Stay Home ရင်း တစ်အိမ်လုံးရဲ့ ဆံသဆရာမလေးဖြစ်သွားတဲ့ မအေးသောင်းရဲ့ ဗီဒီယို

Posted on

တစ်နိုင်ငံလုံးနီးပါး stay home နေကြပြီး ဆံသဆိုင်တွေလည်းမဖွင့်တာမို့ မအေးသောင်းတစ်ယောက် အိမ်ရဲ့ဆံပင်ညှပ်ဆရာမလေး ဖြစ်လာခဲ့ပါတယ်။ မိခင်ဖြစ်သူက ယုံယုံကြည်ကြည်နဲ့ သူမရဲ့ဆံပင်အရှည်ကို ဂုတ်ဝဲလေးဖြစ်အောင်အထိ မအေးသောင်းကို ညှပ်ခွင့်ပြုခဲ့ ပါတယ်။ ယုံကြည်မှုမှန်ကန်တယ်လို့ပြောရမလားပဲ မအေးသောင်းလက်ရာလေးက ချစ်စရာကောင်းတဲ့ ပုံစံလေးဖြစ်ခဲ့ပါတယ်။

ကိုယ်တိုင်ရဲ့ရှေ့ဆံပင်လေးကိုလည်း ချစ်စရာအတိုလေးပုံစံညှပ်ခဲ့တဲ့အကြောင်းကို သူမရဲ့ Live ဗီဒီယိုမှာ ပြောခဲ့ပါသေးတယ်။ မိခင်ကို ဆံပင်ညှပ်ပေးနေတဲ့အချိန်မှာ အမဖြစ်သူ နှင်းဝတ်ရည်သောင်းကလည်း နိုင်ငံရပ်ခြားကနေ ဗီဒီယိုကောနဲ့ လှမ်းကြည့်နေပြီး ကျေနပ် ပျော်ရွှင်နေခဲ့ပါတယ်။

မိသားစုဆိုတာ အတူတူနေရမှာပျော်စရာကောင်းတာမဟုတ်ပါဘူး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနွေးထွေးမှုတွေ အပြန်အလှန် ပေးနေသမျှလည်း အနားမှာရှိနေသလိုပါပဲ။ သူမတို့ရဲ့ မိသားစုပျော်စရာအခိုက်အတန့်လေးကို မအေးသောင်းတစ်ယောက် Live လွှင့်ပြီး ဝေမျှခဲ့တာမို့ အပျိုကြီးလက်ရာဘယ်လောက်တောင် လှလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Happy – Cele Zone
Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)

Stay Home ရင္း တစ္အိမ္လုံးရဲ႕ ဆံသဆရာမေလးျဖစ္သြားတဲ့ မေအးေသာင္းရဲ႕ ဗီဒီယို

တစ္ႏိုင္ငံလုံးနီးပါး stay home ေနၾကၿပီး ဆံသဆိုင္ေတြလည္းမဖြင့္တာမို႔ မေအးေသာင္းတစ္ေယာက္ အိမ္ရဲ႕ဆံပင္ညႇပ္ဆ ရာမေလးျဖစ္လာခဲ့ပါတယ္။ မိခင္ျဖစ္သူက ယုံယုံၾကည္ၾကည္နဲ႔ သူမရဲ႕ဆံပင္အရွည္ကို ဂုတ္ဝဲေလးျဖစ္ေအာင္အထိ မေအးေသာင္းကို ညႇပ္ခြင့္ျပဳခဲ့ပါတယ္။ ယုံၾကည္မႈမွန္ကန္တယ္လို႔ေျပာရမလားပဲ မေအးေသာင္းလက္ရာေလးက ခ်စ္စရာေကာင္းတဲ့ ပံုစံေလး ျဖစ္ခဲ့ပါတယ္။

ကိုယ္တိုင္ရဲ႕ေရွ႕ဆံပင္ေလးကိုလည္း ခ်စ္စရာအတိုေလးပံုစံညွပ္ခဲ့တဲ့အေၾကာင္းကို သူမရဲ႕ Live ဗီဒီယိုမွာ ေျပာခဲ့ပါေသးတယ္။ မိခင္ကိုဆံပင္ညွပ္ေပးေနတဲ့အခ်ိန္မွာ အမျဖစ္သူ ႏွင္းဝတ္ရည္ေသာင္းကလည္း ႏိုင္ငံရပ္ျခားကေန ဗီဒီယိုေကာနဲ႔ လွမ္းၾ ကည့္ေနျပီး ေက်နပ္ေပ်ာ္ရႊင္ေနခဲ့ပါတယ္။

မိသားစုဆိုတာ အတူတူေနရမွာေပ်ာ္စရာေကာင္းတာမဟုတ္ပါဘူး တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးေႏြးေထြးမႈေတြ အျပန္အလွန္ေပးေနသမွ်လည္း အနားမွာရွိေနသလိုပါပဲ။ သူမတို႔ရဲ႕ မိသားစုေပ်ာ္စရာအခုိက္အတန္႔ေလးကို မေအးေသာင္း တစ္ေယာက္ Live လႊင့္ျပီး ေဝမွ်ခဲ့တာမို႔ အပ်ိုၾကီးလက္ရာဘယ္ေလာက္ေတာင္ လွလဲဆိုတာ ၾကည့္လုိက္ပါဦးေနာ္။

Happy – Cele Zone
Photo – Aye Thaung