ကိုသားကြီး (ဒွေး) နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ မိတ်ကပ် ညီညီမောင်

Posted on

လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းက ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဒွေးကို အနုပညာရှင်တော်တော်များများကလည်း ယနေ့ ထက်တိုင် သတိရနေကြဆဲပါ။ မိတ်ကပ် ညီညီမောင်လည်း ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ” ဒွေး (ကိုသားကြီး ) ရဲ့ပရိတ်သတ်ပါ ရုပ်ရှင်လောက ကို မိတ်ကပ် လိုက်ပြင်ဖြစ်တော့ လိုက်ရတဲ့ မင်းသမီးကလဲ အဲ့ခေတ်က အကယ်ဒမီ မင်းသမီးဆိုတော့ ရုပ်ရှင်ကားကြီးဆို ကိုသားကြီး၊ ကိုလွင်မိုး၊ ဦးကျော်၊ ကျော်ဟိန်း တို့နဲ့ကအမြဲဆုံဖြစ်ပါတယ် နောက်ပိုင်းတော့ အန်ကယ်လေး ကိုလူမင်း၊ ခန့်စည်သူ၊ မင်းမော်ကွန်း စသည်ဖြင့်ပေါ့လေ မိုးတွင်းဆိုရင် ပုဂံ၊ ပုပ္ပါး ဘက်အရိုက်များပြီး နွေဆိုရင် မေမြို့ တက်ရိုက်ကျတာများပါတယ် ကျန်တဲ့ အချိန်ဆိုရင်တော့ ရန်ကုန်မှာပဲရိုက်ဖြစ်တာများပါ တယ် ကိုသားကြီးက စက်အဖွဲ့တွေကိုလဲ အမြဲမုန်ဖိုးပေးသလို ကြုံရင်ကြုံသလို မိတ်ကပ်ဆရာ အခြောက်မလေးတွေလဲ မုန့်ဖိုးပေးပါတယ် (၅၀၀၀) (၁၀၀၀၀) စသည်ဖြင့်ပေါ့ အဲခေတ်က (၅၀၀၀) ဆို ကျမတို့မိသားစု အဖိုး အမေ ညီမလေး ကျမအပါဝင် မိသားစု လေးယောက် တပတ်စာ ထမင်းဟင်းအိမ်စရိတ်ရပါတယ် စိတ်ကောင်းရှိတဲ့အကိုပါ အမြဲ လည်း မုန့်ဖိုးပေးပါတယ် ”

” အဲခေတ်က ကားရိုက်ကြေး တကား ၃၀၀၀၀ ရပါတယ် မနည်းပါဘူး ဆိုင်ကိုပြန်အပ်ရပါတယ် ၁၀ကားစာတခါထုပ်ရင် ၃သိန်းရပါတယ် ဆိုင် ကိုပြန်အပ်ရင်ရှုတင်လိုက်ခ ၅ သောင်း ပြန်ရပါ တယ် ရုပ်ရှင် ၁၀ကား လိုက်ထားတာဆိုတော့ ၄ လ ကျော်လောက်ကြာပါတယ် အိမ်စရိတ် မလောက်ဖူးပေါ့ရှင် လွယ်လွယ်ပြောရရင် အမေဆေးဖိုး ညီမကျောင်းစရိတ် အဖိုးနဲ့ မိသားစု စားစရိတ်တွေက ရှိသေးတယ် မလား ဒါတောင် တိုက်ခန်းလေးက (၇) လွှာမှာ အပိုင်ရှိလို တော်ပါသေးတယ် ပြောချင်တာကတော့ ကိုသားကြီးနဲ့ ကားရိုက်ရင် မုန့်ဖိုး အပိုလေးရတော့ အသက်ရှူချောင်တာလေးကိုပြောချင်တာပါ မလတ်ကတော့ မသိရှာပါဘူး တစ်ကား ၃သောင်း ဆို တခါထုပ် ၁၀ ကား စာ သုံးသိန်းရတယ်ပဲထင်နေတာ အဲခေတ်က ရွှေတကျပ်သား ၅သောင်း ခေတ်လေ သုံးသောင်းဆိုတာအများကြီး ကိုယ်ကပြန်ရတာ တကားစာ (၅၀၀၀) ဆိုင်ကဖြတ်တာ (၂၅၀၀၀) မိတ်ကပ်ဆံပင်ပစ္စည်းတွေတော့ပေးပါတယ် ဒါတွေမတွက်ပါဘူး ရှုတင်လိုက်ချင်တာ ကို ကိုယ်လိုက်ရတဲ့ မင်းသမီးကလဲ ကိုယ်ဘယ်လိုပြင်ပြင် သည်းခံပေးတော့ ပျော်တာပေါ့လေ မလောက်မင ပိုက်ဆံလိုလဲ ရှိတဲ့ ရွှေတိုရွှေစ စတီးချိုင့်ကစ အပေါင်ဆိုင်ပို့ ရှုတင်လိုက်ခဲ့တဲ့ ရှုတင်ရူးမလေးပါနော် ”

