ကိုမီကိအိပ်နေတဲ့အချိန်တိုင်းမှာ အမှတ်တရဖြစ်အောင် ဓာတ်ပုံတွေခိုးရိုက်လေ့ရှိတဲ့ စုစု

Posted on

အနောက်တိုင်းယဉ်ကျေးမှုမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီဆိုရင် ဒီတစ်ယောက်နဲ့ ရေရှည်လက်တွဲလို့ အဆင်ပြေပါ့မလား ဆိုတာကို စမ်းသပ်ဖို့အတွက် တစ်အိမ်ထဲမှာ အတူတူ နေရင်း တစ်ယောက်ကိုတစ်ယောက် လေ့လာကြပါတယ်။ အဆင်မပြေခဲ့ရင်လည်း လမ်းခွဲကြပြီး အဆင်ပြေရင်လည်း လက်ထပ်ပြီး ဘဝတစ်ခုကို အကောင်းမွန်ဆုံးဖြစ်အောင် ထူထောင်တတ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလိုယဉ်ကျေးမှုမရှိတာကြောင့် ကိုမီကိနဲ့ စုစုတို့စုံတွဲလေးနဲ့ပတ်သက်ပြီး အမျိုးမျိုးသောဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကိုမီကိက သူအိပ်နေတဲ့ အချိန်တိုင်း စုစုက ဓာတ်ပုံလေးတွေရိုက်ထားတဲ့ပုံတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပြီး နောက် ဝေဖန်သူတွေလည်း အများပြားရှိလာခဲ့ပါတယ်။ ဂျာမဏီနိုင်ငံသားဖြစ်တာမို့ ကိုမီကိအတွက် ဒီအလေ့အထဟာ မဆန်းပေမယ့် မြန်မာပြည်အတွက်တော့ ဝေဖန်စရာတစ်ခုဖြစ်နေခဲ့တာပါ။

ဘယ်သူတွေဘယ်လိုပဲ ဝေဖန်နေပါစေ ကိုမီကိနဲ့ စုစုတို့ရဲ့အချစ်တွေကတော့ ခိုင်မြဲလာခဲ့တာ အခုဆိုရင် (၂) နှစ် ပြည့်သွားခဲ့ပြီပဲဖြစ်ပါ တယ်။ ဒီပုံလေးတွေတင်တဲ့အချိန်မှာ စုစုက ” အေအေ အဆဲတောင်းကိုမီကစ်ရေ ဖြေးဖြေးဆဲရအောင် ရေလေးပါဘေးမှာချထားပေး လိုက် ကျမကတော့ရှင့်ကိုချစ်ပြီသား ” ဆိုပြီး မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။ ကိုမီကိနဲ့ စုစုတို့ နှစ်ယောက်က အပြန်အလှန် သိပ်ချစ်ကြ ပြီး ဘဝကို နှစ်ယောက်အတူ အကောင်းဆုံးကျော်ဖြတ် နေပုံကတော့ အားကျစရာပါပဲ။

Happy – Cele Zone
Photo – Mikis Weber

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုမီကိအိပ္ေနတဲ့အခ်ိန္တိုင္းမွာ အမွတ္တရျဖစ္ေအာင္ ဓာတ္ပုံေတြခိုး႐ိုက္ေလ့ရွိတဲ့ စုစု

အေနာက္တိုင္းယဥ္ေက်းမႈမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကၿပီဆိုရင္ ဒီတစ္ေယာက္နဲ႔ ေရရွည္လက္တြဲလို႔ အဆင္ေျပပါ့ မလားဆိုတာကို စမ္းသပ္ဖို႔အတြက္ တစ္အိမ္ထဲမွာ အတူတူ ေနရင္း တစ္ေယာက္ကိုတစ္ေယာက္ ေလ့လာၾကပါတယ္။ အဆင္မေျပခဲ့ရင္လည္း လမ္းခြဲၾကၿပီး အဆင္ေျပရင္လည္း လက္ထပ္ၿပီး ဘဝတစ္ခုကို အေကာင္းမြန္ဆုံးျဖစ္ေအာင္ ထူေထာင္တ တ္ၾက ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဒီလိုယဥ္ေက်းမႈမရွိတာေၾကာင့္ ကိုမီကိနဲ႔ စုစုတို႔စုံတြဲေလးနဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။ ဒီတစ္ေခါက္မွာလည္း ကိုမီကိက သူအိပ္ေနတဲ့ အခ်ိန္တိုင္း စုစုက ဓာတ္ပုံေလးေတြ႐ိုက္ထားတဲ့ပုံေတြကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ၿပီးေနာက္ ေဝဖန္သူေတြလည္း အမ်ားျပားရွိလာခဲ့ပါတယ္။ ဂ်ာမဏီႏိုင္ငံသားျဖစ္တာမို႔ ကိုမီကိအတြက္ ဒီအေလ့အထဟာ မဆန္းေပမယ့္ ျမန္မာျပည္အတြက္ေတာ့ ေဝဖန္စရာတစ္ခုျဖစ္ေနခဲ့တာပါ။

ဘယ္သူေတြဘယ္လိုပဲ ေဝဖန္ေနပါေစ ကိုမီကိနဲ႔ စုစုတို႔ရဲ႕အခ်စ္ေတြကေတာ့ ခိုင္ၿမဲလာခဲ့တာ အခုဆိုရင္ (၂) ႏွစ္ ျပည့္သြားခဲ့ ၿပီပဲျဖစ္ပါတယ္။ ဒီပုံေလးေတြတင္တဲ့အခ်ိန္မွာ စုစုက ” ေအေအ အဆဲေတာင္းကိုမီကစ္ေရ ေျဖးေျဖးဆဲရေအာင္ ေရေလးပါေဘးမွာခ်ထားေပးလိုက္ က်မကေတာ့ရွင့္ကိုခ်စ္ၿပီသား ” ဆိုၿပီး မွတ္ခ်က္ဝင္ေပးခဲ့ပါေသးတယ္။ ကိုမီကိနဲ႔ စုစုတို႔ ႏွစ္ေယာက္က အျပန္အလွန္သိပ္ခ်စ္ၾကၿပီး ဘဝကို ႏွစ္ေယာက္အတူ အေကာင္းဆုံးေက်ာ္ျဖတ္ ေနပုံကေတာ့ အားက်စရာပါပဲ။

Happy – Cele Zone
Photo – Mikis Weber