အိမ်ခြေ(၂၄၀၀)အတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

Posted on

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးတစ်ယောက်ဖြစ်သူ ခိုင်နှင်းဝေကတော့ သူကိုယ်တိုင်ဦးဆောင်ပြီး အိမ်ခြေ(၂၄၀၀) အတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ သူကတော့ ပရဟိတစလုပ်စဉ်ကတည်းက လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီတတ်သူတစ်ယောက်ဖြစ်ပြီး ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ထားကာ ကလေးတွေကိုရင်အုပ်မကွာစောင့်ရှောက်နေသူပါ။

အခုတစ်ခါမှာလည်း Covid-19 ကာလမှာ ခက်ခဲနေတဲ့လက်လုပ်လက်စားသမားတွေအတွက် တောင်ဒဂုံမြို့နယ် မှာရှိတဲ့ ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများအား တစ်ရပ်ကွက်လျှင် အိမ်ခြေ (၁၀၀) နှုန်းဖြင့် ရပ်ကွက်ပေါင်း(၂၄) ရပ်ကွက်အိမ်ခြေ (၂၄၀၀) အား ဆန်,ဆီ,ဆား ,ငါးပိ,ငါးခြောက် ခေါက်ဆွဲခြောက်,ကြက်သွန်နီ, မြေပဲ နှင့် မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းများကို လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သူလုပ်တဲ့အလှူတိုင်းကလည်း စေတနာရှင်(၇)ရက်သားသမီးတွေနဲ့ စုပေါင်းပြီးလှူတဲ့အလှူတွေဖြစ်တဲ့အတွက် ကုသိုလ်ပါဝင်ချင်သူများလည်း (၀၉၂၀၃၃၈၂၆) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပြောကြားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… တကယ်ခက်ခဲနေတဲ့အခြေခံလူတန်းစားမိသားစု (၂၄၀၀)စာတောင် လှူဒါန်းပေးသွားမှာဆိုတော့ အားရစရာပါပဲနော်။


Source – Khine Hnin Wai
Ki Ki – Cele Zone