဆုံး ၁၀ တန်းထဲကသူငယ်ချင်း ဖြိုးဝေလင်းဘွဲ့ယူတာ အစဆုံး အောက်ခြေသိမ်းကစလိုက်လုပ်ပေး ယနေ့ထက်တိုင်အနွံတာခံတဲ့ အချစ်ဆုံး သူငယ်ချင်းပါ ဘဝရဲ့အရေးကြီးတဲ့ခွဲစိတ်မှုတိုင်းမှာလဲ ဘန်ကောက်ထိ ကိုယ်ထမင်းကိုယ်စား ကိုယ်လေယာဉ်စရိတ်နဲ့ လိုက်စောင့်ရှောက်ပေးတဲ့သူငယ်ချင်းရေ အရမ်းချစ်တယ်နော် မိန်းမလျာတယောက် ဟာ (B.Sc Botany) ဘွဲ့ကိုရအောင်ယူနိုင်ခဲ့ပါပြီ ဒါပေမဲ့ မုဆိုးမဘဝနဲ့ ပခုံးထမ်းတင် ဘွဲ့ရအောင်နောက်ကွယ်ကနေ ပညာသင်ပေးကျောင်းစရိတ် အကုန်ကျခံ ကျွေးမွေးခဲ့တဲ့ ပညာတတ် ကြီးအရမ်းဖြစ်စေချင်တဲ့ မုဆိုးမအမေကြီးကတော့ ဒီမြင်ကွင်း ဒီခံစားချက်တွေကို မမြင်နိုင်ခဲ့ပါဘူး ဒုတိယနှစ်မှာ ဆုံးသွားခဲ့ပါပြီ အမေ အဲ့နေက ကျမနဲ့ ကျန်ခဲ့တဲ့မိသားစုလေးကို ကောင်းကင်ဘုံကနေ ကြည့်ပြီး ပျော်နေမယ်လို့ ကျမယုံကြည်ပါတယ် ” ဆိုပြီး စိတ်ဝင်စားဖွယ်ပြောပြခဲ့ပါတယ်။
Happy – Cele Zone
Photo – Nyi Nyi Maung
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Nyi Nyi Maung