ပြေးစက်ပေါ်မှာ ကကွက်ဆန်းတွေနဲ့ အပီဒွန့်နေတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယို

Posted on

ဇာတ်လမ်းတွဲတွေမှာ မကြာခဏဆိုသလိုတွေ့ရတတ်တဲ့ ခေးဆက်သွင်တစ်ယောက် အိမ်ထဲမှာပဲ နေရတဲ့နေ့ရက်တွေမှာတောင် အားကစားကို မပျက်မကွက်လုပ်ပြီး ကိုယ်ခန္ဓာထိန်းသိမ်းဖို့ ကြိုးစားနေတာပါ။ အိမ်မှာပဲ လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်နေရင်း နဲ့ ကကွက်ပေါင်းစုံနဲ့ ကနေတဲ့ ခေးရဲ့ပုံစံကတော့ အရမ်းကိုတက်ကြွနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အိမ်မှာရှိတဲ့လူတွေရဲ့ သဘောကျတဲ့အချက်တွေနဲ့ လုပ်တတ်တဲ့ သဘာဝတွေကို ဗီဒီယိုလေးနဲ့ ဟာသလုပ် ပြီးရိုက်ကူးခဲ့ပါသေးတယ်။ ဒီဗီဒီယိုလေးဟာလည်း ကြည့်ရှုသူတွေအရမ်းကိုသဘောကျခဲ့ပြီး ခေးတို့အိမ်ရဲ့ ပျော်စရာအငွေ့အသက်လေး တွေကို ခံစားမိစေပါတယ်။

ဒီတစ်ခေါက်တော့ ခေးတစ်ယောက် သူမရဲ့လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးကို ” မကဲရတဲ့ နေ့တွေများတော့ အဆင်ပြေရဲ့လားတဲ့ ပြေပါတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ လေ့ကျင့်ခန်းလဲ လုပ်ရသလို စိတ်လွတ်ကိုယ်လွတ်လည်း က ရ တယ်ဆိုတော့ လှလဲလှ ပျော်လဲ ပျော်ပေါ့နော်။ စာဖတ်သူတွေလည်း stay at home ရင်း ပျော်စရာလေးတွေ ဖန်တီးကြည့်လိုက်ပါဦးနော်။

Happy – Cele Zone
Photo – Khay Sett Thwin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khay Sett Thwin