ဘယ်လိုမှဖျောက်ဖျက်မရနိုင်တဲ့ အစွဲအလမ်းကြီးတဲ့သူ့ရဲ့စိတ်အကြောင်းကို ပြောပြလာတဲ့ G-Fatt

Posted on

ကိုယ်ပိုင်သံစဉ်သီချင်းအမိုက်စားတွေနဲ့အောင်မြင်မှုရရှိထားသူ G-Fatt ကတော့ အခုဆိုရင် လူငယ်ပရိသတ်ကြားမှာ ရေပန်းစားတဲ့အဆိုတော်တွေထဲက တစ်ယောက်ပါ။ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနောက်က လူတွေမသိသေးတဲ့သူ့ရဲ့စိတ်အကြောင်းကိုတော့ ဒီနေ့မှာမျှဝေပေးခဲ့ပါတယ်။

“ငယ်ငယ်တည်းက စားနေကြ လမ်းထိပ်က အသုပ်ဆိုင်ရှိတယ် အခုထိ မနက်စာ ခေါက်ဆွဲသုပ်စားမယ်ဆို အဲ့အသုပ်ဆိုင်ကမဟုတ်ရင် မစားတတ်ဘူး။ တနေရာရာ သွားရင်လည်း သွားဖို့ လမ်းနှစ်လမ်းရှိတယ်ဆိုပါစို့ သွားနေကျလမ်းကပဲ အမြဲသွားဖြစ်တယ် တခြားလမ်းက(များသောအားဖြင့်) မသွားတတ်ဘူး။ အပြင်သွားဖို့ အဝတ်အစားဝတ်ရင်လည်း အသစ်တွေရှိတယ် ဆိုပါစို့ ဝတ်နေကျ အဝတ်တွေလောက် Confidence မရှိဘူး ။သူငယ်ချင်းဆိုလည်း အသစ်တွေအများကြီးရှိတာပေါ့… ငယ်ငယ်ကကောင်တွေကို ဘယ်ကြောင့်မှ လက်တွဲမဖြုတ်နိုင်ခဲ့ဘူး ။ပြောရရင် အများကြီးရှိသေးတယ် ..ဘယ်လိုတောင် အစွဲလမ်းကြီးမှုတွေလည်း ကျွန်တော် မသိဘူး… ပျောက်အောင်လည်း မဖျောက်နိုင်ခဲ့ဘူး” ဆိုပြီး အစွဲအလမ်းကြီးလွန်းတဲ့သူ့ရဲ့စိတ်အကြောင်းကို မျှဝေပေးခဲ့ပါတယ်။

G-Fatt ကတော့ မကြာသေးခင်ကမှ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ လမ်းခွဲခဲ့ပြီး တစ်ကိုယ်တည်းနေထိုင်နေသူပါ။ ပရိသတ်တွေကတော့ G-Fatt တစ်ယောက် အချစ်ရေးမှာရော အဲ့လိုပဲ အစွဲအလမ်းကြီးသလားဆိုတာကို စိတ်ဝင်စားပြီး မေးခွန်းထုတ်ခဲ့တဲ့အပေါ်မှာတော့ “မနက်စာ အသုပ်လေးစားရင်း ကိုယ့်အကျင့်လေးသတိထားမိလို့ တင်လိုက်တာပါ.. အချစ်တွေ ဘာညာတွေနဲ့မဆိုင်ပါဘူး… ထစ်ခနဲဆို အချစ်ပဲ.. အဲ့အချစ်ကြီးခဏ ဘေးဖယ်ထားကြစမ်းပါ” ဆိုပြီးပြန်လည်ရေးသားခဲ့ပါတယ် ပရိသတ်ကြီးရေ.. ပရိသတ်ကြီးထဲမှာရော G-Fatt လိုအစွဲအလမ်းကြီးတဲ့သူတွေရှိလား…


Source – G-Fatt
Ki Ki – Cele Zone