အူတက်အောင်ရယ်နေရတဲ့ ကိုပေါက်ရဲ့ ဟာသ Tik Tok ဗီဒီယိုတွေ

Posted on

အပြင်မထွက်ရတဲ့နေ့ရက်တွေမှာ အိမ်မှာနေပြီး ပရိသတ်တွေကို လူမှုကွန်ရက်ကနေတဆင့် ဖျော်ဖြေနေတဲ့ ကိုပေါက်ရဲ့ Tik Tok တွေဟာ အတော်လေးရေပန်းစားပြီး မနားတမ်း ရယ်မော နေခဲ့ရပါတယ်။ အမျိုးမျိုး မတူတဲ့ပုံစံတွေနဲ့ သရုပ်ဖော်ထားပြီး မရိုးရအောင် ဟာသလုပ်နိုင်တာ ကတော့ အနုပညာသမားပီသပါပေတယ် ပရိသတ်ကြီးရေ။

ချစ်ခင်သူတွေကလည်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ သဘောကျသူတွေ လည်း တစ်နေ့တခြား ပိုပိုများလာခဲ့ပါတယ်။ အခုလို အိမ်မှာနေရတဲ့ကာလတွေဆိုတော့လည်း ဟာသလေးတွေက အပျင်းပြေတာပေါ့နော်။ တစ်ယောက်တည်း သရုပ်ဆောင်ရတာ အားမရလို့ ချစ်ဇနီးကိုရော သားလေးနှစ်ယောက်ကိုပါ ခေါ်ပြီး သရုပ်ဆောင်တဲ့ ဖေဖေပေါက်ရဲ့ ဝါသနာကတော့ မသေးလှဘူးနော်။

ချစ်ဇနီးနဲ့သားလေးနှစ်ယောက်ကလည်း အနုပညာနဲ့နီးစပ်သူတွေမို့ ဖေဖေနဲ့ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ တကယ်ကို ပျော်စရာ ကောင်းတဲ့အခိုက်အတန့်လေးတွေကို မိသားစုနဲ့အတူတူဖြတ်သန်းသလို ပရိသတ်တွေကိုလည်း ပျော်စေချင်တဲ့စိတ်လေးနဲ့ ဝေမျှပေးတာမို့ ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Aung Min Naing

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Aung Min Naing