 

” ကိုသားကြီး နဲ့ ဟိုတယ် အတူတူ တည်းရတာလဲများပါတယ် ကိုသားကြီး ဟိုတယ်က ထွက်သွား ပြီး ပြန်လာပြီဆို အကိုရေမွှေးနံက ဟိုတယ် တခုလုံးမွှေးကြိုင်နေလေရော အဲ့ခေတ်ထဲက နာမည် ကြီး ယောကျာ်းဆန်သော အနံ့ရေမွှေးထင်ပါတယ် အသုံးဆောင် အနေထိုင်ကလည်း သန့်မှသန့် အဓိက က ကိုသားကြီးရဲ့မျက်လုံးပဲ ကြည့်လိုက်တာနဲ့ စကားပြောနေသလိုလို ကိုယ်တွေကတော့ ကြည့်တောင်ခိုးပဲကြည့်ရဲပါတယ် ကူညီတတ်တယ် စိတ်ကာင်းရှိတဲအကို အစောကြီးကြွေလွင့်သွားလို နှမျောမိတာအမှန်ပါ ဒီ photo လေးကတော့ ရူတင်အပြီး အကိုမွေးနေ့ မေမြို့မှာစားကျသောက်ကျတာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်တာပဲ အဲ့ကား နာမည်တော့ မမှတ်မိတော့ဘူး ဗီဒီရို ကိုသားကြီးမနန္ဒာ တင့်တင့်ထွန်း တို့နဲ့ရိုက်တာ အရင်တုန်းက ဆို ရှုတင်တွေမှာ စည်းစည်းလုံးလုံးနဲ့ပျော်ဖို့ကောင်း လိုက်တာ အလုပ်ပြီးရင်အားလုံး မိသားစုလိုပါပဲရှင် ဘဝ အမှတ်တရများစွာထဲက အမှတ်တရပါ တလုပ်စားဖူးသူ့ကျေးဇူး ကိုသားကြီး ကောင်းရာမွန်ရာဘုံဘဝမှာ စံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။ လူသေပေမယ့် နာမည်မသေတဲ့ မင်းသားပါ။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုသားႀကီး (ေဒြး) နဲ႔ ပတ္သက္တဲ့ အမွတ္တရေတြကို ေျပာျပလာတဲ့ မိတ္ကပ္ ညီညီေမာင္

