Live လွှင့်နေတုန်းမှာ ထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေတဲ့ အေးမြတ်သူ

Posted on

အပျိုကြီးအေးမြတ်သူတစ်ယောက် အိမ်နေရင်း ပရိသတ်တွေနဲ့စကားပြောရအောင် Live လွှင့်ခဲ့ ပါတယ်။ ပုဇွန်ကိုင်နေတဲ့ အပျိုကြီး တစ်ယောက် ဖုန်းကို သံပန်းဘောင်ပေါ်တင်ထားကာ ကင်မရာအချိန်အဆကို သိပ်သဘောမကျသေးလို့ ချိန်နေစဉ်မှာပဲ ဖုန်းက အောက်ကို ပြုတ်ကျ သွားတာဖြစ်ပါတယ်။ အိုင်ဖုန်းဆိုတော့ ပြန်ပြင်ရင်တောင် အများကြီးကုန်မှာဆိုတော့ နှမြော စရာကြီးနော်။

တိုက်ရဲ့နောက်ဖေးလမ်းကြားထဲကို ပြုတ်ကျသွားတာဆိုတော့ တော်တော်လေး ပြန်ရှာယူရမှာ ပါ။ ဒီနောက်မှတော့ နောက်ဖုန်းတစ်လုံးနဲ့ ဆက်ပြီး Live လွှင့်ကာ ဖုန်းပြုတ်ကျသွားတဲ့ အကြောင်းပြောပြခဲ့ပါတယ်။ ပုဇွန်ကိုင်နေတဲ့ အပျိုကြီးတစ်ယောက် အိမ်မှုကိစ္စနိုင်နင်းပုံ များ တော့ မင်းသမီးလို့တောင် ထင်ရက်စရာမရှိအောင်ပါပဲ။

ဖုန်းပြန်ရတဲ့အကြောင်းလေးကိုလည်း ” ချစ်ရသူတွေကို ကိုယ်တိုင်ချက်တာလေးကျွေးချင်လို့ ပုဇွန်ထုပ်လေး (၁) ပိဿာလောက် ချက်မိ ပါတယ် ရန်ကုန်မှာ မိုးကခြိမ်းရုံတင်မဟုတ်ဘူး မိုးကြိုးတွေပါပစ်တာ ဖုန်းကတော့ ခုထိရှာမတွေ့သေးပါဘူးလို့ ထပ်တိုး ၄:၃၉ မိနစ်မှာ အောက်ထပ်က ချစ်စရာကောင်းသော ကိုကို /မမများကျေးဇူးကြောင့် ဖုန်းပြန်တွေ့ပါပြီဗျို့ ” ဆိုပြီး ချစ်စဖွယ်ရေးသားထားပါသေးတယ်။

Happy – Cele Zone
Photo – Aye Myat Thu

(ဇော်ဂျီဖြင့်ဖတ်ရန်)

Live လႊင့္ေနတုန္းမွာ ထင္မွတ္မထားတဲ့ မေတာ္တဆမႈတစ္ခုျဖစ္သြားလို႔ စိတ္မေကာင္းျဖစ္ေနတဲ့ ေအးျမတ္သူ

အပ်ိဳၾကီးေအးျမတ္သူတစ္ေယာက္ အိမ္ေနရင္း ပရိသတ္ေတြနဲ႔စကားေျပာရေအာင္ Live လႊင့္ခဲ့ ပါတယ္။ ပုဇြန္ကိုင္ေနတဲ့ အပ်ိဳၾကီးတစ္ေယာက္ ဖုန္းကို သံပန္းေဘာင္ေပၚတင္ထားကာ ကင္မရာအခ်ိန္အဆကို သိပ္သေဘာမက်ေသးလို႔ ခ်ိန္ေနစဥ္မွာပဲ ဖုန္းက ေအာက္ကို ျပဳတ္က် သြားတာျဖစ္ပါတယ္။ အိုင္ဖုန္းဆိုေတာ့ ျပန္ျပင္ရင္ေတာင္ အမ်ားၾကီးကုန္မွာဆိုေတာ့ ႏွေျမာ စရာၾကီး ်နာ္။

တိုက္ရဲ႕ေနာက္ေဖးလမ္းၾကားထဲကို ျပဳတ္က်သြားတာဆိုေတာ့ ေတာ္ေတာ္ေလး ျပန္ရွာယူရမွာ ပါ။ ဒီေနာက္မွေတာ့ ေနာက္ဖု န္းတစ္လံုးနဲ႔ ဆက္ျပီး Live လႊင့္ကာ ဖုန္းျပဳတ္က်သြားတဲ့ အေၾကာင္းေျပာျပခဲ့ပါတယ္။ ပုဇြန္ကိုင္ေနတ့ဲ အပ်ိဳၾကီး တစ္ေယာက္ အိမ္မႈကိစၥႏိုင္နင္းပံုမ်ား ေတာ့ မင္းသမီးလို႔ေတာင္ ထင္ရက္စရာမရွိေအာင္ပါပဲ။

ဖုန္းျပန္ရတဲ့အေၾကာင္းေလးကိုလည္း ” ခ်စ္ရသူေတြကို ကိုယ္တိုင္ခ်က္တာေလးေကြၽးခ်င္လို႔ ပုဇြန္ထုပ္ေလး. (၁) ပိႆာေလာက္ခ် က္မိပါတယ္ ရန္ကုန္မွာ မိုးကၿခိမ္း႐ုံတင္မဟုတ္ဘူး မိုးႀကိဳးေတြပါပစ္တာ ဖုန္းကေတာ့ ခုထိရွာမေတြ႕ေသးပါဘူးလို႔ ထပ္တိုး ၄:၃၉ မိနစ္မွာ ေအာက္ထပ္က ခ်စ္စရာေကာင္းေသာ ကိုကို /မမမ်ားေက်းဇူးေၾကာင့္ ဖုန္းျပန္ေတြ႕ပါၿပီဗ်ိဳ႕ ” ဆိုၿပီး ခ်စ္စဖြယ္ေရးသား ထားပါေသးတယ္။

Happy – Cele Zone
Photo – Aye Myat Thu