(၁၈)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်လေးမှာ Covid-19 ကာကွယ်ကုသရေးမှာလိုအပ်တဲ့ပစ္စည်းတွေကိုလှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံ

Posted on

ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်လာပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ ဝါရင့်မင်းသမီးတစ်လက်ပါ။ သွက်လက်ပြီးနုပျိုနေတာကြောင့် ရှိရင်းစွဲအသက်ထက်များစွာငယ်တယ်လို့ထင်ရတဲ့ အလှပိုင်ရှင်တစ်ဦးပါ။ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး သမီးလေးစံထိပ်ထားဦးကိုလည်း မွေးဖွားထားပါတယ်။


ခိုင်သင်းကြည်ကတော့ အိမ်ထောင်သက်တမ်း(၁၈) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အဲ့ဒီအကြောင်းကို  “24.4.2020 ဒီနေ့ကတော့မခိုင်တို့ရဲ့၁၈နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ.. နှစ်တိုင်းအလှူလေးတွေလုပ်ပြီးပျော်ရွှင်စွာဖြတ်သန်းပါတယ်ရှင်..ဒီနေ့အလှူအဖြစ် Covid-19 ကာကွယ်ကုသရေးအတွက် Mask 3 layers အခု ၂၀၀၀ PPE ဝတ်စုံ ၅၀ Goggles အခု ၁၀၀တို့ကိုခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့်လှူဒါန်းခဲ့ပါတယ်ရှင်..ချစ်တဲ့သူတိုင်းကျန်းမာပျော်ရွှင်ကြပါစေ” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ အသိပေးရေးသားထားတာပါ။


သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသလို စိတ်ထားကောင်းတဲ့ ခိုင်သင်းကြည်ကတော့ မင်္ဂလာနှစ်ပတ်လည်မှာ Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်တဲ့အရာတွေကို လှူဒါန်းမှုပြုလုပ်သွားတာပါ။ ခေတ်သစ်ဖောင်ဒေးရှင်းကိုလှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်တွေသိရအောင်ပုံလေးတွေနဲ့အတူမျှဝေပေးလိုက်တာပါ။ မင်္ဂလာနှစ်ပတ်လည် (၁၈) နှစ်မှအသက်ထက်ဆုံး သာယာချမ်းမြေ့ပျော်ရွှင်တဲ့ဘဝလေးကို ဖြတ်သန်းနိုင်ပါစေနော်…
Source : KhineThinKyi