မွေးနေ့မှာ Covid-19 ကာကွယ်ရေးအတွက် ငွေကျပ်သိန်းသုံးဆယ်လှူဒါန်းလိုက်တဲ့ အဆိုတော် Ar-T

Posted on

လူငယ်ကြိုက်ပရိသတ်အချစ်တော်အဆိုတော်တွေထဲမှာတော့ Ar-T တစ်ယောက်လည်း အပါအဝင်ပါ။ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေနဲ့အတူ သီချင်းများစွာထွက်ရှိထားကာ ပရိသတ်ကိုလည်း ဖမ်းစားထားနိုင်တာဖြစ်ပါတယ်။ ဒီနေ့ကတော့ အဆိုတော်Ar-T ရဲ့မွေးနေ့ရက်မြတ်လေးလည်း ဖြစ်ပါတယ်။


မွေးနေ့ရက်မြတ်မှာ ကုသိုလ်တွေပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို ” Happy Birthday to me ” မွေးနေ့မှာ အမှတ်တရအဖြစ် ငွေကျပ်သိန်း( ၃၀ )တိတိကို ပြည်သူ့ကျန်းမာရေးအတွက် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ သို့KBZ bank မှတဆင့်လှူဒါန်းခဲ့ပါတယ် ။ ကျနော့် မွေးနေ့ရက် မွေးနေ့လမှာ စိတ်ဆင်းရဲစရာ ကပ်ဘေးနှင့် ကြုံတွေ့နေရသော်လည်း ယခုလို နိုင်ငံတော်က ဦးဆောင်ပြီး တိုင်းပြည်အတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် ပြည်သူတွေက လှူဒါန်းတဲ့ ကဏ္ဏမှာ ပါဝင်ကုသိုလ်ယူခွင့်ရတာကိုကျနော်အထူးပင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကပ်ဆိုးကြီး အမြန်ပြီးဆုံးပြီးပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ဖို့ မျှော်လင့်ရင်း ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။


လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Covid – 19 ရောဂါပျံ့နှံ့မှုကြောင့် စိုးရိမ်ထိတ်လန့်နေရတာပါ။ Ar-T ကတော့ ကပ်ဆိုးကာလကြီးမှာ မွေးနေ့ကျရောက်ပေမဲ့ လိုအပ်တဲ့နေရာတွေကို မမေ့မလျော့အလှူငွေတွေလှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှစပြီး အနုပညာလောကမှာ အခုထက်ပိုပြီးအောင်မြင်မှုများစွာကိုရရှိနိုင်ပါစေ Ar-T ရေ…
Source : ThiHaTun