အားလုံး stay home နေကြတဲ့ ဒီလိုအချိန်မှာ ကဏ္ဍအသီးသီး အလွှာအသီးသီးကလူတွေမှာ လည်း လိုအပ်သူတွေရှိနေတာမို့ ဖြူဖြူထွေး တစ်ယောက် သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဖြစ်တဲ့ အနုပညာအသိုင်းအဝိုင်းက ဇာတ်ပို့တစ်ယောက်ကို ဆန်တွေဆီတွေနဲ့ ငွေကြေး အနည်းငယ် သွားရောက်ထောက်ပံ့ခဲ့ပါတယ်။ ဖြူဖြူထွေးရဲ့လှူတန်းမှုကြောင့် စားဝတ်နေရေး အနည်းငယ် အဆင်ပြေသွားတာကြောင့် အလှူလက်ခံသူဟာ မျက်ရည်များတောင်ကျခဲ့ရပါတယ်။
လှူချင်တဲ့သဒ္ဓါစိတ်လေးအမြဲရှိပြီး ရပ်ရွာကိုလည်းစောင့်ရှောက်သလို ကာလဒါနတွေလည်း မကြာခဏလုပ်တတ်တဲ့ ဖြူဖြူထွေးရဲ့ စိတ်ရင်းလေးကိုတော့ အားလုံးကချစ်ခင်ကြပါတယ်။ ဒီရောဂါကြီးစဖြစ်ကတည်းက တတ်နိုင်သလောက် ကာလဒါနတွေလည်းလုပ်သလို လိုအပ်နေသူတွေဆီလည်း အရောက်သွားပြီးလှူတန်းမှုတွေလုပ်ခဲ့သူပါ။ ဒီတစ်ခေါက်မှာလည်း လိုအပ်သူကိုလှူတဲ့အပြင် ဘုန်းကြီး ကျောင်းကိုလည်း သွားရောက်လှူတန်းခဲ့ပါသေးတယ်။
စေတနာကောင်းသူမို့ ကံလည်းကောင်းမှာအသေအချာပါပဲ။ ချစ်စရာအပြုံးလေးတွေအပြင် နာမည်နဲ့လိုက်တဲ့ စိတ်ထားဖြူဖြူလေးကို ပိုင်ဆိုင်ထားသူမို့ လူချစ်လူခင်လည်းပေါသူပါ။ ဟာသတွေလုပ်ပြီး ပျော်ပျော်နေတတ်သူလေးက မိဘတွေကိုလည်းသိတတ်ပြီး လိုလေးသေး မရှိအောင် ပြုစုစောင့်ရှောက်တတ်တဲ့ သမီးလိမ္မာလေးလည်းဖြစ်တာမို့ ဒီထက်မကပိုပြီး ကြီးပွား တိုးတက်အောင်မြင်ပါစေ ဖြူလေးရေ။
Happy – Cele Zone
Photo – Phyu Phyu Htwe
(ဇော်ဂျီဖြင့်ဖတ်ရန်)
ခက်ခဲနေတဲ့အချိန်မှာ ဖြူဖြူထွေးရဲ့လှူတန်းမှုကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦး
Happy – Cele Zone
Photo – Phyu Phyu Htwe