မိဘနှစ်ပါးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးအကြောင်းကို ပြောပြခဲ့တဲ့ စိုးပြည့်သဇင်

Posted on

လူတော်တော်များများဟာ အချစ်ဦးနဲ့မပေါင်းဖက်လိုက်ရတာများပါတယ်။ အချစ်ဦးနဲ့ လက်တွဲ ခွင့်ရတဲ့သူတွေကတော့ ကံကောင်းတဲ့ သူတွေပါ။ ဘဝတစ်လျှောက်လုံးမှာ ဒီတစ်ယောက်တည်း ကိုပဲချစ်ပြီး ဒီတစ်ယောက်တည်းနဲ့ပဲ ဘဝနေဝင်ချိန်ထိ လက်တွဲသွားရတဲ့ ချစ်ခြင်းမေတ္တာမျိုး ဆိုတာလည်း တော်ရုံရေစက်နဲ့ မဖြစ်နိုင်လောက်ပါဘူး။

 

 

 

စိုးပြည့်သဇင်ရဲ့မိဘနှစ်ပါးဟာတော့ ကံကောင်းတဲ့သူတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ချစ်ခဲ့ပြီး ကိုယ်ချစ်ရတဲ့ အချစ်ဦးနဲ့ပဲ အတူတူလက်တွဲလာခဲ့တာဟာ အခုဆိုရင် မင်္ဂလာနှစ်ပတ်လည်ဟာ (၃၂) နှစ်တိုင်ခဲ့ပါပြီ။ ကြည်နူးစရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဟာ တကယ့်ကိုပျော်စရာပါ။

 

 

 

မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ” Stay home 32 th Happy Anniversary ပါဖေကြီးနဲ့မေကြီး ဖေကြီးအတွက်ရော မေကြီး အတွက်ရောနှစ်ဦးစလုံးအတွက် first love တွေဖြစ်ပြီးတော့ ဒီနေ့ဒီအချိန်အထိမေတ္တာတရားတွေ သစ္စာတရားတွေနဲ့ တစ်သက်မှာ တစ်ခါ သာချစ်တဲ့..ချစ်ခြင်းတရားဟာအရမ်းတန်ဖိုးရှိလိုက်တာ ဒီနေ့ကျရောက်တဲ့ (၃၂) နှစ်ပြည့် Anniversary မှစ၍ ရွှေရတု စိန်ရတု တိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဆင်နွှဲနိုင်ပါစေ လို့သမီးဆုတောင်းပေးလိုက်ပါတယ် သမီးငယ်ဇင်ဇင် ” ဆိုပြီး စိုးပြည့်က ဆုတောင်းစကား ဆိုခဲ့ပါတယ်။

 

 

 

Happy – Cele Zone
Photo – Soe Pyae Thazin

(ဇော်ဂျီဖြင့်ဖတ်ရန်)

အခ်စ္ဦးအျဖစ္နဲ႔ ဖူးစာဆုံခဲ့ရၿပီး မဂၤလာႏွစ္ပတ္လည္ (၃၂) ႏွစ္တိုင္ခဲ့ၿပီျဖစ္တဲ့ စိုးျပည့္သဇင္ရဲ႕ မိဘႏွစ္ပါးရဲ႕ ၾကည္ႏူးစရာအခ်စ္ဇာတ္လမ္းေလးအေၾကာင္းကို ေျပာျပခဲ့တဲ့ စိုးျပည့္သဇင္

လူေတာ္ေတာ္မ်ားမ်ားဟာ အခ်စ္ဦးနဲ႔မေပါင္းဖက္လိုက္ရတာမ်ားပါတယ္။ အခ်စ္ဦးနဲ႔ လက္တြဲ ခြင့္ရတဲ့သူေတြကေတာ့ ကံေကာင္းတဲ့သူေတြပါ။ ဘဝတစ္ေလွ်ာက္လုံးမွာ ဒီတစ္ေယာက္တည္း ကိုပဲခ်စ္ၿပီး ဒီတစ္ေယာက္တည္းနဲ႔ပဲ ဘဝေနဝင္ခ်ိန္ထိ လက္တြဲသြားရတဲ့ ခ်စ္ျခင္းေမတၱာမ်ိဳး ဆိုတာလည္း ေတာ္႐ုံေရစက္နဲ႔ မျဖစ္ႏိုင္ေလာက္ပါဘူး။

စိုးျပည့္သဇင္ရဲ႕မိဘႏွစ္ပါးဟာေတာ့ ကံေကာင္းတဲ့သူေတြထဲမွာ အပါအဝင္ျဖစ္ခဲ့ပါတယ္။ ငယ္ငယ္ကတည္းက ခ်စ္ခဲ့ၿပီး ကိုယ္ခ်စ္ရတဲ့ အခ်စ္ဦးနဲ႔ပဲ အတူတူလက္တြဲလာခဲ့တာဟာ အခုဆိုရင္ မဂၤလာႏွစ္ပတ္လည္ဟာ (၃၂) ႏွစ္တိုင္ခဲ့ပါၿပီ။ ၾကည္ႏူးစရာမိသားစုဘဝေလးကို တည္ေဆာက္ထားတာဟာ တကယ့္ကိုေပ်ာ္စရာပါ။

မိဘေတြရဲ႕မဂၤလာႏွစ္ပတ္လည္ေန႔ေလးကို ” Stay home 32 th Happy Anniversary ပါေဖႀကီးနဲ႔ေမႀကီး ေဖႀကီး အတြက္ေရာ..ေမႀကီးအတြက္ေရာႏွစ္ဦးစလုံးအတြက္ first love ေတြျဖစ္ၿပီးေတာ့ဒီေန႔ ဒီအခ်ိန္အထိေမတၱာတရား ေတြသစၥာတရားေတြနဲ႔တစ္သက္မွာတစ္ခါသာခ်စ္တဲ့..ခ်စ္ျခင္းတရားဟာအရမ္းတန္ဖိုးရွိလိုက္တာ ဒီေန႔က်ေရာက္တဲ့ (၃၂) ႏွစ္ျပည့္ Anniversary မွစ၍ ေ႐ႊရတု စိန္ရတုတိုင္ေအာင္ စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာနဲ႔ ဆင္ႏႊဲႏိုင္ပါေစ လို႔သမီးဆုေတာင္း ေပးလိုက္ပါတယ္ သမီးငယ္ဇင္ဇင္ ” ဆိုၿပီး စိုးျပည့္က ဆုေတာင္းစကား ဆိုခဲ့ပါတယ္။

Happy – Cele Zone
Photo – Soe Pyae Thazin