ဒီတစ်ယောက်ပြီးရင်တော့ ကူညီပေးနိုင်မှာမဟုတ်တော့ကြောင်း ဝမ်းနည်းစွာပြောခဲ့တဲ့ ယုန်လေး

Posted on

ယုန်လေးကတော့ လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ လိုအပ်နေသူတိုင်းကို ဖေးမကူညီလေ့ရှိသူပါ။ အနုပညာဝါသနာရှင်မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်တွဲခေါ်ယူလေ့ရှိသလို အခုလို Covid-19 ကာလမှာလည်း ချို့တဲ့သူတွေအတွက် ဆက်တိုက်ကူညီနေသူပါ။အခုဆိုရင်တော့ ပရိသတ်တွေကိုယ်တိုင်က ဒုက္ခရောက်နေသူတွေတွေ့ရင် ယုန်လေးကို စာတွေပို့၊ ကူညီပေးဖို့ တောင်းဆိုလာကြတဲ့အထိ ယုန်လေးရဲ့တစ်ကိုယ်တော်ပရဟိတတိုက်ပွဲက အောင်မြင်နေပြီဆိုရမှာပါ။ ဒါပေမယ့် သူလည်း အလုပ်တွေဘာမှမရှိတော့တာမို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ လူငယ် ဂီတဝါသနာရှင်တစ်ယောက်ကို သွားရောက်ကူညီရင်း သူ့ရဲ့ငွေကြေးအခြေအနေကို ပြောပြခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း သူကိုယ်တိုင်လည်း ပိုက်ဆံလက်ကျန်နည်းနေပြီဖြစ်တာကြောင့် သူ့ကိုပရိသတ်တွေကူဖို့တောင်းဆိုထားတဲ့ ဆိုက်ကားသမားအစ်ကိုကြီးပြီးရင်တော့ ထပ်ကူညီဖို့မသေချာတော့တဲ့အကြောင်း မျှဝေခဲ့ပါတယ်။

“Cb မှာ လိုအပ်တဲ့ လူတွေ ကိုကူပေးဖို့အများကြီး လာပို့ကြပါတယ် .Link တွေလည်း ပို့ကြပါတယ် . အဲ့အတွက်လည်း ကျွန်တော့်ကိုကူညီတတ်တဲ့ လူလို့ ယုံကြည်လို့ ပို့တဲ့ ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးပါ . ကျွန်တော်လည်း ဒါကြီးဖြစ်ကတည်းက ဝင်ငွေမရှိတာပါ . ကူတာတွေကတော့ ဒီတိုင်းကူဖြစ်တာပေါ့ …အခု ကျွန်တော် ကိုယ်တိုင် ဒါလေးပဲကျန်ပါတော့တယ်လို့ ..ဒါပေမယ့် အဲ့ ဆိုက်ကားနင်းတဲ့ အစ်ကိုကြီး ရန်ကုန်မှာ ဆိုရင်တော့ နေရပ်လိပ်စာ . ဆိုက်ကားဂိတ် ပြောပါ တတ်နိုင်သလောက်ပေါ့ .ဒါလေး ပြီးရင်တော့ကျွန်တော်ချက်ချင်း ထပြီး မကူညီနိုင်တဲ့ အခါမျိုးမှာ မသိချင်ယောင်ဆောင်တယ်ထင်မှာဆိုးလို့ပါ .ပြီးတော့ ကျွန်တော်ဘာကောင်မှလည်းမဟုတ်ဘူး… လူချမ်းသာ တစ်ယောက် မဟုတ်တဲ့ အတွက် လူတိုင်းတော့ မကူညီနိုင်တာ ကို နားလည်စေချင်ပါတယ် ခင်ဗျား..အားလုံး အရာရာအဆင်ပြေကျပါစေ ခင်ဗျား” လို့ရေးသားကာ မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ .. ယုန်လေးကတော့ ဒီတစ်ယောက်ပြီးလို့ နောက်ထပ်လူတွေကို ကူညီဖို့ရှေ့ထွက်မလာနိုင်ခဲ့ရင် မသိချင်ယောင်ဆောင်တယ် ထင်မနေကြပါနဲ့နော်တဲ့.. သူကိုယ်တိုင်လည်း Covid-19 စတင်ကတည်းက ဝင်ငွေမရှိသူမို့ ပိုက်ဆံလက်ကျန်မရှိတော့တဲ့အကြောင်း ရင်ဖွင့်ကာမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Yone Lay
Ki Ki – Cele Zone