ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ကြံရည်ရောင်းတဲ့ ဘဝသမား Rapper တစ်ယောက်အတွက် လိုအပ်တာတွေ ထောက်ပံ့လှူတန်းပေးခဲ့တဲ့ ယုန်လေး

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ယုန်လေးတစ်ယောက် အင်တာဗျူးတစ်ခုမှာတွေ့ရတဲ့ ဂီတကို ဝါသနာပါတဲ့ Rapper လေး တစ်ယောက်ကို ကူညီချင်တဲ့အကြောင်း လူမှုကွန်ယက်မှာ ရေးသားခဲ့ပါသေးတယ်။ အမြဲလိုလို လိုအပ်တဲ့နေရာတိုင်းကို တတ်နိုင်သလောက် ထောက်ပံ့ ပေးတတ်တဲ့ စိတ်ထားဖြူတဲ့ ယုန်လေးတစ်ယောက် ဒီတစ်ခေါက်မှာလည်း ကိုယ်နိုင်သလောက်လေး သွားလှူပေးခဲ့ပါသေးတယ်။

Rap ဆိုရတာ ဝါသနာပါပြီး လမ်းကြောင်းပေါ်ရောက်ဖို့ ခက်ခဲနေသူတွေကိုလည်း တတ်နိုင် သလောက် လက်ကမ်းခဲ့သူတစ်ယောက်ပါ။ ဒီ Rapper လေးဟာ ရွေတိဂုံဘုရား အရှေ့ဖက်မုခ်မှာ ကြံရည်ရောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ ခက်ခဲတဲ့ဘဝတွေထဲကနေ ဂီတ လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းချင်သူတစ်ယောက်ပါ။ အခုလည်း ယုန်လေးက အားလုံး stay home နေကြတဲ့ ကာလဖြစ်တာမို့ အများကြီးမတတ်နိုင်ပေမယ့် တတ်နိုင်သလောက်ကိုတော့ ရအောင် သွားကူခဲ့ပါသေးတယ်။

သူ့ရဲ့ကြည်နူးပီတိလေးကိုတော့ ” ရွှေတိဂုံဘုရားအရှေ့ဘက်က ကျွန်တော်လို့ မိဘမဲ့ညီလေး ကျော်စွာ A4 ကို ဒီနေ့ သွားတွေ့ခဲ့ပါတယ် အကျီလေးတွေ အစားသောက် Veve Mask သုံးဖို့ ငွေ ညီမလေး ရွှေယင်းမာ က ၅သောင်း ကျွန်တော်လည်း ၅သောင်း ပေးခဲ့ပြီး အဆက်သွယ်ရ အောင် ဖုန်းလေးလည်းဝယ်ပေးခဲ့ပါတယ် Cb ကနေ့ရော .မန်းရှင်းတွေခေါ် ပြီးရော ကျွန်တော် ကိုလာပြောကျတဲ့ ညီအစ်ကိုမောင်နှစ်မများကို ကူပြီးပါပြီလို့ အားလုံး Peace ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ သာဓုပါ ယုန်လေးရေ။

Happy – Cele Zone
Photo – Yone Lay

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေရႊတိဂံုဘုရားအေရွ႕ဘက္မုခ္မွာ ၾကံရည္ေရာင္းတဲ့ ဘဝသမား Rapper တစ္ေယာက္အတြက္ လိုအပ္တာေတြ ေထာက္ပံ့လွဴတန္းေပးခဲ့တဲ့ ယုန္ေလး

ျပီးခဲ့တဲ့ရက္ပိုင္းေလာက္က ယုန္ေလးတစ္ေယာက္ အင္တာဗ်ဴးတစ္ခုမွာေတြ႕ရတဲ့ ဂီတကို ဝါသနာပါတဲ့ Rapper ေလး တစ္ေယာက္ကို ကူညီခ်င္တဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေရးသားခဲ့ပါေသးတယ္။ အျမဲလိုလို လိုအပ္တဲ့ေနရာတိုင္းကို တတ္ႏိုင္သေလာက္ ေထာက္ ပံ့ေပးတတ္တဲ့ စိတ္ထားျဖဴတဲ့ ယုန္ေလးတစ္ေယာက္ ဒီတစ္ေခါက္မွာလည္း ကိုယ္ႏိုင္သေလာက္ေလး သြားလွဴေပးခဲ့ပါေသးတယ္။

Rap ဆိုရတာ ဝါသနာပါျပီး လမ္းေၾကာင္းေပၚေရာက္ဖို႔ ခက္ခဲေနသူေတြကိုလည္း တတ္ႏိုင္ သေလာက္ လက္ကမ္းခဲ့သူ တစ္ေယာက္ပါ။ ဒီ Rapper ေလးဟာ ေရြတိဂံုဘုရား အေရွ႕ဖက္မုခ္မွာ ၾကံရည္ေရာင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ခက္ခဲတဲ့ ဘဝေတြထဲကေန ဂီတလမ္းေၾကာင္း ေပၚမွာ ေလွ်ာက္လွမ္းခ်င္သူတစ္ေယာက္ပါ။ အခုလည္း ယုန္ေလးက အားလံုး stay home ေနၾက တဲ့ ကာလျဖစ္တာမို႔ အမ်ားၾကီးမတတ္ႏိုင္ေပမယ့္ တတ္ႏိုင္သေလာက္ကိုေတာ့ ရေအာင္ သြားကူခဲ့ပါေသးတယ္။

သူ႕ရဲ႕ၾကည္ႏူးပီတိေလးကိုေတာ့ ” ေရႊတိဂံုဘုရားအေရွ႕ဘက္က ကြ်န္ေတာ္လို႔ မိဘမဲ့ညီေလး ေက်ာ္စြာ A4 ကို ဒီေန႔ သြားေတြ့ခဲ့ပါတယ္ အက်ီေလးေတြ အစားေသာက္ Veve Mask သံုးဖို႔ ေငြ ညီမေလး ေရႊယင္းမာ က ၅ေသာင္း ကြ်န္ေတာ္လည္း ၅ေသာင္း ေပးခဲ့ၿပီး အဆက္သြယ္ရ ေအာင္ ဖုန္းေလးလည္းဝယ္ေပးခဲ့ပါတယ္ Cb ကေန႔ေရာ .မန္းရွင္းေတြေခၚ ၿပီးေရာ ကြ်န္ေတာ္ ကိုလာေျပာက်တဲ့ ညီအစ္ကိုေမာင္ႏွစ္မမ်ားကို ကူၿပီးပါၿပီလို႔ အားလံုး Peace ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။ သာဓုပါ ယုန္ေလးေရ။

Happy – Cele Zone
Photo – Yone Lay