သားလေးကိုကျောပေါ်တင်ပြီးဒိုက်ထိုးတဲ့ အပြင်းစားလေ့ကျင့်ခန်းကို ချဲလန့်ခေါ်လိုက်တဲ့ ဇဏ်ခီ

Posted on

အမြဲတမ်း Gym ဆော့ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်နေလေ့ရှိတဲ့ ဇဏ်ခီတစ်ယောက် stay at home နေ့ရက်တွေမှာ အလကား မဖြစ်ရလေအောင် အပြင်းစားလေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတောင် ပေ (၅၀) ဆက်တိုက် အသွားအပြန် ကြိုးခုန်တဲ့ ချဲလန့်လုပ်ခဲ့ ုပြီး ဇနီးဖြစ်သူ ခရစ္စတီးနားခီကလည်း ဒီချဲလန့်ကို လက်ခံပြီး လိုက်လုပ်ခဲ့ပါတယ်။

ဒီနေ့မှာလည်း သားလေးကိုကျောပေါ်တင်ပြီး ဒိုက်ထိုးနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ပျော်စရာမိသားစုလေးဟာ stay at home နေ့ရက်တွေရောက်မှာပဲ အချိန်အကြာကြီးအတူတူရှိနိုင်တာမို့ ဒီအချိန်လေးတွေဟာ တန်ဖိုးရှိပါတယ်။ အရင်ကဆို ဖေဖေရော မေမေရော အလုပ်တွေနဲ့ခရီးသွားတိုင်း သားလေးကို အမြဲမခေါ်သွားနိုင်ခဲ့ပါဘူး။

သားလေးကိုကျောပေါ်တင်ပြီး ဒိုက်ထိုးတဲ့ ချဲလန့်ကို ” Next challenge! ကလေးမရှိသူများ ခွေးတင်လည်းရပါသည်။ ” ဆိုပြီး ဇဏ်ခီက တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီချဲလန့်ကိုတော့ ဘယ်သူတွေပါဝင်ပြီး ကစားမလဲဆိုတာ ရင်ခုန်ချင်စရာပဲနော်။ ဗလတောင့်တောင့် အမျိုးသားတွေ သာ ပိုပြီးလုပ်နိုင်မယ့်ချဲလန့်ဆိုတော့ ကြည့်ကောင်းမှာတော့ အသေအချာပဲ။

Happy – Cele Zone
Photo – Zenn Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

သားေလးကိုေက်ာေပၚတင္ၿပီးဒိုက္ထိုးတဲ့ အျပင္းစားေလ့က်င့္ခန္းကို ခ်ဲလန႔္ေခၚလိုက္တဲ့ ဇဏ္ခီ

အၿမဲတမ္း Gym ေဆာ့ၿပီး ကိုယ္ခႏၶာက်န္းမာႀကံ့ခိုင္ေအာင္ေနေလ့ရွိတဲ့ ဇဏ္ခီတစ္ေယာက္ stay at home ေန႔ရက္ေတြမွာ အလကားမျဖစ္ရေလေအာင္ အျပင္းစားေလ့က်င့္ခန္းေတြ လုပ္ခဲ့ပါ တယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာင္ ေပ (၅၀) ဆက္တိုက္ အသြားအျပန္ ႀကိဳးခုန္တဲ့ ခ်ဲလန႔္လုပ္ခဲ့ ုၿပီး ဇနီးျဖစ္သူ ခရစၥတီးနားခီကလည္း ဒီခ်ဲလန႔္ကို လက္ခံၿပီး လိုက္လုပ္ခဲ့ပါတယ္။

ဒီေန႔မွာလည္း သားေလးကိုေက်ာေပၚတင္ၿပီး ဒိုက္ထိုးေနတဲ့ ဗီဒီယိုေလးကို လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။ ေပ်ာ္စရာမိသားစု ေလးဟာ stay at home ေန႔ရက္ေတြေရာက္မွာပဲ အခ်ိန္အၾကာႀကီးအတူတူရွိႏိုင္တာမို႔ ဒီအခ်ိန္ေလးေတြဟာ တန္ဖိုးရွိပါတယ္။ အရင္ကဆို ေဖေဖေရာ ေမေမေရာ အလုပ္ေတြနဲ႔ခရီးသြားတိုင္း သားေလးကို အၿမဲမေခၚသြားႏိုင္ခဲ့ပါဘူး။

သားေလးကိုေက်ာေပၚတင္ၿပီး ဒိုက္ထိုးတဲ့ ခ်ဲလန႔္ကို ” Next challenge! ကေလးမရွိသူမ်ား ေခြးတင္လည္းရပါသည္။ ” ဆိုၿပီး ဇဏ္ခီက တင္ထားတာပဲ ျဖစ္ပါတယ္။ ဒီခ်ဲလန႔္ကိုေတာ့ ဘယ္သူေတြပါဝင္ၿပီး ကစားမလဲဆိုတာ ရင္ခုန္ခ်င္စရာပဲေနာ္။ ဗလေတာင့္ ေတာင့္အမ်ိဳးသားေတြ သာ ပိုၿပီးလုပ္ႏိုင္မယ့္ခ်ဲလန႔္ဆိုေတာ့ ၾကည့္ေကာင္းမွာေတာ့ အေသအခ်ာပဲ။

Happy – Cele Zone
Photo – Zenn Kyi