ကပ်ကြီးပြီးရင် ထပ်ပြီးလှနေဖို့အတွက် အပြင်းစားလေ့ကျင့်ခန်းတွေလုပ်နေတဲ့ သင်ဇာရဲ့ဗီဒီယို

Posted on

Sexy Actress ဖြစ်တာကြောင့် ကိုယ်ခန္ဓာရဲ့လှပမှုကို သူများတွေထက် ပိုပြီးထိန်းသိမ်းဖို့ လိုတာမို့ သင်ဇာတစ်ယောက် stay home ကာလတွေမှာ လေ့ကျင့်ခန်းတွေအပြတ်အသတ် လုပ်နေပါတယ်။ ဒီနေ့မှာတော့ သူမလုပ်တဲ့အပြင်းစားလေ့ကျင့်ခန်းတစ်ခုကို လူမှု ကွန်ရက်မှာ ဝေမျှခဲ့ပါ တယ်။ ဒါကတော့ ကင်းမြှီးကောက်ထောက်ရက်အနေအထားမှာ တစ်ယောက်က ဗိုက်ကို ထုထည်ကြီးတဲ့ ဟာ တစ်ခုနဲ့ ရိုက်ပေးနေရတဲ့လေ့ကျင့်ခန်းမျိုးပါ။

ပြည့်ပြည့်လေးအနေအထားမှာရောက်နေတဲ့သင်ဇာတစ်ယောက် သူမရဲ့ခန္ဓာကိုယ်ကို ဒီထက်ပိုပြီး ကျစ်လျစ်ချင်တာကြောင့် အခုလို အပြင်းအထန်လေ့ကျင့်နေခဲ့တာပါ။ နဂိုကတည်းက ကောက်ကြောင်းပေါ်ပြီးသားဖြစ်ပေမယ့် အခုလိုထပ်ပြီးလေ့ကျင့်တော့လည်း ပိုပြီးလှလာတာ ပေါ့နော်။ ရှေ့လျောက်သင်ဇာ့ရဲ့ အမိုက်စားပုံတွေအတွက်တောင် ကြိုပြီးရင်ခုန်နေရပါပြီ။

အရင်ကတည်းက အဆက်မပြတ်လေ့ကျင့်ခန်းတွေလုပ်ခဲ့ပြီး အခုရက်ပိုင်းကတော့ အလုပ်တွေ သိပ်မရှိတော့ လေ့ကျင့်ခန်းတွေ အချိန်ပို ပေးဖြစ်တာပေါ့နော်။ အရမ်းတွေ မိမိုက်နေတဲ့ သင်ဇာ အဖြစ်နဲ့ ကပ်ကြီးပြီးရင် အားလုံးရဲ့ရှေ့ကို ရောက်လာတော့မယ်ဆိုတာ အသေ အချာပါပဲနော်။

Happy – Cele Zone
Photo – Thin Zar Wint Kyaw

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone