မိနစ်ပိုင်းအတွင်းမှာပဲ အိမ်နေရင်းပုံစံကနေ အလန်းဆုံးပုံစံကိုပြောင်းလဲပြခဲ့တဲ့ နာမည်ကျော် မော်ဒယ် မင်းသမီး ဆယ်ယောက်ရဲ့ ဗီဒီယို

Posted on

Tik Tok မှာ ခေတ်စားနေတဲ့ ပုံစံလေးတစ်ခုကတော့ အမျိုးသမီးတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်နေရင်းပုံစံကနေ အမိုက်စားပုံစံ တစ်ခုကိုပြောင်းလဲလိုက်တဲ့ ချဲလန့်လေးပါပဲ။ တစ်ယောက်က ပြင်ဆင်ပြီးနောက် Brush ကို နောက်တစ်ယောက်ဆီပေးလိုက်တဲ့ သဘော နဲ့ အဆင့်ဆင့် အလှဆုံးပြင်ပြီး အမိုက်ဆုံးပုံစံတွေအဖြစ်ပြောင်းလဲကြတဲ့ ဗီဒီယိုလေးဟာ အနောက်နိုင်ငံတွေက Tik Tok ကစားသူတွေ ကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

 

 

ဒီနေ့မှာတော့ ဒီပုံစံလေးကို မြန်မာပြည်ရဲ့ အလန်းစားအနုပညာရှင်ဆယ်ယောက်က ပါဝင်ပြီး ကစားထားတာဖြစ်ပါတယ်။ stay home နေရတဲ့ ခပ်ရိုးရိုးပုံစံကနေ ပွဲတက်တဲ့မင်းသမီးတွေပုံစံ ပြောင်းလဲသွားပုံက ရင်ခုန်ချင်စရာပါပဲ။ အားလုံးကလည်း လှလွန်းတဲ့သူတွေ ဆိုတော့ ထူးပြီးပြောစရာတောင်မလိုလောက်အောင်ပါ။

 

 

အလန်းစားဆယ်ယောက်ရဲ့ Tik Tok လေးကို မေမေချောရတနာက ” ဒီလိုအချိန်မှာပရိသတ်တွေ ဖျော်ဖြေဖို့ရာ ပျော်ဖို့ရာအတွက် မိတ်ကပ်နဲ့ သရုပ်ဆောင်ရတာခုံမင် မတ်မတ်တို့ရဲ့ ဝါသနာနဲ့ ကိုက်တဲ့ TT လေးနဲ့ ဖျော်ဖြေလိုက်ပါတယ်ရှင့်။ စတေးဟုမ်းနေကျတဲ့ မောင်နှမတွေဘယ်သူမဆိုဒီ challenge မှာပါဝင်နိုင်ပါတယ်ရှင့်။ နောက်တခေါက်ဒီထပ်လူပိုစုပြီး ထပ်ရိုက်ကြအုံးမယ်နော်။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

 

 

Happy – Cele Zone
Photo – Chaw Yadanar

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိနစ္ပိုင္းအတြင္းမွာပဲ အိမ္ေနရင္းပုံစံကေန အလန္းဆုံးပုံစံကိုေျပာင္းလဲျပခဲ့တဲ့ နာမည္ေက်ာ္ ေမာ္ဒယ္ မင္းသမီး ဆယ္ေယာက္ရဲ႕ ဗီဒီယို

Tik Tok မွာ ေခတ္စားေနတဲ့ ပုံစံေလးတစ္ခုကေတာ့ အမ်ိဳးသမီးေတြ တစ္ေယာက္ၿပီး တစ္ေယာက္ အိမ္ေနရင္းပုံစံကေန အမိုက္စားပုံစံတစ္ခုကိုေျပာင္းလဲလိုက္တဲ့ ခ်ဲလန႔္ေလးပါပဲ။ တစ္ေယာက္က ျပင္ဆင္ၿပီးေနာက္ Brush ကို ေနာက္တစ္ေယာက္ ဆီေပးလိုက္တဲ့သေဘာနဲ႔ အဆင့္ဆင့္ အလွဆုံးျပင္ၿပီး အမိုက္ဆုံးပုံစံေတြအျဖစ္ေျပာင္းလဲၾကတဲ့ ဗီဒီယိုေလးဟာ အေနာက္ႏို င္ငံေတြက Tik Tok ကစားသူေတြၾကားမွာ ေရပန္းစားလာခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ဒီပုံစံေလးကို ျမန္မာျပည္ရဲ႕ အလန္းစားအႏုပညာရွင္ဆယ္ေယာက္က ပါဝင္ၿပီး ကစားထားတာျဖစ္ပါတယ္။ stay home ေနရတဲ့ ခပ္႐ိုး႐ိုးပုံစံကေန ပြဲတက္တဲ့မင္းသမီးေတြပုံစံ ေျပာင္းလဲသြားပုံက ရင္ခုန္ခ်င္စရာပါပဲ။ အားလုံးကလည္း လွလြန္းတဲ့ သူေတြဆိုေတာ့ ထူးၿပီးေျပာစရာေတာင္မလိုေလာက္ေအာင္ပါ။

အလန္းစားဆယ္ေယာက္ရဲ႕ Tik Tok ေလးကို ေမေမေခ်ာရတနာက ” ဒီလိုအခ်ိန္မွာပရိသတ္ေတြ ေဖ်ာ္ေျဖဖို႔ရာ ေပ်ာ္ဖို႔ ရာအတြက္ မိတ္ကပ္နဲ႔ သ႐ုပ္ေဆာင္ရတာခုံမင္ မတ္မတ္တို႔ရဲ႕ ဝါသနာနဲ႔ ကိုက္တဲ့ TT ေလးနဲ႔ ေဖ်ာ္ေျဖလိုက္ပါတယ္ရွင့္။ စေတးဟုမ္း ေနက်တဲ့ ေမာင္ႏွမေတြဘယ္သူမဆိုဒီ challenge မွာပါဝင္ႏိုင္ပါတယ္ရွင့္။ ေနာက္တေခါက္ဒီထပ္လူပိုစုၿပီး ထပ္႐ိုက္ၾကအုံးမယ္ေနာ္။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Chaw Yadanar