ကြည့်မိသူတိုင်း အသည်းတယားယားဖြစ်စေမယ့် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ အချစ်စာလွှာလေးတွေ

Posted on

လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့နီးစပ်ဖို့အတွက် ကြိုးစားကြမှာပါ။ ဒီထဲမှာတော့ အာဘွိုင်း တစ်ယောက် မြတ်လေးကိုဘယ်လိုတွေ ချဉ်းကပ် ခဲ့တယ်ဆိုတာကို မြတ်လေးက လူမှုကွန်ရက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အများကြီးဆန်းကြယ်တဲ့ နည်းလမ်းတွေ မသုံးဘဲ ရိုးရိုးလေးနဲ့ပဲ မြတ်လေးကို ချစ်သူအဖြစ်သိမ်းပိုက်နိုင်ခဲ့တာတော့ တကယ်တော်တာပေါ့နော်။

ချစ်စရာကောင်းတဲ့တောင်ကြီးသူလေးက အဆိုတော်လွှမ်းပိုင်ရဲ့  MTV တစ်ပုဒ်မှာ သရုပ်ဆောင်ထားတာကိုကြည့်ပြီး အာဘွိုင်း တစ်ယောက် ကြွေသွားပုံပါပဲ။ ဒီလိုနဲ့ စကားစပြောပြီး သူ့ရဲ့သီချင်းမှာလည်း သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒီနောက်မှာ တော့ Fuse ကို မလာဖြစ်တဲ့အကြောင်းနဲ့ စကားတွေဆက်ပြောရင်း ချစ်သူရှိမရှိ အစ်မေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ရင်းနှီးလာခဲ့ပြီး အခုတော့ ပျော်စရာမိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပါပြီ။


နှစ်ယောက်သားရဲ့ချစ်ဇာတ်လမ်းအစပြုပုံလေးကို ” သင်တို့ရော ဖူးစာရှင်နဲ့ တွေ့ပြီးပြီလား ဖူးစာရှင်အစစ်နဲ့ ပထမဆုံး message က ဘာတဲ့လဲ တင်စရာ ပုံ တွေ မရှိတော့လို့  Ko Ah Boy လာကြူစဉ် အခါက စာလေးတွေ ပြန်လည် ရှာဖွေ တင်ဆက်လိုက်ပါတယ် ယော်ဘော ဆားရားငဲရော်နော် ချာဂီးရားရဲ့ အိုပါးတွေကိုလည်း ချစ်ပေးရမယ်နော် ယော်ဘော ” ဆိုပြီး မြတ်လေးက သူမရဲ့ လူမှုကွန်ရက် မှာ ဝေမျှခဲ့တာပါ။ သက်ဆုံးတိုင်ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာ တွေနဲ့ ပျော်စရာမိသားစုကြီးအဖြစ် တည်ဆောက်နိုင်ပါစေနော်။

Happy – Cele Zone
Photo – Myat Yadanar Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone