အသက် (၁၃) နှစ် မတိုင်ခင်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ မအေးသောင်း

Posted on

လက်ရှိမှာ အသက် (၃၆) နှစ် ရှိနေပြီဖြစ်တဲ့ မအေးသောင်းကိုတော့ အားလုံးက လက်ရှိ အသက်ထက် ပိုတယ်လို့ ထင်ကြေးအမျိုးမျိုး ပေးနေခဲ့ကြပါတယ်။ အမှန်တကယ်တော့ မအေးသောင်းဟာ (၇) တန်း နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေချစ်ခင်အားပေးတဲ့အချိန်မှာ သူမဟာ ဆယ်ကျော်သက်အရွယ်လေးပဲ ရှိပါသေးတယ်။

ညီမနှစ်ယောက် အောင်အောင်မြင်မြင်နဲ့ အနုပညာအလုပ်တွေမှာ လျှောက်လှမ်းခဲ့ပြီးနောက် အချိန်အတိုင်းအတာတစ်ခုထိ ခေတ္တ အနားယူသွားခဲ့တာပါ။ ဒီနောက်မှာတော့ အမဖြစ်သူ နှင်းဝတ်ရည်သောင်းဟာ နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေပြီး မအေးသောင်းကတော့ ပရိသတ်တွေရှေ့ကို တည်ငြိမ်းအေးချမ်းတဲ့အလှတစ်ခုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီနေ့မှာ တော့ မအေးသောင်းတစ်ယောက် သူမရဲ့ ငယ်စဉ်က ပုံရိပ်လေးတစ်ခုကို ဝေမျှခဲ့ပါတယ်။

အမှတ်တရ ပုံရိပ်လေးကို ” ၁၉၉၇ အသက် ၁၃ နှစ်တုန်းက အင်းယားလိတ်မှာ ဓာတ်ပုံဆရာ ကျော်သစ်လွင် ရိုက်ပေးထားတာ။ မြန်မာနိုင်ငံရဲ့ပထမဆုံး L’Oréal Fashion Show ဆရာ John Lwin ဦးစီးပြီး Sedona မှာ လုပ်ခဲ့တာ။ အဲ့ပွဲအတွက်ဒီ ဆံပင်ဆိုးခဲ့တာ အမှတ်တရပါပဲ။ နောက်အမှတ်တရ တခုကတော့ ညီမ ၃ ယောက်လုံးအတူတူစလျောက်ဖူးတဲ့ show လေးပေါ့။ အငယ်ဆုံးမလေးက (၁) တန်း။ ကိုယ့်ရဲ့တတိယမြောက်ပွဲ။ ပုံလေးပို့ပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးပါ။ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)

အသက္ (၁၃) ႏွစ္ မတိုင္ခင္ကတည္းက အႏုပညာအလုပ္ေတြလုပ္ခဲ့တဲ့အေၾကာင္း ေျပာျပလာတဲ့ မေအးေသာင္း

လက္ရွိမွာ အသက္ (၃၆) ႏွစ္ ရွိေနၿပီျဖစ္တဲ့ မေအးေသာင္းကိုေတာ့ အားလုံးက လက္ရွိ အသက္ထက္ ပိုတယ္လို႔ ထင္ေၾကးအမ်ိဳး nမ်ိဳးေပးေနခဲ့ၾကပါတယ္။ အမွန္တကယ္ေတာ့ မေအးေသာင္းဟာ (၇) တန္း ႏွစ္ကတည္းက အႏုပညာအလုပ္ေတြ လုပ္ ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြခ်စ္ခင္အားေပးတဲ့အခ်ိန္မွာ သူမဟာ ဆယ္ေက်ာ္သက္အ႐ြယ္ေလးပဲ ရွိပါေသးတယ္။

ညီမႏွစ္ေယာက္ ေအာင္ေအာင္ျမင္ျမင္နဲ႔ အႏုပညာအလုပ္ေတြမွာ ေလွ်ာက္လွမ္းခဲ့ၿပီးေနာက္ အခ်ိန္အတိုင္းအတာတစ္ခုထိ ေခတၱအနားယူသြားခဲ့တာပါ။ ဒီေနာက္မွာေတာ့ အမျဖစ္သူ ႏွင္းဝတ္ရည္ေသာင္းဟာ ႏိုင္ငံရပ္ျခားမွာအလုပ္လုပ္ေနၿပီး မေအးေသာင္းကေတာ့ ပရိသတ္ေတြေရွ႕ကို တည္ၿငိမ္းေအးခ်မ္းတဲ့အလွတစ္ခုနဲ႔ ျပန္ေရာက္လာခဲ့ပါတယ္။ ဒီေန႔မွာ ေတာ့ မေအးေသာင္းတစ္ေယာက္ သူမရဲ႕ငယ္စဥ္က ပုံရိပ္ေလးတစ္ခုကို ေဝမွ်ခဲ့ပါတယ္။

အမွတ္တရ ပုံရိပ္ေလးကို ” ၁၉၉၇ အသက္ ၁၃ ႏွစ္တုန္းက အင္းယားလိတ္မွာ ဓာတ္ပုံဆရာ ေက်ာ္သစ္လြင္ ႐ိုက္ေပးထားတာ။ ျမန္မာႏိုင္ငံ ရဲ႕ပထမဆုံး L’Oréal Fashion Show ဆရာ John Lwin ဦးစီးၿပီး Sedona မွာ လုပ္ခဲ့တာ။ အဲ့ပြဲအတြက္ဒီ ဆံပင္ဆိုးခဲ့တာ အမွတ္တရပါပဲ။ ေနာက္အမွတ္တရ တခုကေတာ့ ညီမ ၃ ေယာက္လုံးအတူတူစေလ်ာက္ဖူးတဲ့ show ေလးေပါ့။ အငယ္ဆုံးမေလးက (၁) တန္း။ ကိုယ့္ရဲ႕ တတိယေျမာက္ပြဲ။ ပုံေလးပို႔ေပးတဲ့ ညီမေလးကိုလည္း ေက်းဇူးပါ။ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Aye Thaung