ဦးနေဝင်းနဲ့အိမ့်ချစ်ချောတို့စုံတွဲလေးဟာ (၁၁) နှစ်ကြာ ချစ်သူဘဝကိုဖြတ်သန်းခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှု တွေယုံကြည်မှုတွေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်လို့ အတော်လေးခိုင်မာတဲ့ Relationship တစ်ခုပါ။ Show တစ်ခုမှာဖျော်ဖြေရင်းနဲ့ ဦးနေဝင်းက ချောကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနောက် နှစ်ယောက်တစ်ကမ္ဘာထူထောင်ဖို့အတွက် အဆင်သင့် ဖြစ်နေကြပါတယ်။
လတ်တလောဖြစ်နေတဲ့ရောဂါတွေကြောင့်သာ မင်္ဂလာပွဲကိုနောက်ရွှေ့ခဲ့ရပေမယ့် အတူတူနေဖို့ အိမ်လေးကလည်းအဆင်သင့်ဖြစ်လို့ နေပါပြီ။ မနေ့က ဦးနေဝင်းရဲ့မွေးနေ့လေးမှာ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကြည်နူးစရာအချစ်ဇာတ်လမ်း လေးဟာ ဒီလိုပျော်စရာတွေနဲ့အဆုံးသတ်သွားတော့ ပိုပြီးရိုမန့်တစ်ဆန်သွားတာပေါ့နော်။
နှစ်ယောက်သားရဲ့ အမှတ်တရပုံရိပ်လေးကို ” ဒီနေ့က ဦးနေဝင်းရဲ့ မွေးနေ့ဖြစ်သလို ချောတို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးလည်း ဖြစ်သွားပြီ covid 19 ကြောင့် မင်္ဂလာဆောင်ရက်ရွှေ့ လိုက်ရတာကတော့ နောက်နှစ်တွေတိုင်း အသက်ကြီးတဲ့အထိ ပြန်ပြောမိနေမယ့် အမှတ်တရ တစ်ခုပဲပေါ့ အခုချိန်ထိ နောင်တမရတဲ့ အရာကတော့ ဘိုးတော်ကိုချစ်ခဲ့မိတာပေါ့ သုညကစပြီး အတူတူကြိုးစားခဲ့ရလို့ အဘွားကြီး ုဖြစ်တဲ့အချိန်ထိ အတူတူတုတ်ကောက်နဲ့လမ်းလျှောက်ချင် ပါသေးတယ်နော် ဒီနှစ်မွေးနေ့ လက်ဆောင်က ချောဘဝကြီး နော် ဒီကပ်ကြီးပြီးရင် ခရီးတွေ အများကြီးသွားမယ် သီချင်းတွေ အများကြီးဆိုပါ အလုပ်တွေအများကြီးလုပ်ကြမယ် ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။
Happy – Cele Zone
Photo – Nay Win
(ဇော်ဂျီဖြင့်ဖတ်ရန်)
ဦးနေဝင်းရဲ့မွေးနေ့မှာ ဘဝတစ်ခုလုံးကို လက်ဆောင်ပေးလိုက်ပြီဖြစ်တဲ့ အိမ့်ချစ်ချော
နှစ်ယောက်သားရဲ့ အမှတ်တရပုံရိပ်လေးကို ” ဒီနေ့က ဦးနေဝင်းရဲ့ မွေးနေ့ဖြစ်သလို ချောတို့ နှစ်ယောက်ရဲ့ အမှတ်တ ရနေ့လေးလည်း ဖြစ်သွားပြီ covid 19 ကြောင့် မင်္ဂလာဆောင်ရက်ရွှေ့ လိုက်ရတာကတော့ နောက်နှစ်တွေတိုင်း အသက်ကြီးတဲ့အထိ ပြန်ပြောမိနေမယ့်အမှတ်တရ တစ်ခုပဲပေါ့ အခုချိန်ထိ နောင်တမရတဲ့ အရာကတော့ ဘိုးတော်ကိုချစ်ခဲ့မိတာပေါ့ သုညကစပြီး အတူတူကြိုးစားခဲ့ရလို့ အဘွားကြီုးဖြစ်တဲ့အချိန်ထိ အတူတူတုတ်ကောက်နဲ့လမ်းလျှောက်ချင် ပါသေးတယ် နော် ဒီနှစ်မွေးနေ့ လက်ဆောင်က ချောဘဝကြီးနော် ဒီကပ်ကြီးပြီးရင် ခရီးတွေ အများကြီးသွားမယ် သီချင်းတွေ အများကြီးဆိုပါ အလုပ်တွေအများကြီးလုပ်ကြမယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Nay Win