ဒီနေ့မှာအသက်(၄၃) နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင် အိန္ဒြာကျော်ဇင်

Posted on

ဒီနေ့ဧပြီလ(၂၄)ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အနုပညာကဝေလို့တင်စားခေါ်ဝေါ်ကြတဲ့အတိုင်း ဆယ်စုနှစ်နှစ်ခုကြာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ တောက်ပနေတဲ့ကြယ်တစ်ပွင့်ပါ။

အနုပညာခရီးမှတ်တိုင်အနေနဲ့ မျက်နှာများတဲ့ကောင်းကင်၊ ရင်ဘတ်ထဲကဓားဇာတ်ကားတွေနဲ့ အကောင်းဆုံအမျိုးသမီးဇာတ်ဆောင်ဆုကြီးကို ဆွတ်ခူးထားသူပါ။ လက်ရှိအချိန်မှာတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ပြေတီဦးနဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်ရတဲ့သားလေး၊သမီးလေးတွေနဲ့ ပျော်ရွှင်စွာနေထိုင်နေပါတယ်။

ခင်ပွန်းဖြစ်သူတည်ထောင်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှာလည်း ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေပြီး ငွေကြေးချို့တဲ့ပေမယ့်ထူးချွန်တဲ့ကလေးတွေရဲ့ ပညာရေးကိုထောက်ပံ့ကူညီပေးလျက်ရှိပါတယ်။ အနုပညာအလုပ်တွေအပြင် စီးပွားရေးအနေနဲ့ အီတလီ Brand ဖြစ်တဲ့ The Bridge ကိုမြန်မာနိုင်ငံရဲ့တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ ရောင်းချနေပြီး သုဒြာရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပါတယ်။ အနုပညာသက်ကြာလာလေလော အရည်အချင်းပြည့်လာလေဖြစ်တဲ့ မင်းသမီးလေးအိန္ဒြာကျော်ဇင်ကတော့ ဒီနေ့မှာ အောင်မြင်မှုတွေနဲ့ အတူ အသက်(၄၃) နှစ်ပြည့်ခဲ့ပါပြီတဲ့ ပရိသတ်ကြီးရေ…


Source – Eaindra Kyaw Zin
Ki Ki – Cele Zone