လြန္ခဲ့တဲ့ဆယ္စုႏွစ္ေလာက္ကတည္းက ပရိသတ္ေတြကို ႏႈတ္ဆက္သြားခဲ့တဲ့ ေဒြးကို အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း ယေန႔ထက္တိုင္ သတိရေနၾကဆဲပါ။ မိတ္ကပ္ ညီညီေမာင္လည္း ေဒြးနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ” ေဒြး (ကိုသားႀကီး )ရဲ႕ ပရိတ္သတ္ပါ ႐ုပ္ရွင္ေလာက ကို မိတ္ကပ္ လိုက္ျပင္ျဖစ္ေတာ့ လိုက္ရတဲ့ မင္းသမီးကလဲ အဲ့ေခတ္က အကယ္ဒမီ မင္းသမီးဆိုေတာ့ ႐ုပ္ရွင္ကားႀကီးဆို ကိုသားႀကီး၊ ကိုလြင္မိုး၊ ဦးေက်ာ္၊ ေက်ာ္ဟိန္း တို႔နဲ႔ကအၿမဲဆုံျဖစ္ပါတယ္ ေနာက္ပိုင္းေတာ့ အန္ကယ္ေလး ကိုလူမင္း၊ ခန႔္စည္သူ၊ မင္းေမာ္ကြန္း စသည္ျဖင့္ေပါ့ေလ မိုးတြင္းဆိုရင္ ပုဂံ၊ ပုပၸါး ဘက္အ႐ိုက္မ်ားၿပီး ေႏြဆိုရင္ ေမၿမိဳ႕ တက္႐ိုက္က်တာမ်ားပါတယ္ က်န္တဲ့အခ်ိန္ဆိုရင္ေတာ့ ရန္ကုန္မွာပဲ႐ိုက္ျဖစ္တာမ်ားပါ တယ္ ကိုသားႀကီးက စက္အဖြဲ႕ေတြကိုလဲ အၿမဲမုန္ဖိုးေပး သလို ႀကဳံရင္ႀကဳံသလို မိတ္ကပ္ ဆရာ အေျခာက္မေလးေတြလဲ မုန႔္ဖိုးေပးပါတယ္ (၅၀၀၀) (၁၀၀၀၀) စသည္ျဖင့္ေပါ့ အဲေခတ္က (၅၀၀၀) ဆို က်မတို႔မိသားစု အဖိုး အေမ ညီမေလး က်မအပါဝင္ မိသားစု ေလးေယာက္ တပတ္စာ ထမင္းဟင္းအိမ္စရိတ္ရပါတယ္ စိတ္ေကာင္းရွိတဲ့အကိုပါ အၿမဲလည္းမုန႔္ဖိုးေပးပါတယ္ ”

” အဲေခတ္က ကား႐ိုက္ေၾကး တကား ၃၀၀၀၀ ရပါတယ္ မနည္းပါဘူး ဆိုင္ကိုျပန္အပ္ရပါတယ္ ၁၀ကားစာတခါထုပ္ရင္ ၃သိန္းရပါတယ္ ဆိုင္ ကိုျပန္အပ္ရင္႐ွုတင္လိုက္ခ ၅ ေသာင္း ျပန္ရပါ တယ္ ႐ုပ္ရွင္ ၁၀ကား လိုက္ထားတာဆိုေတာ့ ၄ လ ေက်ာ္ေလာက္ၾကာပါတယ္ အိမ္စရိတ္ မေလာက္ဖူးေပါ့ရွင္ လြယ္လြယ္ေျပာရရင္ အေမေဆးဖိုး ညီမေက်ာင္းစရိတ္ အဖိုးနဲ႔ မိသားစု စားစရိတ္ေတြက ရွိေသး တယ္မလား ဒါေတာင္ တိုက္ခန္းေလးက (၇) လႊာမွာ အပိုင္ရွိလို ေတာ္ပါေသးတယ္ ေျပာခ်င္တာကေတာ့ ကိုသားႀကီးနဲ႔ ကား႐ိုက္ရင္ မုန႔္ဖိုးအပိုေလးရေတာ့ အသက္ရႉေခ်ာင္တာေလးကိုေျပာခ်င္တာပါ မလတ္ကေတာ့ မသိရွာပါဘူး တစ္ကား ၃ေသာင္း ဆို တခါထုပ္ ၁၀ကားစာ သုံးသိန္းရတယ္ပဲထင္ေနတာ အဲေခတ္က ေ႐ႊတက်ပ္သား ၅ေသာင္း ေခတ္ေလ သုံးေသာင္းဆိုတာ အမ်ား ႀကီး ကိုယ္ကျပန္ရတာတကားစာ (၅၀၀၀) ဆိုင္ကျဖတ္တာ (၂၅၀၀၀) မိတ္ကပ္ဆံပင္ပစၥည္းေတြေတာ့ေပးပါတယ္ ဒါေတြမတြက္ပါဘူး ႐ွုတင္လိုက္ခ်င္တာ ကို ကိုယ္လိုက္ရတဲ့ မင္းသမီးကလဲ ကိုယ္ဘယ္လိုျပင္ျပင္ သည္းခံေပးေတာ့ ေပ်ာ္တာေပါ့ေလ မေလာက္မင ပိုက္ဆံလိုလဲ ရွိတဲ့ ေ႐ႊတိုေ႐ႊစ စတီးခ်ိဳင့္ကစ အေပါင္ဆိုင္ပို႔ ရွုတင္လိုက္ခဲ့တဲ့ ရႈတင္႐ူးမေလးပါေနာ္ ”

