အသက် (၁၆) နှစ် ပြည့်သွားခဲ့ပြီဖြစ်တဲ့ နေခြည်ဦးရဲ့ညီမလေး စိမ်းလဲ့ရတနာ
Posted on
မောင်နှမသုံးယောက်ရှိတဲ့နေခြည်ဦးတို့ရဲ့ ကြည်နူးစရာမိသားစုလေးမှာ နေခြည့်ရဲ့ညီမလေး စိမ်းတစ်ယောက်ကတော့ အသက် (၁၆) နှစ် ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ တစ်နေ့တခြား ပိုပြီးချစ်စရာကောင်းလာတဲ့ မိန်းမပျိုလေးဟာ မျက်စိရှေ့မှာတင်ပဲ ပိုပိုပြီးလှလာကာ အရွယ်ရောက်လာခဲ့ပါပြီ။ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အကောင်းမွန်ဆုံးကြီးပျင်းလာခဲ့တဲ့ ကလေးလေးဟာ နုပျိုလွန်းတဲ့ အရွယ်လေး ကို ရောက်လာခဲ့ပါပြီ။
အမဖြစ်သူနေခြည်ဦးကတေ့ာ ညီမလေးကိုသိပ်ချစ်ပြီး ညီမနှစ်ယောက်လုပ်ထားတဲ့ Vlog လေး တစ်ခုတောင် လူမှုကွန်ရက်ကို ဝေမျှခဲ့ဖူး ပါသေးတယ်။ မောင်နှမသုံးယောက်ရှိပြီး ချီချီကတော့ အကြီးဆုံးသမီးလေးပါ။ စိမ်းလဲ့ကတော့ အငယ်ဆုံးလေးဖြစ်လို့ တစ်အိမ်လုံးရဲ့ အသည်းကျော်လေးပေါ့။
ချစ်ညီမလေးရဲ့ အသက် (၁၆) နှစ်ပြည့်မွေးနေ့မှာ ချီချီက ” အချစ်ဆုံး တစ်ဦးတည်းသော ညီမလေး Happy Sweet 16 ကွာ ကပ်ကြီးပြီး ရင် လိုချင်တာဝယ်ပေးမယ် promise ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ Happy Birthday စိမ်းလေးရေ ဘဝတစ်လျှောက်လုံး ပျော်ရွှင် စရာတွေနဲ့ပဲကြုံပြီး အောင်မြင်သူတစ်ယောက်ဖြစ်ပါစေ။
Happy – Cele Zone
Photo – Nay Chi Oo
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Nay Chi Oo