လတ်တလောအခြေအနေတွေနဲ့တိုက်ဆိုင်လွန်းလို့ နားထောင်မိသူတိုင်းမျက်ရည်ဝဲသွားစေမယ့် ဖိုးကာရဲ့ သီချင်းအသစ်

Posted on

ပေါ့(ပ်)သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ သောတအာရုံကို ဆယ်စုနှစ်တစ်စုစာ လောက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဝါရင့်အဆိုတော်ဖိုးကာတစ်ယောက် လတ်တလောဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေးနေရတဲ့ချစ်သူတွေအတွက်ရည်ရွယ်ပြီး သီချင်းကောင်လေး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ ခံစားချက်နဲ့တိုက်ဆိုင်သူတွေအဖို့တော့ အရမ်းကိုနားထောင်လို့ ကောင်းလွန်းပါတယ်။

အသံအေးအေးလေးနဲ့ဖမ်းစားနေကျအတိုင်း သီချင်းအေးအေးလေးဟာလည်း နားဆင်သူတိုင်းရဲ့ စိတ်အာရုံကို အပြည့်အဝ သိမ်းပိုက်နိုင် ခဲ့ပါတယ်။ ဒီသီချင်းလေးနာမည်က ” အခြေအနေပေးခဲ့ရင် ” ဖြစ်ပြီး ဖိုးကာကိုယ်တိုင်တီးပြီး ကိုယ်တိုင်ဆိုထားတာဖြစ်ပါတယ်။ အသက်အရွယ်တဖြည်းဖြည်းရလာပေမယ့် သံစဉ်တွေကတော့ နားထောင်လို့ကောင်းနေဆဲပါ။

ဒီသီချင်းဗီဒီယိုလေးကို ” ဝေးနေကြသူတွေ အားလုံး ပြန်ဆုံပါစေ။ အရာရာကို အရင်လို အကောင်းအတိုင်း ပြန်ဖြစ်ချင်တယ်။ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ တည်ငြိမ်တဲ့ အသွင်အပြင်၊ နားဝင်ချိုတဲ့အသံနဲ့ နှလုံးသားကို တိုက်ရိုက်ခံစားမိစေတဲ့ စာသားတွေ ကြောင့် သီချင်းကောင်းလေးတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။

Happy – Cele Zone
Photo – Phoe Kar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Phoe Kar