” ကိုသားႀကီး နဲ႔ ဟိုတယ္ အတူတူ တည္းရတာလဲမ်ားပါတယ္ ကိုသားႀကီး ဟိုတယ္က ထြက္သြား ၿပီး ျပန္လာၿပီဆို အကိုေရေမႊး နံက ဟိုတယ္ တခုလုံးေမႊးႀကိဳင္ေနေလေရာ အဲ့ေခတ္ထဲက နာမည္ ႀကီး ေယာက်ာ္းဆန္ေသာ အနံ႔ေရေမႊးထင္ပါတယ္ အသုံးေဆာင္အေနထိုင္ကလည္း သန႔္မွသန႔္ အဓိက က ကိုသားႀကီးရဲ႕မ်က္လုံးပဲ ၾကည့္လိုက္တာနဲ႔ စကားေျပာေနသလိုလို ကိုယ္ေတြကေတာ့ ၾကည့္ေတာင္ခိုးပဲၾကည့္ရဲပါတယ္ ကူညီတတ္တယ္ စိတ္ကာင္းရွိတဲအကို အေစာႀကီးေႂကြလြင့္သြားလို ႏွေမ်ာမိတာအမွန္ပါ ဒီ photo ေလးကေတာ့ ႐ူတင္အၿပီး အကိုေမြးေန႔ ေမၿမိဳ႕မွာစားက်ေသာက္က်တာ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း ႐ိုက္တာပဲ အဲ့ကား နာမည္ေတာ့မမွတ္မိေတာ့ဘူး ဗီဒီ႐ို ကိုသားႀကီးမနႏၵာ တင့္တင့္ထြန္း တို႔နဲ႔႐ိုက္တာ အရင္တုန္းက ဆို ႐ွုတင္ေတြ မွာ စည္းစည္းလုံးလုံးနဲ ႔ေပ်ာ္ဖို႔ေကာင္း လိုက္တာ အလုပ္ၿပီးရင္အားလုံး မိသားစုလိုပါပဲရွင္ ဘဝ အမွတ္တရမ်ားစြာထဲက အမွတ္တရပါ တလုပ္စားဖူးသူ႔ေက်းဇူး ကိုသားႀကီး ေကာင္းရာမြန္ရာဘုံဘဝမွာ စံစားေနရမယ္ဆိုတာ ယုံၾကည္ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါ တယ္။ လူေသေပမယ့္ နာမည္မေသတဲ့ မင္းသားပါ။

Happy – Cele Zone
Photo – Nyi Nyi Maung